စက်ဘီးစစီးသင့်တဲ့ အကြောင်းရင်း ၅ ခုကတော့ စက်ဘီးစီးခြင်းက
၁. လောင်စာဆီသုံးစွဲခြင်းမရှိလို့ CO2 ထုတ်လွှတ်မို့ မရှိတာမို့ စိမ်းလန်းသောဝန်းကျင် ဖြ
စ်ဖို့ အားပေးပါတယ်...
၂. သင့် ပေါင်၊ ခြေသလုံး၊ တင်ပါး ကြွက်သားတွေသာမက ခန္ဓာကိုယ် အပေါ်ပိုင်းကိုပါ ကြံ့ခိုင်သန်မာစေပါတယ် ...
၃. သင့်ခွန်အားကို ၂၀% မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းလျမှုကို ၆၅% လျော့ချပေးပါတယ်...
၎. ပြေးခြင်းနဲ့ တခြားအားကစားတွေလို အဆစ်အမြစ်တွေ နာကျင်ပြတ်တာမျိုး နည်းပါတယ်...
၅. အလုပ်ကိုသွားရင်း စက်ဘီးစီးအားကစားလုပ်နိုင်တာမို့ အချိန်သက်သက်ပေးဖို့ မလိုပါဘူး
၁. လောင်စာဆီသုံးစွဲခြင်းမရှိလ
စ်ဖို့ အားပေးပါတယ်...
၂. သင့် ပေါင်၊ ခြေသလုံး၊ တင်ပါး ကြွက်သားတွေသာမက ခန္ဓာကိုယ် အပေါ်ပိုင်းကိုပါ ကြံ့ခိုင်သန်မာစေပါတယ် ...
၃. သင့်ခွန်အားကို ၂၀% မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းလျမှုကို ၆၅% လျော့ချပေးပါတယ်...
၎. ပြေးခြင်းနဲ့ တခြားအားကစားတွေလို အဆစ်အမြစ်တွေ နာကျင်ပြတ်တာမျိုး နည်းပါတယ်...
၅. အလုပ်ကိုသွားရင်း စက်ဘီးစီးအားကစားလုပ်နိုင်တ
ဒိန်းမတ်နိုင်ငံ ကိုပန်ဟေဂန်မြို့ရဲ့ သိရှိဖွယ်ရာ အချက်လေးပါ...
* နိုင်ငံသားတွေရဲ့ ၉၀% က စက်ဘီးကိုယ်စီ ရှိကြပါတယ်...
* နိုင်ငံသားတွေရဲ့ ၂၉% သာ ကားပိုင်ဆိုင်ကြပါတယ်...
* ၄၀% က သူတို့ နေ့စဉ်သွားလာမှုမှာ စက်ဘီးကို အသုံးပြုကြပါတယ်...
ဒီအချက်တွေကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှုကို ခန့်မှန်းခြေ တန် ၉၀၀၀၀ လောက် နှစ်စဉ် လျော့ချပေးပါတယ်...

စက်ဘီးစစီးမယ်ဆို
စစဉ်းစားရမှာက သင်ဘာရည်ရွယ်ချက်နဲ့ စက်ဘီးစီးမှာလဲဆိုတာပါ...
အစီးအများဆုံးစက်ဘီး ၂ မျိုးကတော့ Road Bike နဲ့ Moutain Bike ပါ...
Road bike ကတော့ မြို့တွင်း လမ်း၊ ပလက်ဖောင်းတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး Mountain bike ကတော့ ရွှံ့နွံ၊ တောတောင်လမ်းတွေ အတွက်သာမက မြို့တွင်းလမ်းတွေအတွက်ပါ စီးလို့ရပါတယ်...
Road bike မြန်မြန်စီးဖို့ ရည်ရွယ်တာမို့ ပော့ပားဖို့ တာယာက သေးသွယ်ပြီး Mountain bike ကတော့ အဆင်းအတက် ရွှံ့နွံလမ်းတွေအတွက် တာယာအလုံးကျယ်ပြီးပိုကြီးမှာပါ...
လက်ကိုင်ပုံစံမှာလည်း Road bike က ပြိုင်ပွဲစီးနင်းသူတွေအတွက်
လေခွဲအားအတွက် ပိုမိုနမ့်သော လက်ကိုင်ပုံစံပါရှိပြီး Mountain bike ကတော့
အနိမ့်အမြင့် အတက်အဆင်းတောလမ်းတွေအတွက် ပုံစံထုတ်ထားတာပါ...
ပြိုင်ပွဲစီးနဲ့ ပုံမှန်စီးသူတွေအတွက် road bike က သင့်တော်ပြီး သဘာဝဝန်းကျင်လေ့လာရင်းစီးသူ နဲ့ စွန့်စားချင်သူတွေအတွက် moutain bike က ပိုသင့်တော်ပါတယ်...
Road bike ကတော့ မြို့တွင်း လမ်း၊ ပလက်ဖောင်းတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး Mountain bike ကတော့ ရွှံ့နွံ၊ တောတောင်လမ်းတွေ အတွက်သာမက မြို့တွင်းလမ်းတွေအတွက်ပါ စီးလို့ရပါတယ်...
Road bike မြန်မြန်စီးဖို့ ရည်ရွယ်တာမို့ ပော့ပားဖို့ တာယာက သေးသွယ်ပြီး Mountain bike ကတော့ အဆင်းအတက် ရွှံ့နွံလမ်းတွေအတွက် တာယာအလုံးကျယ်ပြီးပိုကြီးမှ
လက်ကိုင်ပုံစံမှာလည်း Road bike က ပြိုင်ပွဲစီးနင်းသူတွေအတွက်
ပြိုင်ပွဲစီးနဲ့ ပုံမှန်စီးသူတွေအတွက် road bike က သင့်တော်ပြီး သဘာဝဝန်းကျင်လေ့လာရင်းစီးသူ
နောက်ထပ် စက်ဘီးအမျိုးအစား ၂ မျိုးက Fixed- gear နဲ့ Hybrid ပါ...
Fixed-gear ကတော့ ဂီယာတစ်ချက်ထဲမို့ ဂီယာပြောင်းလို့ မရဘဲ မြို့ပေါ်လမ်းတွေမှာ စီးဖို့နဲ့ ပြုပြင်ရသက်သာဖို့ ရှင်းလင်းစွာထုတ်ထားတာပါ..
Hybrid ကတော့ moutain bike လောက်လည်း တာယာမကြီးဘဲ မြို့တွင်းလမ်းရော သာမန် တောလမ်းရော စီးလို့ရအောင် ပုံစံထုတ်ထားတာပါ... နေ့စဉ်စီးနင်းမှုရော၊ ကမ်းခြေအပါအဝင် ဝါသနာအရ စီးနင်းမှုတွေ အတွက်ရော သင့်တော်ပါတယ်...

ရေကူး၊
အပြေး၊ စက်ဘီးစီး ၃ မျိုးပေါင်း ယှဉ်ပြိုင်ရတဲ့ အားကစားအတွက်
ထုတ်ထားတာဖြစ်ပါတယ်... ကျဉ်းမြောင်း ပေါ့ပါး ချောမွေ့တဲ့ တာယာ၊
ဖြောင့်တန်းတဲ့ လက်ကိုင်တွေ၊ ဘရိတ်ဖမ်းရ ခက်ခဲပြီး
ပုံမှန်လမ်းတွေအတွက်သာရည်ရွ ယ် ပုံစံထုတ်ထားတာပါ... တကယ့် triathlon အားကစားသမားတွေ အတွက်ပါ...
စက်ဘီးဝယ်တော့မယ်တော့မယ်ဆို ရင်တော့
ဆိုင်ကြီးတွေကို တန်းမသွားသေးဘဲ အတွေ့အကြုံရှိ စက်ဘီးစီးသူတွေရဲ့
အကြံပြုချက်၊ online ပေါ်မ မှတ်ချက်တွေ လေ့လာပြီး နီးစပရာ စက်ဘီးဆိုင်လေးတွေ
အရင်သွားကြည့်သင့်ပါတယ်...
နိုင်ငံတကာစံနှုန်းတွေအရတော့ စစီးတဲ့ Entry Level စက်ဘီးတွေက ဒေါ်လာ ၂၀၀ နဲ့ ၅၀၀ ကြား ရှိပြီး အခြေခံ စတီး၊ အလူမီနမ် ကိုယ်ထည်၊ ဘီးတွေ တပ်ဆင်ထားတာပါ....
Mid Level စက်ဘီးတွေက ဒေါ်လာ ၅၀၀ နဲ့ ၁၀၀၀ ကြား ရှိပြီး ပိုမိုကောင်းမွန်တဲ့ စတီး၊ အလူမီနမ် အပြင် တခါတရံ ကာဗွန်ဖိုင်ဘာ ကိုယ်ထည်၊ ပိုမိုပေါ့ပါး ခိုင်မာတဲ့ ဘီးတွေ တပ်ဆင်ထားတာပါ....
Upper Level စက်ဘီးတွေက ဒေါ်လာ ၁၀၀၀ နဲ့ ၃၀၀၀ ကြား ရှိပြီး ကောင်းမွန်တဲ့ စတီး၊ အလူမီနမ်၊ ကာဗွန် ကိုယ်ထည်၊ ပေါ့ပါး ခိုင်မာဆုံး ဘီးတွေ တပ်ဆင်ထားတာပါ.... ပုံမှန်ကတော့ စက်ဘီးရူးသွပ်သူတွေနဲ့ ပြိုင်ပွဲဝင်တွေ အတွက်ပါ...
နိုင်ငံတကာစံနှုန်းတွေအရတော့

စက်ဘီးစီးရာမှာ
မရှိမဖြစ် ကာကွယ်ရန် အသုံးအဆောင်တွေကတော့ စက်ဘီးသော့၊ စက်ဘီးမီးနဲ့
ရောင်ပြန်များ နဲ့ စက်ဘီးစီး ဦးထုပ်တို့ ဖြစ်ပါတယ်...
စက်ဘီးစီးဦးထုပ်က မရှိမဖြစ် ဖြစ်ပြီး ခေါင်းထိခိုက် ဒဏ်ရာရမှုကို ၆၃ ကနေ ၈၈ % ထိ လျော့ချပေားတယ်... ခေါင်းအနေအထားနဲ့ လိုက်အောင် အလျော့အတင်းလုပ်နိုင်တဲ့ နောက်မှာလည်း တသားတည်းဖြစ် ရှေ့မှာလည်း မျက်ခုံးထက် ၁ လက်မလောက် ရှိတဲ့ စက်ဘီးစီးဦးထုပ်မျိုး ရွေးချယ်သင့်ပါတယ်...

တခြားပါဝင်သင့်တဲ့
အသုံးအဆောင်တွေကတော့ လေထိုးတံ၊ တာယာအပို၊ ဖုန်း၊ ဂွစတဲ့ အသုံးအအဆောင်တွေ
ထည့်ဖို့ စက်ဘီးအိတ်၊ ရေဗူး၊ မျက်မှန်၊ GPS ဒါမှမဟုတ် GPS ပါတဲ့ နာရီ နဲ့
လက်အိတ်တွေပါ...
အမြဲစီးမယ့်သူတွေကတော့ တင်ပါးနာသက်သာစေတဲ့ အခံပါတဲ့ ဆွဲသားဘောင်းဘီ၊ ခြောက်သွေ့လွယ်ပြီး ပေါ့ပါးတဲ့ စက်ဘီးစီးအင်္ကျီ၊ စက်ဘီးစီးဖိနပ်တွေပါ အသုံးပြုသင့်ပါတယ်...

အန္တရာယ်ကင်းစွာ စက်ဘီးစီးဖို့ဆိုရင်...
* မိမိစီးမယ့် ဒေသအလိုက် လမ်းစည်ကမ်းတွေကို လေ့လာပါ
* လမ်းစည်းကမ်းကိုလိုက်နာပါ
* စက်ဘီးလမ်းသီးသန့်မရှိခဲ့ရင် လမ်းဘေးဘက် ကပ်စီးပါ
* ဘရိတ်တွေကို အမြဲစစ်ဆေးပါ
* လမ်းပေါ်မှာ သင့်စက်ဘီးကို အန္တရာယ်ရှိစေမယ့်အရာအားလုံး ကို သတိရှိရှိ မျက်စိရှင်ရှင်ထား စီးနင်းပါ
* မှောင်တဲ့ အချိန် မြင်ကွင်းမရှင်းတဲ့ ရာသီဥတုမှာ မြင်သာတဲ့ အရောင်နဲ့ အဝတ်တွေ၊ ရောင်ပြန်တွေ ဝတ်ဆင်ပါ
* မိမိစီးမယ့် ဒေသအလိုက် လမ်းစည်ကမ်းတွေကို လေ့လာပါ
* လမ်းစည်းကမ်းကိုလိုက်နာပါ
* စက်ဘီးလမ်းသီးသန့်မရှိခဲ့ရင
* ဘရိတ်တွေကို အမြဲစစ်ဆေးပါ
* လမ်းပေါ်မှာ သင့်စက်ဘီးကို အန္တရာယ်ရှိစေမယ့်အရာအားလုံး
* မှောင်တဲ့ အချိန် မြင်ကွင်းမရှင်းတဲ့ ရာသီဥတုမှာ မြင်သာတဲ့ အရောင်နဲ့ အဝတ်တွေ၊ ရောင်ပြန်တွေ ဝတ်ဆင်ပါ
စက်ဘီး ကွေ့ဖို့ ရပ်ဖို့ ဆိုရင် အခြေခံ လက်အချက်ပြစနစ်တွေကို သိရှိနားလည် အသုံးချဖို့ လိုပါတယ်
ဒေသအလိုက် စက်ဘီးစီးသူတွေကြား သုံးနှုန်းတဲ့ ဗန်စကားတွေကိုလည်း နားလည်အောင်ကြိုးစားပါ...
အခြေခံ စက်ဘီးကြံ့ခိုင်ရေးကိုလဲ အမြဲစစ်ဆေးပါ...
* မိုင် ၁၀၀ စီးပြီးတိုင်း ချိန်းကို ဆီထည့်ပေးပါ... စိုဆွတ်တဲ့ ရာသီဆို ဒီ့ထက် အကြိမ်ရေ ပိုသင့်ပါတယ်...
* ဘရိတ်၊ ချိန်း၊ ဘီးနဲ့ တာယာတွေကို စက်ဘီးမစီးခင်တိုင်း စစ်ဆေးပါ...
* စက်ဘီးဆိုင်မှာ တစ်နှစ်တစ်ခါ အနည်းဆုံး အသေးစိတ်ပြန်စစ်ပါ... ချိန်းလဲတာ၊ ဆီထည့်တာ၊ ဂီယာကြိုးတွေ ပြန်ချိန်ညှိတာ၊ ကြိုးတွေ ဆီထည့်တာ၊ တာယာပြန်စစ်တာတွေ လုပ်သင့်ပါတယ်...

စက်ဘီးစီးခြင်းက အပြင်မှာစီးလို့ရသလို ရာသီဥတု မကောင်းတဲ့ ရက်တွေမှာ အားကစားရုံထဲမှာလည်း စီးလို့ရပါတယ်...
စစီးတဲ့ Beginner အဆင့်မှာတော့ ပုံမှန်အမြန်နှုန်းနဲ့ပဲ ၅ မိုင်ကနေ ၈ မိုင်ထိ တစ်ပါတ် စက်ဘီးစီးတာ အသားကျအောင် အကြိမ်ရေရသလောက် စီးသင့်ပါတယ်...
အလယ်အလတ်အဆင့်မှာ သွေးပူလေ့ကျင့်ခန်း ၁၅ မိနစ်လုပ်ပြီး ၃ မိနစ် အပြင်းအထန်စီး စက္ကန့် ၉၀ အားပြန်ယူ ပြန်စီးတာကို ၄ ကြိမ်ခန့် လုပ်သင့်ပါတယ်...
အဆင့်မြင့်အဆင့်မှာတော့ သွေးပူလေ့ကျင့်ခန်းလုပ် ပြိုင်ပွဲဝင်အရှိန်နှုန်းနဲ့ ၂၅ မိနစ်စီး ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့် သက်သက်သာသာ စီးတာမျိုး လုပ်သင့်ပါတယ်
စစီးတဲ့ Beginner အဆင့်မှာတော့ ပုံမှန်အမြန်နှုန်းနဲ့ပဲ ၅ မိုင်ကနေ ၈ မိုင်ထိ တစ်ပါတ် စက်ဘီးစီးတာ အသားကျအောင် အကြိမ်ရေရသလောက် စီးသင့်ပါတယ်...
အလယ်အလတ်အဆင့်မှာ သွေးပူလေ့ကျင့်ခန်း ၁၅ မိနစ်လုပ်ပြီး ၃ မိနစ် အပြင်းအထန်စီး စက္ကန့် ၉၀ အားပြန်ယူ ပြန်စီးတာကို ၄ ကြိမ်ခန့် လုပ်သင့်ပါတယ်...
အဆင့်မြင့်အဆင့်မှာတော့ သွေးပူလေ့ကျင့်ခန်းလုပ် ပြိုင်ပွဲဝင်အရှိန်နှုန်းနဲ့
အုပ်စုနဲ့ စက်ဘီးအတူစီးခြင်းက ခံနိုင်ရည် တိုးတက်စေပြီး ပိုပြီးစိတ်အား တက်ကြွစေပါတယ်...
ရှုခင်းကြည့်ရင်း ပျော်ရွှင်ဖွယ် စက်ဘီးစီးခရီးတွေ ရှာသင့်ပါတယ်...
ကုန်းတက် ကုန်းဆင်းတွေရှာပြီး အတက်အဆင်းလေ့ကျင့်ခန်းတွေ ၄ ကြိမ်ခန့် လုပ်သင့်ပါတယ်...
နောက်တဆင့်မှာ ၅ မိုင် စက်ဘီးစီး ၁ မိုင်ပြေး လေ့ကျင့်ခန်းကို ၂ ကြိမ်ကနေ ၃ ကြိမ် လုပ်သင့်ပါတယ်...

No comments:
Post a Comment