Friday, November 3, 2017

“လုပ်ထားရမယ့် SWOT analysis”

ခုခေတ်မှာတော့ SWOT analysis ဆိုတာက တော်တော်များများ ကြားဖူးပြီးသား စကားလုံးတစ်ခု ဖြစ်နေပါပြီ။ လုပ်ငန်းတစ်ခုပဲဖြစ်ဖြစ်၊ လူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်ရဲ့အားသာချက် (Strength)၊ အားနည်းချက် (Weakness)၊ အခွင့်အလမ်း (Opportunity) နဲ့ စိန်ခေါ်မှု (Threat) တွေကို သိထားဖို့ လိုပါတယ်။ ဒါမှလည်း အဲဒါတွေပေါ်မူတည်ပြီး ကိုယ်ဘာလုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်မှာ ဖြစ်တာကိုး။
အချက်(၄)ချက်ထဲမှာမှ အားသာချက်၊ အားနည်းချက်နှစ်ခုက ကိုယ်နဲ့တိုက်ရိုက်သက်ဆိုင်တဲ့ Internal factors တွေ ဖြစ်ပြီးတော့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေက ပြင်ပအခြေအနေ External factors တွေလို့ ပြောကြပါတယ်။
ခုပို့စ်မှာတော့ ဒီအချက်တွေကို ဆန်းစစ်တဲ့နေရာမှာ အလွယ်တကူမှတ်လို့ရတဲ့ Framework နှစ်ခုနဲ့ ရှင်းပြပါမယ်။
*Strength & Weakness*
ကိုယ့်အားသာချက်၊ အားနည်းချက်တွေကို PASKEC ဆိုတဲ့ အချက်(၆)ချက်နဲ့ စဉ်းစားကြည့်လို့ ရပါသတဲ့။
P – Physical (ရုပ်ပိုင်းဆိုင်ရာ)
ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေ၊ အကြမ်းခံနိုင်မှု၊ အပင်ပန်းခံနိုင်မှု၊ ဒါတွေကို သုံးသပ်စေချင်တာပါ။ လူဆိုတာက ဘယ်လောက်ပဲ တော်နေတတ်နေပါစေ၊ မကျန်းမာရင် အလုပ်မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့နေ့စဉ်ဘ၀မှာ ကျန်းမာဖို့အတွက် နေထိုင်စားသောက်ပုံ မှန်သလား၊ ကျန်းမာရေးအတွက် အချိန်ပေးဖြစ်နေရဲ့လား စဉ်းစားကြည့်လို့ ရပါတယ်။
A – Attitude (ခံယူချက်)
လူတစ်ယောက် အောင်မြင်မှာလား၊ ရှုံးနိမ့်မှာလား ဆိုတာကို အဓိက အဆုံးအဖြတ် ပေးတာ အဲဒီခံယူချက်ပါပဲ။ ကျွန်တော်တို့ဆီ ရောက်လာတဲ့အရာတွေကို ရွေးချယ်လို့ မရပါဘူး၊ အဲဒါတွေကို ဘယ်လိုတုံ့ပြန်မလဲဆိုတာသာ ရွေးချယ်လို့ရပါတယ်။ ဘ၀မှာ အင်မတန်သေချာတဲ့အရာနှစ်ခု ရှိသတဲ့။ တစ်ခုက သေဖို့နဲ့ နောက်တစ်ခုက ရှုံးနိမ့်ဖို့။ လူတိုင်းရှုံးနိမ့်ဖူးပါတယ်၊ အဲဒီထဲက တချို့ကတော့ အရှုံးဆိုတာ ကိုယ့်အတွက် အကောင်းဆုံးသင်ခန်းစာဆိုပြီး ရှေ့ဆက်ကြိုးစားလိုက်တာ အောင်မြင်သူတွေ ဖြစ်လာကြပါတယ်။ အများစုကတော့ တော်ပါပြီဆိုပြီး လက်လျှော့ရင်း ခုနကလူတွေကို အားကျနေကြရတယ်။
ကွာခြားမှုက တစ်ခုတည်းပါပဲ၊ အဲဒါဟာ Attitude ဆိုတဲ့ ခံယူချက်ပါ။
S – Skill (ကျွမ်းကျင်မှု)
ဒါကိုတော့ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်လို့ ရပါတယ်။ လွယ်လွယ်ကူကူ Hard skill နဲ့ soft skill ဆိုပြီး ခွဲပါ့မယ်။
သက်ဆိုင်ရာလုပ်ငန်းနဲ့ပတ်သက်တဲ့ ကျွမ်းကျင်မှု ရှိသလား၊ ဒါဆို Hard skill ပြည့်စုံပါတယ်။
Soft skill ဆိုတာကတော့ EQ မြင့်မမြင့်ကို ဆိုလိုတာပါ။ ကိုယ့်ခံစားချက်တွေကို ဘယ်လောက်ထိန်းချုပ်နိုင်သလဲ၊ ဘယ်လောက်ထိ စိတ်အားထက်သန်မှု ရှိသလဲ၊ ကိုယ်ချင်းစာတတ်သလဲ စတဲ့ စိတ်ဓါတ်အရည်အသွေးတွေ အားကောင်းမကောင်း ဆန်းစစ်ကြည့်လို့ရပါတယ်။
K – Knowledge (ပညာ)
ဒီဘက်ခေတ်မှာတော့ Knowledge ကို ပညာလို့ပဲ ပြောနေကြပါပြီ။ စာအုပ်ဖတ်လိုက်တယ်၊ ဖေ့စ်ဘွတ်ကြည့်လိုက်တယ်၊ ဒါတွေဟာ သတင်းအချက်အလက် (Information) တွေပါ၊ ပညာမဟုတ်သေးပါဘူး။ ဒါတွေကို ကိုယ့်အတွေ့အကြုံ၊ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ သုံးသပ်လိုက်တော့မှ ပညာအဆင့်ကို ရောက်ပါတယ်။ စာဖတ်သူတိုင်း မအောင်မြင်ကြဘူးဆိုတာ ဒါကြောင့်ပါ။ သတင်းအချက်အလက် အဆင့်မှာ ရပ်မနေကြဖို့ လိုပါတယ်။
E – Experience (အတွေ့အကြုံ)
အတွေ့အကြုံဆိုတာ တကယ်တော့ ပညာရဲ့အစိတ်အပိုင်းတစ်ရပ်လို့ ပြောရင်လည်း မမှားပါဘူး။ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ငါ ပြီးခဲ့တဲ့တစ်နှစ်အတွင်း အကြီးမားဆုံးရခဲ့တဲ့ သင်ခန်းစာ (၃)ခုက ဘာတွေလဲ လို့။ ရုတ်တရက် မဖြေနိုင်ပါဘူး။ ဘာလို့ဆိုတော့ ကျွန်တော်တို့က ဖြစ်တုန်းခဏပဲ သွေးပူလိုက်ကြတာကိုး။ ပြီးရင်မေ့မေ့ပျောက်ပျောက်ပဲ။ အဲဒါကပဲ ကျွန်တော်တို့တွေ တူညီသော အမှားတစ်ခုကို ထပ်ကာထပ်ကာ လုပ်မိကြခြင်းရဲ့ အကြောင်းရင်းတစ်ခု ဖြစ်လာတော့တာပါ။
C – Capacity (လုပ်ဆောင်နိုင်စွမ်း)
အပေါ်မှာ ပြောခဲ့ပြီးတဲ့ ပညာ၊ ကျွမ်းကျင်မှု၊ စတာတွေအပြင် နောက်ထပ် ထပ်ထည့်ချင်တာတစ်ခုက Power ပါ။ ဘယ်နယ်ပယ်မှာမဆို အောင်မြင်နေတဲ့သူတွေ ကြည့်လိုက်ပါ။ မနက်ဆို ၉နာရီလောက်မှ အေးဆေးထ၊ နေ့ခင်းဆို တစ်ရေးပြန်အိပ်၊ ညဆို စောစောအိပ်ရာဝင်၊ တော်ကြာ အပန်းဖြေလိုက်၊ နည်းနည်းနေမကောင်းတာနဲ့ ခွင့်ယူလိုက်၊ လုပ်နေကြတဲ့သူတွေ မဟုတ်ပါဘူး။ တစ်နေ့အိပ်ချိန်နည်းနည်းနဲ့ အလုပ်ကို ဇယ်ဆက်သလို လုပ်နေကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အောင်မြင်ချင်တဲ့သူတစ်ယောက်ဟာ အလုပ်လုပ်နိုင်စွမ်းပါဝါ မြင့်ဖို့လည်း လိုပါသေးတယ်။
ကိုယ့်ရဲအားသာချက်၊ အားနည်းချက်တွေကို စဉ်းစားတဲ့အခါမှာ ခုပြောခဲ့တဲ့ ကဏ္ဍ(၆)ခုကို တည်ပြီး စဉ်းစားကြည့်လို့ ရပါတယ်။ ပြီးရင်တော့ ကိုယ့်အားသာချက်တွေကို ဆက်ထိန်းပြီး အားနည်းချက်တွေကို တတ်နိုင်သမျှ နည်းလာအောင် ကြိုးစားကြရတော့မှာပေါ့။
*Opportunity & Threat*
နောက်တစ်ခုကတော့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှု။ ဒါတွေကတော့ ပြင်ပအကြောင်းအရာများပေါ့။ သူ့ကိုတော့ PEST နဲ့ အခြေခံ စဉ်းစားကြည့်ပါ။
P – Politic (နိုင်ငံရေး)
ခုလို လူထုကတင်မြှောက်တဲ့ အစိုးရတက်လာပြီ၊ ဘာတွေအကျိုးကျေးဇူး ရှိလာနိုင်သလဲ၊ ဒီအတွက် ငါ ဘာတွေပြင်ဆင်ထားရမလဲ။ ကိုယ့်နိုင်ငံမှာမှ မဟုတ်ဘူး၊ ဗြိတိန်က EU ကနေ ထွက်သွားရင် ဘာတွေဖြစ်လာနိုင်သလဲ၊ အမေရိကန်သမ္မတရွေးကောက်ပွဲအနေအထား စသဖြင့် Political awareness ရှိထားဖို့ လိုပါတယ်။ နိုင်ငံရေးနဲ့ တစ်ဆက်တည်းပါလာမှာက ဥပဒေရေးရာပေါ့။ ကိုယ့်နိုင်ငံမှာ ဘာဥပဒေအသစ်တွေ ပြဌာန်းလိုက်ပြီး ဘယ်ဥပဒေတွေကို ဖျက်သိမ်းလိုက်သလဲ။ အကုန်လုံးမဟုတ်တောင် ကိုယ့်အလုပ်နဲ့သက်ဆိုင်တာလေးတွေကိုတော့ မျက်ခြည်မပြတ်ကြဖို့ လိုပါတယ်။
E – Economic (စီးပွါးရေး)
ကိုယ့်နိုင်ငံရဲ့ စီးပွါးရေးဖွံ့ဖြိုးမှုက ဘယ်လိုအခြေအနေရှိသလဲ၊ ဒီအပေါ်မှာ ကိုယ်ဘာတွေပြောင်းလဲဖို့ လိုမလဲ၊ ကိုယ်ဘယ်လိုလုပ်ငန်းမျိုး လုပ်သင့်သလဲ၊ ဘယ်လိုအလုပ်အကိုင်မျိုးကို ရွေးချယ်သင့်သလဲ စတာတွေကို ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
S – Social (လူမှုရေး)
ဥပမာဆိုရင် ဒီခေတ်မှာ ဖုန်းတွေပေါလာတယ်၊ အင်တာနက်လွယ်လွယ်ကူကူ သုံးလို့ရလာတယ်၊ ဖေ့စ်ဘွတ်က အရမ်းကိုတွင်ကျယ်နေတယ်။ ဒီအခါမှာ ဖေ့စ်ဘွတ်ကတစ်ဆင့် စီးပွါးရေး လုပ်လို့ရလာတယ်၊ ကြော်ငြာလို့ရလာတယ်၊ စာတွေရေးရင်း စာရေးဆရာဖြစ်ကုန်သူတွေလည်း ရှိလာပြီ။ ဒါတွေကတော့ အခွင့်အလမ်းပေါ့။
T – Technological (နည်းပညာ)
နည်းပညာတွေ ခေတ်စားလာတယ်။ ဒီအခါမှာ ဘာတွေကောင်းလာသလဲ၊ အဆက်အသွယ်တွေ ကောင်းလာတယ်။ သင်ယူလို့ရတာတွေ အများကြီး လက်လှမ်းမီလာတယ်။ စိန်ခေါ်မှုက ဘာလဲဆိုတော့ အပြိုင်အဆိုင် အရမ်းများလာတာပဲ။ ကမ္ဘာပြားပြီ ဆိုသလို အင်တာနက်က ကမ္ဘာကို ချုံ့ပစ်လိုက်တော့ အရင်လို ကိုယ့်မြန်မာတွေချည်း သီးသန့်နေမရတော့ဘူး။ ကိုယ့်အချင်းချင်းပဲ ပြိုင်နေလို့ မရတော့ဘူး။ ပြိုင်ဆိုင်မှုက ပြင်းထန်လာတယ်။
ဒါတွေကတော့ ပြင်ပမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ် မူတည်ပြီး ဘယ်လိုအခွင့်အလမ်းတွေတော့ ရှိတယ်၊ ဘယ်လိုစိန်ခေါ်မှုတွေတော့ ကြုံရနိုင်တယ်ဆိုတာမျိုး သုံးသပ်လိုက်တာပါ။
*ဘယ်သူ့ခေတ်လဲ*
ခုခေတ်ဟာ Vision ရှိတဲ့သူတွေ ကြီးစိုးတဲ့ခေတ်ပါ။ တစ်နေ့ လူတိုင်းရဲ့စားပွဲပေါ်မှာ ကွန်ပျူတာတွေ ရှိနေလိမ့်မယ် ဆိုတဲ့ Vision က ဘီလ်ဂိတ်စ်ကို ကမ္ဘာ့နံပါတ်တစ် သူဌေးတစ်ယောက် ဖြစ်လာစေခဲ့တာပါ။ ဒါကြောင့် ပြင်ပအခြေအနေတွေကို PEST နဲ့ သုံးသပ်၊ ဘာအခွင့်အလမ်းတွေ ရှိသလဲ၊ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနိုင်သလဲ၊ ပြီးရင် ကိုယ့်ကိုယ်ကိုယ် PASKEC နဲ့ ပြန်သုံးသပ်၊ ငါ့ရဲ့ ဘယ်အားသာချက်ကို သုံးပြီး ဒီအခွင့်အလမ်းတွေကို အသုံးချနိုင်မလဲ၊ စိန်ခေါ်မှုတွေကို ကျော်ဖြတ်နိုင်အောင် ငါ့ရဲ့ ဘယ်အားနည်းချက်တွေကိုတော့ ပြင်ဆင်ဖို့ လိုမလဲ
ဒါတွေကို စဉ်းစားပြင်ဆင်ပြီး အနာဂတ်အတွက် အကောင်းဆုံးအစီအစဉ်တွေ ချမှတ်နိုင်ကြစေချင်ပါတယ်။
Fail to plan, Plan to fail တဲ့။ အစီအစဉ်ဆွဲဖို့ ပျက်ကွက်ခြင်းဟာ ရှုံးနိမ့်ဖို့အတွက် ပြင်ဆင်နေခြင်းပါပဲ။
ဒေါက်တာဖြိုးသီဟ

မြန်မာစကားပုံများ (က မှ အ ထိ)




၁. “ကြက်ကန်း ဆန်အိုးတိုး”
၂. “ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ”
၃. “ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရ”
၎. “ကိုယ်ထင် ကုတင်ရွှေနန်း”
၅. “ကျွဲပါး စောင်းတီး”
၆. “ကတုံးပေါ် ထိပ်ကွက်”
၇. “ကျေးဇူးရှိမှ ကျေးစွပ်”
၈. “ကြမ်းကျွံရင် နှုတ်ရ..စကားကျွံရင် နှုတ်မရ”
၉. “ကျန်းမာခြင်းသည်..လဘ်တစ်ပါး”
၁၀. “ကြက်တူရွေးကတော်တော်...မယ်ဘော်က..ကဲ”
၁၁. “ကျူပင်ခုတ်..ကျူငုတ်ပါမကျန်”
၁၂. ကျားဆရာကြောင်...ကြောင်ဆရာကြွက်”
၁၃. “ကြွက်မနိုင်..ကျီမီးနဲ့ရှို့”
၁၄. “ကျီစားသန်က..ရန်များ၏”
၁၅. “က ရိုး မက ဆန်း၍က နှပ်ပစ်ခံရ”
၁၆. “ကျားကြောက်လို့...ရှင်ကြီးကိုး..ရှင်ကြီး.ကျားထက်
ဆိုး”
၁၇. “ကံကိုယုံတော့..စုံလုံးကန်း”
၁၈. “ကျော်တော့..လှေသူကြီး...ညားတော့..လှေထိုးသ
ား”
၁၉. “ကံကိုယုံပြီး...ဆူးပုံနင်း”
၂၀. “ကျားရှေ့...မှောက်ရက်လဲ”
၂၁. “ကြာကြာဝါးမှ..ခါးမှန်းသိ”
၂၂. “ကြာကြာဝါးမယ့်သွား...အရိုးကြည့်ရှောင်”
၂၃. “ကျားကြီး..ခြေရာကြီး”
၂၄. “ကံဆိုးမသွားရာ...မိုးလိုက်လို့ရွာ”
၂၅. “ကြွေတစ်လှည့်...ကြက်တစ်ခုန်”
၂၆. “ကြောင်သူတော်..ကြွက်သူခိုး”
၂၇. “ကျောသားကလည်းသား...ရင်သားကလည်းသား

၂၈. “ကြွက်သေတစ်ခု....အရင်းပြု”
၂၉. “ကုသိုလ်တစ်ပဲ...ငရဲတစ်ပိဿာ”
၃၀. “ကုလားမနိုင်....ရခိုင်မဲ”
၃၁. “ကြောက်ရင်လာဘ်လွဲ...ရဲလျှင်မင်းဖြစ်”
၃၂. “ကွန်တစ်ချက်....ဟင်းတစ်ခွက်”
၃၃. “ကြောင်အိုတော့...ကြွက်မလေး”
၃၄. “ကြိုက်မရှက်...ငိုက်မရှက်”
၃၅. “ကျင်ကြီးစွန့်ရာ...ကျင်ငယ်ပါ”
၃၆. “ကြောင်ကဲ့သို့.ကျင့်လေ..ညောင်ကဲ့သို့..ကျင့်လေ”
၃၇. “ကောက်သော်..စားမလောက်...ဖြောင့်သော်..စား
မနိုင်”
၃၈. “ကိုယ်ကောင်းရင်..ခေါင်းမရွေ့”
၃၉. “ကချင်ရက်...လက်ကျိုး”
၄၀. “ကံသာလျှင်အမိ..ကံသာလျှင်အဖ”
၄၁. “ကျည်ပွေ့ကောင်းလို့..ဆန်ဖြူ”
၄၂. “ကင်းခြေများ.ခြေတစ်ချောင်းကျိုး၍..အသွားမပျက်”
၄၃. “ကျားရဲလည်းသေ...တောလည်းကျေ”
၄၄. “ကြက်မ.တွန်လို့..မိုးမလင်း”
၄၅. “ကိုယ့်ဂုဏ်ကိုယ်ဖော်..မသူတော်ခုနစ်ပါး”
၄၆. “ကွမ်းသီးကြိုက်...တောင်ငူပို့”
၄၇. “ကိုယ့်ဒူး..ကိုယ်ချွန်”
၄၈. “ကြီးလျှင်မှီ..ငယ်လျှင်ချီ”
၄၉. “ကဆုန်.နယုန်..စွေ့စွေ့ခုန်”
၅၀. “ကျေးဇူးမတင်...-င်လှန်ပြ”
၅၁. “ကြပ်ပူထိုးလေ ရောင်လေ”
၅၂. “ကြက်မတွန်၍ မိုးမလင်း၊ ကြက်ဖတွန်မှ မိုးလင်းသ
ည်”
၅၃. “ကိုယ်ဖြစ်.ကိုယ်ခံ”
၅၄. “ကုလားသိုက်...ကျားဝင်ကိုက်”
၅၅. “ကျီးကြည့်...ကြောင်ကြည့်”
၅၆. “ကြက်ကြော်မကြိုက်တဲ့....လူမိုက်”
၅၇. “ကြောင်မရှိ....ကြွက်ထ”
၅၈. “ကလေးကျမှ.လှေခါးထောင်....ရန်သူပြန်မှ..ဒူးေ
လးပြင်”
၅၉. “ကြိုက်မရှက်....ငိုက်မရှက်...ငတ်မရှက်”
၆၀. “ကြိုးကြာဆို....ဘာငှက်လဲမေး”
၆၁. “ကံကောင်းရင် တစ်ချက်....ကံမကောင်းရင် တစ်
သက်”
၆၂. “ကံသည် အလုပ်....အလုပ်သည် ကံ”
၆၃. “ကုန်းပေါ်ရောက်မှ....ရေမမွန်းစေနှင့်”
၆၄. “ကိစ္စများမြောင်....လူတို့ဘောင်”

၁. “ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”
၂. “ခွေးလေးရောဝင် ပါးလျက်နားလျက်”
၃. “ခေါင်းတစ်လုံးနဲ့..အိုးနှစ်လုံးမရွက်နိုင်”
၎. “ချွေးထွက်များမှ...သွေးထွက်နည်းမည်”
၅. “ခလုတ်ထိမှ...အမိတ”
၆. “ခုစာကလေးကြော်...ခုဆီထမင်း”
၇. “ခွေးမြီးကောက်....ကျည်တောက်စွပ်”
၈. “ချစ်ခြင်းအစ...မျက်စိက”
၉. “ချက်ဆို...နားခွက်က...မီးတောက်”
၁၀. “ခဲလေသမျှ......သဲရေကျ”
၁၁. “ခရုခါးတောင်းကျိုက်ဖမ်း”
၁၂. “ခါချဉ်ကောင်မာန်ကြီးလို့..တောင်ကြီးဖြိုမယ်ကြံ...
ခါးကမသန်”
၁၃. “ချောင်းကိုပစ်၍...မြစ်ကိုရှာ”
၁၄. “ခိုးစားတော့ခွေးဟောင်...လယ်လုပ်တော့မိုးခေါင်”
၁၅. “ခဲတစ်လုံးနဲ့...ငှက်နှစ်ကောင်ပစ်”
၁၆. “ချစ်စကိုရှည်စေ..မုန်းစကိုတိုစေ”
၁၇. “ချစ်တိုင်းလည်းမညား...ညားတိုင်းလည်းမချစ်”
၁၈. “ချဉ်ချဉ်တူးတူး...မူးပြီးရော”
၁၉. “ခြေမ.မကောင်း.ခြေမ...လက်မ.မကောင်း..လက်
မ”
၂၀. “ခရမ်းသီးပိန်...ဓားတုံး”
၂၁. “ခြောက်ပစ်ကင်း...သဲလဲစင်”
၂၂. “ခွေးဟောင်တိုင်း..ထကြည့်လျှင်..အိပ်ရေးပျက်”
၂၃. “ခွေးရူးဖက်ကိုက်...ခွေးကောင်းနားရွက်ပျက်”
၂၄. “ချောင်းကြီးတော့....မြစ်ဖြစ်”
၂၅. “ချည်ပုဆိုးက..ပိုးပေါင်းချင်”
၂၆. “ချော့တစ်ခါ..ခြောက်တစ်လှည့်”
၂၇. “ခြောက်ပြော..မြှောက်ပြော”
၂၈. “ချီးမွမ်းခုနစ်ရက်..ကဲ့ရဲ့ခုနစ်ရက်”
၂၉. “ချော်လဲ..ရောထိုင်”
၃၀. “-ျီး..ပါခါနီးမှ....-ျီးခံတွင်းပေါက်ရှာ”
၃၁. “ခွေးဟောင်၍ တောင်ပို့မပြေး”
၃၂. “ခွေးဟောင်လို့...တောင်မရွေ့”
၃၃. “ခိုးစားမှ..လူမိ”
၃၄. “ခွေးရူးကောင်းစား...တစ်မွန်းတည့်”
၃၅. “ခုတ်ရာတစ်ခြား..ရှရာတစ်လွဲ”
၃၆. “ခြေမွှေးမီးမလောင်...လက်မွှေးမီးမလောင်”
၃၇. “ခေါင်ကမိုးမလုံလျှင်...တံစက်မြိတ်လည်း...မလုံနိုင်


၁. “ဂိုက်ကောင်း..ဆိုက်ကောင်း”

၁. “ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်”
၂. “ငါးပိနဲ့လောက်..ရွှေနဲ့ကျောက်”
၃. “ငိုချင်ရက်...လက်တို့”
၎. “ငွေမရှိ...စကားမတည်”

၁. “စကား စကား ပြောပါများ စကားထဲက ဇာတိပြ”
၂. “စကားနောက် တရားပါ”
၃. “စုပ်လဲဆူး..စားလဲရူး”
၎. “စည်းကမ်းသည်..လူ့တန်ဖိုး”
၅. “စိန်ကောင်းကျောက်ကောင်းရောင်းဝယ်ရာ...ဆေးရို
းသည်က ကန့်လန့်”
၆. “စားရမှာလဲ...သဲနဲ့တရှပ်ရှပ်..ပစ်ရမှာလဲ...အဆီနဲ့တ
ဝင်းဝင်း”
၇. “စိုင်ကော်လို့...ချုံပေါ်ရောက်”
၈. “စကားနည်း...ရန်စဲ..”
၉. “စီးတဲ့ရေ ဆယ်တဲ့ကန်သင်း...”
၁၀. “စစ်မရောက်ခင်..မြှားကုန်”
၁၁. “စလယ်ဝင်... -င်မမည်းခင်.ကွဲ”
၁၂. “စာအုပ်စာပေ..လူ့မိတ်ဆွေ”
၁၃. “စားပြီးအိပ်နေ...ဘိက္ခဝေ”
၁၄. “စားရကံကြုံတော့...မုတ်ဆိတ်ပျားစွဲ”
၁၅. “စကောလောက်မှ..စောက်မနက်”
၁၆. “စားတော့ပြုံးပြုံး..ယိုတော့ကုန်းကုန်း”
၁၇. “စိုပြီးသောလက်...မခြောက်စေနှင့်”
၁၈. “စိန်နားကပ်ရောင်ကြောင့်..ပါးပြောင်”
၁၉. “စစ်ရောက်မှ...မြှားချွန်”

၁. “ဆရာမပြ..နည်းမကျ”
၂. “ဆရာထက်..တပည့်လက်စောင်းထက်”
၃. “ဆင်သွားရင်.လမ်းဖြစ်တယ်”
၎. “ဆေးမင်ရည်စုတ်ထိုး...အိမ်ထောင်မှုဘုရားတည်”
၅. “ဆရာများ..သားသေ”
၆. “ဆင်ကျီစားရာ...ဆိတ်မခံသာ”
၇. “ဆင့်ပါးစပ်...နှမ်းပက်”
၈. “ဆင်ဖိုးထက်...ချွန်းဖိုးကကြီး”
၉. “ဆီကိုရေချိုး......ဆေးရိုးမီးလှုံ”
၁၀. “ဆန်စင်ရာ..ကျည်ပွေ့မလိုက်နိုင်”
၁၁. “ဆရာ့ထက်..သားတစ်လကြီး”
၁၂. “ဆင်ပြောင်ကြီး..အမြီးကျမှတစ်”
၁၃. “ဆင်သေကို..ဆိတ်သားရေနဲ့..မဖုံးနဲ့”
၁၄. “ဆုပ်လည်းစူး...စားလည်းရူး”
၁၅. “ဆပ်ပြာကောင်းလို့...ခေါင်းပေါင်းဖြူ”
၁၆. “ဆန္မရွိ...ေ-ာက္စားႀကီး”
၁၇. “ဆင်စွယ်မှန်..ပိုးမစား”
၁၈. “ဆန်တစ်အိတ်နဲ့...ဆိတ်တစ်ကောင်”
၁၉. “ဆပ်ပြာသည်..လင်ပျောက်”
၂၀. “ဆင်ဖြူတော်မှီပြီး...ကြံစုပ်”

၁. “ညားတိုင်းမချစ် ချစ်တိုင်းမညား”
၂. “ညောင်မြစ်တူး..ပုတ်သင်ဥပေါ်”
၃. “ညောင်စေ့လောက်လှူသော်လည်း..ညောင်ပင်ကြီး
လောက်ကုသိုလ်ရ”
၎. “ညောင်ဦးကမ်းပါးပြို....စမ္မာနဂိုက..နွားမပေါင်ကျိုး”

၁. “တောင်ကြီးဖ၀ါးအောက် လှိုင်းကြီးလှေအောက်”
၂. “တစ်ရွာမပြောင်း သူကောင်းမဖြစ်”
၃. “တလုတ်စားဖူး သူ့ကျေးဇူး”
၎. “တီးတိုးတီးတိုး သဖန်းပိုး”
၅. “တစ်ရွာ..တစ်ကျီဆောက်”
၆. “တပည့်မကောင်း ဆရာ့ခေါင်း”
၇. “တစ်နေ့တစ်လံ...ပုဂံဘယ်ရွေ့မလဲ”
၈. “တံငါနားနီး.တံငါ...မုဆိုးနားနီး.မုဆိုး”
၉. “တစ်လှေတည်းစီး..တစ်ခရီးတည်းသွား”
၁၀. “တုံးတိုက်တိုက်...ကျားကိုက်ကိုက်”
၁၁. “တရားမပျက်...ကျောင်းမခက်”
၁၂. “တစ်ယောက်စကား...တစ်ယောက်နား”
၁၃. “တစ်ခါသေဖူး...ပျဉ်ဖိုးနားလည်”
၁၄. “တောမီးလောင်....တောကြောင်လက်ခမောင်းခ
တ်”
၁၅. “တစ်ယောက်ဆိုတစ်ယောက်...ပိတောက်ဆို..ပိေ
တာက်”
၁၆. “တစ်ပင်လဲမူ..တစ်ပင်ထူ”
၁၇. “တစ်နွယ်ငင်...တစ်စင်ပါ”
၁၈. “တစ်မိပေါက်...တစ်ယောက်ထွန်း”
၁၉. “တောပြော..တောင်ပြော”
၂၀. “တပည့်လိမ္မာ...ဆရာအာပတ်လွတ်”
၂၁. “တစ်လ.ကိုးသီတင်း”
၂၂. “တိတ်တိတ်နေ..ထောင်တန်”
၂၃. “တပည့်မကောင်း..ဆရာ့ခေါင်း”
၂၄. “တစ်ခြုံကွယ်..တစ်မယ်မေ့”
၂၅. “တော်သလင်းနေ ပုစွန်သေ”
၂၆. “တောင်းတစ်လုံးနဲ့..အလုပ်မဖြစ်”
၂၇. “တောင်လဲရာ...မြက်ပြတ်”
၂၈. “တစ်တက်စားလည်း ကြက်သွန်....နှစ်တက်စားလ
ည်း ကြက်သွန်”
၂၉. “တတ်သည့်ပညာ...မနေသာ”
၃၀. “တောင်မှလာတဲ့မိုး....ဒေါင်ဒေါင်မြည်တဲ့အိုး”
၂၁. “တွေ့ရာသချို`င်္င်း....ဓားမဆိုင်း”
၂၂. “တောင်းဆိုး....ပလုံးဆိုးသာ....ပစ်ရိုးထုံးစံရှိ”

၁. “ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ”
၂. “ထောင်မြင်ရင် ရာစွန့်”
၃. “ထမင်းရည်ပူ..လျှာလွှဲ”
၎. “ထမင်းကြမ်းက..အငွေ့ထွက်ချင်”
၅. “ထန်းသီးကြွေခိုက်...ကျီးနင်းခိုက်”
၆. “ထီးဖြူ..ဖိနပ်ပါး”
၇. “ထောင်အပြင်..တန်းမရှိ”
၈. “ထိပ်ပေါက်မှ..ထိမှန်းသိ”
၉. “ထိုးမယ့်ဆင်...နောက်တစ်လှမ်းဆုတ်”
၁၀. “ထောင်တန်တဲ့စကား...ရယ်ပေါ့”
၁၁. “ထင်ပေါ်ရင်..စင်တော်ကကောက်”
၁၂. “ထင်းခွေမကြုံ..ရေခပ်ကြုံမယ်”
၁၃. “ထန်းရေမူး...ကျွဲခိုးပေါ်”
၁၄. “ထားရာနေ...စေရာသွား”
၁၅. “ထုံးလိုမွှေ..ရေလိုနှောက်”
၁၆. “ထုလေ.မာလေ..ငါးဖယ်တေ”
၁၇. “ထောင်နေတဲ့ ဒူး လဲတာထက်ဆိုး”
၁၈. “ထမင်းရည်ချောင်းစီး....မောင်းတီးလှူ”
၁၉. “ထွက်ပြီးသားဆင်စွယ်...ပြန်ဝင်ရိုးထုံးစံမရှိ”

၁. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”
၂. “နွားရှေ့ထွန်ကျူး”
၃. “နတ်ကရာ...ကျီးမော့”
၎. “နေရိပ်လို..နေပူကစောင့်”
၅. “နီးရာပေါင်..ပြေးကပ်”
၆. “နှုတ်တစ်ရာ စာတစ်လုံး”
၇. “နွားကွဲရင်....ကျားဆွဲ”
၈. “နဂိုရှိမှ...နဂိုင်းထွက်”
၉. “နောင်ခါလာ..နောင်ခါဈေး”
၁၀. “နတ်တို့ဖန်....ရေကန်အသင့်..ကြာအသင့်”
၁၁. “နီးရာဓား...ကြောက်ရတယ်”
၁၂. “နေသာသပ...လေညာက”
၁၃. “နွားသိုး.ကြိုးပြတ်...”
၁၄. “နဂါးမှန်းသိအောင်..အမောက်ထောင်”
၁၅. “နှမ်းတစ်စေ့နဲ့..ဆီမဖြစ်နိုင်”
၁၆. “နှုတ်ကြောင့်သေ၊ လက်ကြောင့်ကြေ”
၁၇. “နေတော့ချုံကြား...စိတ်နေဘုံဖျား”
၁၈. “နဂါးပြည်..နဂါး..ဂဠုန်ပြည်...ဂဠုန်”
၁၉. “နှုတ်ခမ်းပဲ့ချင်း...မီးမှုတ်”
၂၀. “နောက်လာတဲ့..မောင်ပုလဲ..ဒိုင်းဝန်ထက်ကဲ”
၂၁. “နောင်တဆိုတာ..နောင်မှရ”
၂၂. “နူရာဝဲစွဲ..လဲရာသူခိုးထောင်း”
၂၃. “နေပူတုန်း...စပါးလှန်း”
၂၄. “နဂါးတို့မျက်စောင်း..အကြောင်းသုံးပါးမရွေး”
၂၅. “နေတော့ပျဉ်ထောင်..စားတော့ချဉ်ပေါင်”
၂၆. “နှာရည်စိုရွှဲ...တပို့တွဲ”
၂၇. “နီးတကျက်ကျက်..ဝေးတသက်သက်”
၂၈. “နှမလင်နေ...မောင်ဖင်ကျိန်း”
၂၉. “နဖူးစာ...ရွာလည်”
၃၀. “နှာခေါင်း...ကျည်ပွေ့တွေ့”
၃၁. “နေသေးသပ...ချုံထဲက....ချိုသွေးလို့ တမြမြ”
၃၂. “နွားအို...မြက်နုကြိုက်”

၁. “ပညာရှိသတိဖြစ်ခဲ”
၂. “ပြောမှသိ ထိမှနာ သာမှနေ သေမှခင်”
၃. “ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းရတတ်တယ်၊
တစ်ရွာသားကို ရည်းစားလုပ်တော့.လွမ်းရတတ်တယ်”
၎. “ပညာရှာ ပမာသူဖုန်းစား”
၅. “ပညာရွှေအိုး လူမခိုး”
၆. “ပွဲပြီး မီးသေ”
၇. “ပိုနေမြဲ..ကျားနေမြဲ”
၈. “ပျော်ပျော်နေ သေခဲ”
၉. “ပေါက်ပင်..ဘာကြောင့်ကိုင်းရတယ်...”
၁၀. “ပြောတော့မိုး..ထိုးတော့မြေကြီး..”
၁၁. “ပျံလေတဲ့ငှက်ခါး...နားကာမှသိရမယ်”
၁၂. “ပျက်အစဉ်...ပြင်ခဏ”
၁၃. “ပွဲလန့်တုန်း.ဖျာခင်း”
၁၄. “ပြောတော့မူး..လူးတော့အိုင်”
၁၅. “ပျောက်သောသူရှာရင်တွေ့...သေသောသူကြာရ
င်မေ့”
၁၆. “ပျာသလောက်...ဖွဲမထွက်”
၁၇. “ပြဿနာ..မီးခွက်ထွန်းရှာ”
၁၈. “ပန်းသတင်း.လေညှင်းဆောင်..လူသတင်း.လူချင်း
ဆောင်”
၁၉. “ပညာရှိအမျက်..အပြင်မထွက်”
၂၀. “ပုလင်းတူ...ဘူးဆို့”
၂၁. “ပညာလို...အိုသည်မရှိ”
၂၂. “ပလိုင်းပေါက်နဲ့..ဖားကောက်”
၂၃. “ပိုးသာကုန်..မောင်ပုံစောင်းမတတ်”
၂၄. “ပုဆိုးခြုံထဲက..လက်သီးပြ”
၂၅. “ပါးစပ်က..ဘုရား.ဘုရား..လက်က..ကားယား.က
ားယား”
၂၆. “ပျားအုံကို..တုတ်နဲ့ထိုး”
၂၇. “ပုပ်လို့ပေါ်..ဟုတ်လို့ကျော်”
၂၈. “ပညာရဲရင့်...ပွဲလယ်တင့်”
၂၉. “ပြဒါးတစ်လမ်း...သံတစ်လမ်း”
၃၀. “ပန်းပဲသူကြီး...မီးပူမကင်းနိုင်”
၃၁. “ပေးတိုင်းလည်း..မယူနဲ့....ကျွေးတိုင်းလည်း...မစ
ားနဲ့..
၃၂. “ပျိုတိုင်းကြိုက်တဲ့...နှင်းဆီခိုင်”
၃၃. “ပဒိုင်းသီးလို....ဆုပ်လဲစူး...စားလဲရူး”
၃၄. “ပြည်ပန်းညိုချိုပါလျက်....ဆားခတ်မှ အရသာပျက်”
၃၅. “ပါးပုပ်၍..လက်ဝှက်သည်”
၃၆. “ပြဿနာမရှိ...ပြဿနာရှာ”
၃၇. “ပန်းထိမ်တတ်မတတ်..ဂဟေစပ်သက်သေ”
၃၈. “ပျားရည်နဲ့ဝမ်းချ”
၃၉. “ပြုသူအသစ်...ဖြစ်သူအဟောင်း”
၄၀. “ပွဲမ၀င်ခင်..အပြင်ကကျင်းပ”
၄၁. “ပို့မယ့်ပို့...ကူးတို့ရောက်အောင်ပို့..”
၄၂. “ပလီစိ...ချောက်ချက်”
၄၃. “ပါးစပ်ပါ..ရွာရောက်”
၄၄. “ပြောမယုံ...ကြုံဖူးမှ.သိ”
၄၅. “ပလူမွှေး..ပလူတောင်”
၄၆. “ပေါက်တဲ့ နဖူး မထူး”
၄၇. “ပိုးဖလံမျိုး...မီးကိုတိုး”
၄၈. “ပြောပြောပြီးပြီး..တီးတီးမြည်မြည်”
၄၉. “ပြန်မပြော....နားမထောင်”
၅၀. “ပုထုဇနော..ဥမ္မတကော”

၁. “ဖောင်စီးရင်း ရေငတ်”
၂. “ဖားတုလို့..ခရုခုန်..အိုင်ပျက်ရုံရှိမပေါ့”
၃. “ဖြစ်သမျှအကြောင်း..အကောင်း”
၎. “ဖွတ်မရ...ဓားမဆုံး”
၅. “ဖတ်ပေါ်ဆူးကျလဲ..ဖတ်ပေါက်...ဆူးပေါ်..ဖတ်ကျ
လဲ..ဖတ်ပေါက်”
၆. “ဖားအော်တာ..လူသိသော်လဲ..မြွေကိုက်တာ..လူမ
သိ”
၇. “ဖိုးသူတော်မျက်စိလည်လေ...ဆန်ရလေ”
၈. “-င်မနိုင်ဘဲ..ပဲကြီးဟင်းစား”
၉. “ဖွတ်ကျော..ပြာစု”
၁၀. “ဖိတ်ချင်းဖိတ်..ကိုယ့်အိတ်ထဲဖိတ်”
၁၁. “ဖိုးသူတော်လဲ..တောင်ဝှေးမထူနိုင်”
၁၂. “ဖောင်လှေစီးစီး..လှေကြီးရခိုင်”
၁၃. “ဖာတစ်လုံး..ခေါင်းကျား”

၁. “ဘနဖူး သိုက်တူးမယ့်သူ”
၂. “ဘူးကောင်းမှ စင်ခံ”
၃. “ဘမျိုး...ဘိုးတူ”

၁“မပြည့်တဲ့အိုး ဘောင်ဘင်ခတ်”
၂. “မိုးထိအောင် လှေကားထောင်”
၃. “မိန်းမတို့အိနြေ္ဒ..ရွှေပေးလို့မရ”
၎. “မေးပါများ..စကားရ”
၅. “မအိပ်မနေ..အသက်ရှည်”
၆. “မြွေမသေ..တုတ်မကျိုး”
၇. “မျက်နှာသာပေး...ရွှေရေးပန်းကန်တက်”
၈. “မသိလျှင်မေး...မစင်လျှင်ဆေး”
၉. “မ..ဘက်လိုက်တော့...မိုက်ဘက်ပါ”
၁၀. “မောင်တစ်ထမ်း....မယ်တစ်ရွက်”
၁၁. “မြင်းကမလှုပ်...ခုံကလှုပ်”
၁၂. “မစားရတဲ့အမဲ..သဲနဲ့ပက်”
၁၃. “မယားနေစ...ကြောင်သေမှ”
၁၄. “မီးများမီးနိုင်...ရေများရေနိုင်”
၁၅. “မချစ်သော်လည်း...အောင့်ကာနမ်း”
၁၆. “မြေနိမ့်ရာ...လှံစိုက်”
၁၇. “မိုးရွာတုန်း...ရေခံ”
၁၈. “မျက်နှာကြီးရာ..ဟင်းဖတ်ပါ”
၁၉. “မသိသူကျော်သွား...သိသူဖော်စား”
၂၀. “မြွေမြွေချင်း..ခြေမြင်”
၂၁. “မူးကို.မြစ်ထင်”
၂၂. “မျက်ကန်း..တစ္ဆေမကြောက်”
၂၃. “မယားဆို..ပျိုမှ..သမားဆို..အိုမှ”
၂၄. “မမှားသောရှေ့နေ...မသေသောဆေးသမား..မရှိ”
၂၅. “မျက်ဖြူစိုက်လေ...ဆရာကြိုက်လေ..”
၂၆. “မလို...ကူးတို့ခတောင်း”
၂၇. “မင်းနားတစ်ထောင်..မင်းမြှောက်တစ်သိန်း”
၂၈. “မျောက်ပြ..ဆန်တောင်း”
၂၉. “မကတတ်သော်....ဖျာကိုအပြစ်တင်”
၃၀. “မြွေပါလည်းဆုံး...သားလည်းဆုံး”
၃၁. “မည်းမည်းမြင်ရာ...ငါ့ယောက္ခမထန်းတောမလုပ်ချ
င်နဲ့”
၃၂. “မီးစတစ်မှုတ်...ရေတစ်မှုတ်”
၃၃. “မီးဝေး...ချိတ်မာ”
၃၄. “မြွေမကြောက်....ကင်းမကြောက်”
၃၅. “မောင်မောင်ဆိုလေ....ထီးရိုးရှည်”

၁. “ယုန်တောင်ပြေး..ခွေးမြောက်လိုက်”
၂. “ယုန်ကမတိုး..ပိုက်ကတိုး”
၃. “ယင်ကောင်မြင်တိုင်း..လေယာဉ်မထင်နဲ့”

၁. “ရည်းစားလူလု..အူနုကျွဲခတ်”
၂. “ရလေလိုလေ..အိုတစ္ဆေ”
၃. “ရိုးရိုးကျင့် မြင့်မြင့်ကြံ”
၎. “ရတာမလို..လိုတာမရ”
၅. “ရည်းစားတစ်ထောင်..လင်ကောင်းတစ်ယောက်”
၆. “ရာသီမသိ...ပန်းနဲ့ညှိ”
၇. “ရရစားစား..၀ါးဝါးမြိုမြို”
၈. “ရှိတန်ဆာ...မရှိဝမ်းစာ”
၉. "ရှိလျှင်တန်ဆာ၊ မရှိလျှင်ဝမ်းစာ"
၁၀. “ရွှေအကြောင်း..ဖယောင်းသက်သေ”
၁၁. “ရှဥ့်လည်းလျှောက်သာ..ပျားလည်းစွဲသာ”
၁၂. “ရွာနားကမြက်...ရွာနွားမစား”
၁၃. “ရာဇ၀တ်အိုး...တုတ်နဲ့ထိုး”
၁၄. “ရှမ်းကြိုက်ရင်..နွားချော”
၁၅. “ရတနာရှိရာ..ရတနာလာ”
၁၆. “ရေသာများ၍.ငါးမတွေ့”
၁၇. “ရှေ့နေငှားမှ...ထောင်လုံးလုံးကျ”
၁၈. “ရှေးထုံးလည်းမပယ်နဲ့...ဈေးသုံးလည်းမကြွယ်နဲ့”
၁၉. “ရေကြည်ရာ..မြက်နုရာ”
၂၀. “ရှာဖွေလေ..တွေ့ရှိလေ”
၂၁. “ရန်သူပြန်မှ..ဒူးလေးပြင်”
၂၂. “ရှားပင်အိုလေ...အနှစ်ပြည့်လေ”
၂၃. “ရယ်သောသူ...အသက်ရှည်၏”
၂၄. “ရာဇ၀တ်ဘေး..ပြေးမလွတ်”
၂၅. “ရေများရေနိုင်..မီးများမီးနိုင်”
၂၆. “ရန်ကိုရန်ချင်း..မတုံ့နှင်းနှင့်”
၂၇. “ရှင်နည်းရာ..အဂ္ဂလူထွက်”
၂၈. “ရှောင်လေဝေးဝေး..မူးယစ်ဆေး”
၂၉. “ရေစီးတစ်ခါ....ရေသာတစ်လှည့်”
၃၀. “ရှင်ဘုရင်တစ်ခါထွက်...ပဲကြီးတစ်လှေချက်”
၃၁. “ရေမနောက်.....ကြာမရှောက်”
၃၂. “ရွှေပင်နားတော့....ရွှေကျေး”

၁. “လူလိမ္မာသား ယဉ်ပါး”
၂. “လသာတုန်း ဗိုင်းငင်”
၃. “လည်လွန်းတဲ့ဘီး ချီးသင့်”
၎. “လူမိုက်သား ရမ်းကား”
၎. “လင်ကိုဘုရား..သားကိုသခင်”
၅. “လယ်ထွန်သွား..နွားမေ့”
၆. “လူပျို့လက်..၀က်မြီး”
၇. “လိုတာမရ...ရတာမလို”
၈. “လွယ်မယောင်နဲ့ခက်....တိမ်မယောက်နဲ့နက်”
၉. “လမ်းမသိ....ခွေးနောက်လိုက်”
၁၀. “လူမလေး....ခွေးမခန့်”
၁၁. “လာဘ်ပေးလာဘ်ယူ...တို့ရန်သူ”
၁၂. “လူတူမရှား...နာမည်တူမရှား”
၁၃. “လူ့အလို..နတ်မလိုက်နိုင်”
၁၄. “လူအကြောင်း..ပေါင်းမှသိ”
၁၅. “လူနေချုံကြား...စိတ်နေဘုံဖျား”
၁၆. “လှတာမက်ရင်...ညစာခက်တယ်”
၁၇. “လှေအဆင်း...ကုန်းအတက်”
၁၈. “လူ့စည်း..ဘီလူးစည်း”
၁၉. “လူတစ်ကိုယ်..အကြိုက်တစ်မျိုး”
၂၀. “လူအမျိုးမျိုး..စိတ်အထွေထွေ”
၂၁. “လူပြောမသန်...လူသန်မပြော”
၂၂. “လာမယ့်ဘေး...ပြေးတွေ့”
၂၃. “လင်နဲ့မယား...လျှာနဲ့သွား”
၂၄. “လွတ်တဲ့ငါး..ကြီး”
၂၅. “လင်းနို့ခွန်တောင်း.ကြွက်...ကြွက်ခွန်တောင်း.လ
င်းနို့”
၂၆. “လူမှာအမျိုး...ကြက်မှာအရိုး”
၂၇. “လိုက်လေ...ဝေးလေ”
၂၈. “လုံ့လလည်းထူ...မိုးလည်းကူ..နွားချေးလည်းချ..
ကံလည်းမ”
၂၉. “လူပျင်းလုံ့လ..တစ်ခဏ”
၃၀. “လာချင်ရင်..အနီးလေး..မလာချင်ရင်..ခရီးဝေး”
၃၁. “လင်စံရွေး...လင်ခွေးနဲ့ရ”
၃၂. “လျင်သူ...စားစတမ်း”
၃၃. “လှေနံ..နှစ်ဖက်နင်း”
၃၄. “လက်ပံပွင့်ချိန်....ခွေးရူးထချိန်”

၁. “၀.မရှိဘဲ...၀ိ...မလုပ်နဲ့”
၂. “၀ါးလုံးခေါင်းထဲ..လသာ”
၃. “၀ါဝါမြင်တိုင်း...ရွှေအစစ်လို့မထင်နဲ့”
၎. “၀ါဆိုဝါခေါင်..ရေဖောင်ဖောင်”

၁. “သတိပညာ ဥာဏ်မြေကတုတ် ချွန်းကဲ့သို့အုပ်”
၂. “သူများအကျိုးဆောင် ကိုယ်ကျိုးအောင်”
၃. “သူခိုးပြေးမှ ထိုးကွင်းထ”
၎. “သေချင်တဲ့ကျား တောပြောင်း”
၅. “သေသောသူ ကြာရင်မေ့...ပျောက်သောသူ..ရှာရင်
တွေ့”
၆. “သတိမမူ ဂူမမြင်”
၇. “သခွပ်ပင်က..မီးတကျည်ကျည်”
၈. “သူများယောင်လို့.လိုက်ယောင်...အမောင် တောင်မှ
န်းမြောက်မှန်းမသိ”
၉. “သစ်တစ်ပင်ကောင်း...ငှက်တစ်သောင်းနားနိုင်”
၁၀. “သူ့အိုးနဲ့သူ့ဆန်..တန်ရုံကောင်း”
၁၁. “သားသမီးမကောင်း မိဘခေါင်း”
၁၂. “သက်ကြီးစကား သက်ငယ်ကြား”
၁၃. “သူများမကောင်းကြံ..ကိုယ်သာခံ”
၁၄. “သေမြေကြီး....ရှင်ရွှေထီး”
၁၅. “သံသေ.တစ်ဆွေဝ....ပြဒါးသေ.တစ်ပြည်ဝ”
၁၆. “သားကိုသခင်..လင်ကိုဘုရား”
၁၇. “သားရေပေါ်အိပ်...သားရေနားစား”
၁၈. “သီးချိန်တန်သီး..ပွင့်ချိန်တန်ပွင့်”
၁၉. “သိသာသိစေ...မမြင်စေနဲ့”
၂၀. “သဲထဲရေသွန်”
၂၁. “သမီးမွေးမှ...ဓားတသွေးသွေး”
၂၂. “သူများတံတွေးခွက်....ပက်လက်မျော”
၂၃. “သူခိုးကျင့်...သူခိုးကြံ”
၂၄. “သားကောင်လည်း.မုဆိုး.....မုဆိုးလည်း.သားေ
ကာင်”
၂၅. “သံကိုကြွက်စား...သားကိုစွန်ချီ”
၂၆. “သခင်အားရ...ကျွန်ပါးဝ”
၂၇. “သူတော်ကောင်း..နတ်ကောင်းမ”
၂၈. “သူခိုးက..လူဟစ်”
၂၉. “သူခိုးရွှေရ...တပြပြ”
၃၀. “သမီးတစ်ကောင်...နွားတစ်ထောင်”
၃၁. “သမင်မွေးရင်း...ကျားစားရင်း”
၃၂. “သူကြီးဘုရား..ရွာသားကောင်းမှု”
၃၃. “သားသမီးယုံ...စုံလုံးကန်း”
၃၄. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ...”
၃၅. “သစ်မရှိခင်စပ်ကြား...၀ါးဖောင်ကွပ်”
၃၆. “သမင်ဆယ်လှမ်း..ကျားတစ်လှမ်း”
၃၇. “သစ်မရခင် ၀ါးကူ”
၃၈. “သောင်မတင်..ရေမကျ”
၃၉. “သူ့ဆန်စား ရဲရ”
၄၀. “သစ်ပင်မှန်ရင် အမြစ်နဲ့.....လူမှန်ရင် အချစ်နဲ့”
၄၁. “သင်ကောင်းလျှင်...ကျွန်ုပ်မဆိုးပါ”
၄၂. “သိကြားမင်း ကျွဲယောင်ဆောင်...ချိုကား”

၁. “ဟောက်တိုင်းလည်း..မကြောက်နဲ့”
၂. “ဟောင်လွန်းတဲ့ခွေး..လူမလေး”

၁. “ဠင်းတလောက်တော့...ငှက်တိုင်းလှ”

၁. “အိုးကမပူ စလောင်းကပူ”
၂. “အစကောင်းမှ အနှောင်းသေချာ”
၃. “အိုးချင်းထားတော့ အိုးချင်းထိ”
၎.“အချစ်ကြီးရင် အမျက်ကြီးတယ်”
၅. “အချိန်နှင့်ဒီရေသည်..လူကိုမစောင့်”
၆. “အမှိုက်ကစ..ပြသဒ်မီးလောင်”
၇. “အချိန်ရှိခိုက်...လုံ့လစိုက်”
၈. “အနာပေါ်တုတ်ကျ”
၉. “အပေါ်ယံရွှေမှုန်ကြဲ....အထဲကနောက်ချေးခံ”
၁၀. “အကြံကုန်...ဂဠုန်ဆားချက်”
၁၁. “အိုးမလုံ...အုံပွင့်”
၁၂. “အမေပြောတော့..တစ်လ....မယားပြောတော့ တ
စ်ည”
၁၃. “အကျိုးဆော့.....အကန်းမော့”
၁၄. အချစ်ကြီးရင် အမျက်ကြီးတယ်"

ဓာတ်ပုံပညာ သိသင့်သော အခြခံ အချက် (၁၀)ချက်

Basic Study Photography
ကင်မရာဝယ်ပြီးပြီဆိုရင် Outdoor Portrait ရိုက်ဖို့ အခွင့်အလမ်းလေးတွေ ပေါ်လာတတ်ပါတယ်။ ရင်းနှီးတဲ့ သူငယ်ချင်းတွေက ခေါ်ရိုက်ခိုင်းကြသလို ၀ါသနာတူတဲ့လူတွေစုပြီးတော့လည်း မော်ဒယ်ရှာပြီး ရိုက်လေ့ရှိကြပါတယ်။ အဲဒီလို ရိုက်ကူးကြတဲ့အခါမှာ သိသင့်တဲ့အခြေခံအချက်လေးတွေ၊ အသုံးဝင်မယ့်အခြေခံအချက်ကလေးတွေကို ဟိုက ဒီကနေ ရှာဖွေဖတ်ရှုထားတာလေးတွေ၊ ကြားဖူးထားတာလေးတွေ ကို ပြန်ပြီးမျှဝေလိုက်ပါတယ်။ လုံးဝ အပြည့်စုံကြီးမဟုတ်သော်လည်း သတိထားရမယ့် အချက်ကလေးတွေကို သိရှိသွားရင် ကျေနပ်ပါတယ်။ အခြေခံအချက်လေးတွေကို ရေးသားထားခြင်းဖြစ်တဲ့အတွက် လိုအပ်ချက်ရှိတာလေးတွေ၊ ထပ်ဖြည့်ချင်တာလေးတွေရှိရင် ကွန့်မန့်မှာ ရေးပေးထားခဲ့ကြပါလို့ ပြောချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
(၁) နေရာကို သေချာရွေးပါ။
အောက်ဒိုးရိုက်မယ်လို့ စဉ်းစားပြီဆိုတာနဲ့ ဘယ်မှာရိုက်မလဲဆိုတာက အင်မတန်အရေးကြီးပါတယ်။ နေရာကို သေချာသိပြီဆိုတာနဲ့ မရိုက်ခင်မှာ သွားကြည့်ထားနိုင်ရင် ပိုလို့ကောင်းပါတယ်။ အောက်ဒိုးလို့ ဆိုလိုက်တာနဲ့ လူတော်တော်များများက ပန်းခြံတွေ၊ ရေကန်တွေ၊ ပင်လယ်ကမ်းခြေတွေ အစရှိတဲ့ သဘာဝရှုခင်းတော်တော်များများကို စဉ်းစားမိကြပါတယ်။ ဒါကြောင့် ဒီနေရာမှာ အကြံပေးလိုတာက အဲဒီလို သဘာဝအလှအပတွေအပြင် ကျနော်တို့ ပတ်ဝန်းကျင်က လှပထူးခြားတဲ့ အဆောက်အဦးတွေ၊ ပြောင်မြောက်တဲ့ ဗိသုကာလက်ရာတွေရှိတဲ့ နေရာမျိုးကို ထည့်သွင်းစဉ်းစားဖို့ မမေ့စေလိုပါဘူး။ နံရံတွေ၊ လှေကားတွေ၊ ပြတင်းပေါက်တွေကလည်း အံ့သြစရာ ကောင်းလောက်အောင် ထူးခြားကောင်းမွန်တဲ့ Portrait ပုံတွေ ရရှိနိုင်ပါတယ်။
အရေးကြီးတာက အောက်ဒိုးရိုက်ဖို့ရွေးလိုက်တဲ့နေရာက အရမ်းကို ရှုပ်ရှက်ခပ်ပြီး ဆူညံနေတဲ့နေရာမျိုးဖြစ်မနေပဲ အရိုက်ခံမယ့်မော်ဒယ်နဲ့ ဓာတ်ပုံဆရာအတွက် ကောင်းမွန်တဲ့ အာရုံစုစည်းမှုရဖို့ ထိုက်သင့်တဲ့ ဆိတ်ငြိမ်မှု ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ ဓာတ်ပုံဆရာလိုချင်တဲ့ အနေအထားကိုညွှန်ကြားရာမှာ မော်ဒယ်က အသေအချာ အာရုံစုစည်းပြီး လိုက်နာနိုင်မှာဖြစ်ပါတယ်။
(၂) အ၀တ်အစားကို သေချာရွေးပါ။
အမြင်အာရုံမှာ လှပဆန်းသစ်တဲ့ Portrait ပုံကောင်းကောင်းလေးတွေရချင်ရင် ရိုက်ကူးမယ့်မော်ဒယ်ရဲ့ အ၀တ်အစားကလည်း အရေးပါ ပါတယ်။ မော်ဒယ်နဲ့ လိုက်ဖက်မယ့် အ၀တ်အစားကို ကြိုတင်တိုင်ပင် ရွေးချယ်ထားနိုင်ရင် ပိုကောင်းပါလိမ့်မယ်။ တကယ်လို့ မော်ဒယ်က တစ်ယောက်ထက်ပိုနေ တယ်ဆိုရင် သူတို့ဝတ်လာမယ့် အ၀တ်အစားတွေဟာ ဟန်ချက်ညီနေဖို့ လိုပါတယ်။ အ၀တ်အစားကလည်း ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးတဲ့ အချက်တချက်ပါ။
မော်ဒယ်ရဲ့အသားအအရည်နဲ့ လိုက်ဖက်မယ့် အ၀တ်အစားကို မှန်ကန်စွာရွေးချယ်တတ်ဖို့လိုပါမယ်။ အ၀တ်အစားတင်မကပဲ ဆွဲကြိုး၊ လက်ကောက်၊ ဟန်းချိန်း၊ ဦးထုပ်၊ နာရီအစရှိသဖြင့် အပိုပစ္စည်းလေးတွေပါရင် ပိုလို့အသက်ဝင်ပါတယ်။ ရွေးချယ်ထားတဲ့ အ၀တ်အစားနဲ့ ပတ်ဝန်းကျင်အနေအထားကလည်း ဟာမိုနီဖြစ်နေဖို့ လိုအပ်ပါတယ်။
(၃) လန်းစ် အရှည်ကို အသုံးပြုပါ။
လန်းစ်အရှည်ကို အသုံးပြုခြင်းအားဖြင့် ကိုယ်ရိုက်ကူးမယ့် အရာဝတ္ထုအပေါ်မှာ ဖိုးကပ်စ်ထားတဲ့အခါမှာ နောက်ခံဘက်ဂရောင်းတွေကို ၀ါး သွားပြီး ဖိုးကပ်စ အပြင်ဘက်ကို ရောက်သွားအောင်လုပ်လို့ရမှာဖြစ်ပါတယ်။ အဲဒီလို ရိုက်ကူးရတာကလည်း Portrait ရိုက်ရခြင်းရဲ့ အရသာတခုဖြစ်ပါတယ်။ အများစုက ကြိုက်နှစ်သက်ကြတဲ့ လန်းစ်ကတော့ 70-200mm F2.8 လို လန်းစ်မျိုးပါ။ Portrait ရိုက်တော့မယ်ဆိုရင် 50mm အောက်လျှော့တဲ့ လန်းစ်ကို မသုံးစေချင်ပါဘူး။ အကောင်းဆုံးကတော့ 70mm နဲ့အထက်ကို သုံးနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ Focal Length (150mm-200mm) ကို အသုံးပြုပြီးရိုက်ရင်တော့ ရိုက်ကူးမယ့် မော်ဒယ်(အရာဝတ္ထု)နဲ့ နောက်ခံဘက်ဂရောင်းကို ပိုမိုကွဲပြားစေမှာ ဖြစ်ပါတယ်။
(၄) ပို့စ် ကို ဥပမာပေးပြီး ခိုင်းပါ။
ကိုယ်ဖြစ်စေချင်တဲ့ ပို့စ် ကို မော်ဒယ်ကို လုပ်ခိုင်းတဲ့အခါမှာ ဥပမာလေးတွေနဲ့ ပြောပြီး ခိုင်းတာက ပိုအဆင်ပြေပါတယ်။ နောက်ပြီး ဖြစ်စေချင်တဲ့ ပို့စ်အနေအထားကို ဓာတ်ပုံဆရာက လုပ်ပြနိုင်ရင် ပိုကောင်းပါတယ်။ ဓာတ်ပုံဆရာက ပို့စ် နမူနာ လုပ်ပြလိုက်တဲ့အခါမှာ မော်ဒယ်တွေက ချက်ခြင်းသဘောပေါက်လာပြီး ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင်ရမယ်ဆိုတာကို အလွယ်တူ လျင်ထျင်မြန်မြန် သဘောပေါက်သွားကြတာ များပါတယ်။ အဲလို လုပ်ပြခြင်းအားဖြင့် ဓာတ်ပုံဆရာနဲ့ မော်ဒယ်ကြားမှာ ပိုပြီး ရင်းနီးမှုရလာပြီး အပေးအယူပိုတည့်လာကာ ပုံကောင်းကောင်းလေးတွေ ထွက်လာတာ သတိထားမိပါတယ်။
(၅) Tripod ကိုလိုအပ်သလို သုံးပါ။
Tripod ကို သုံးခြင်းအားဖြင့် ဖိုးကပ်စ်ကို တိတိကျကျဖမ်းယူနိုင်ပြီး ငြိမ်(stable)ဖြစ်တဲ့ ပုံတွေကို ရရှိနိုင်ဖို့ အခွင့်အရေးများပါတယ်။
(၆) မျက်လုံးကို ဖိုးကပ်စ် ယူပါ။
Portrait ရိုက်တော့မယ်ဆိုရင် မော်ဒယ်ရဲ့ မျက်လုံးကို ဖိုးကပ်စ် ရအောင်ယူခြင်းအားဖြင့် အသက်ဝင်တဲ့ Portrait ပုံတွေကို ရရှိမှာဖြစ်ပါတယ်။ မျက်လုံးကို ဖိုးကပ်စ် ယူဖို့ လုံးဝမမေ့ပါနဲ့။
(၇) အချိန်ရွေးချယ်မှု မှန်ကန်ပါစေ။
Outdoor Portrait ရိုက်တော့မယ်ဆိုရင် အလင်းရောင်အရမ်းမစူးရှတဲ့ အချိန်တွေကို ရွေးပါ။ ဥပမာ မနက်ပိုင်း ၁၀နာရီမတိုင်ခင် နဲ့ ညနေပိုင်း ၃နာရီနောက်ပိုင်း အချိန်မျိုးဟာ အကောင်းဆုံးပေါ့ဗျာ(စင်ကာပူကို အခြေခံပြီးပြောတာပါ)။ နေရောင်ရဲ့ လာရာလမ်းကြောင်းကို သိတဲ့အတွက် အလင်းရောင်အနေအထားကို ကိုယ်လိုသလို ချိန်ညှိယူလို့ရပါတယ်။
(၈) Reflector ကိုသုံးပါ။
ဘာလို့ Reflector ကို သုံးရသလဲဆိုရင် ကိုယ်လိုချင်တဲ့ နေရာမှာ အလင်းရောင်မရောက်ရှိခဲ့ရင် အဲဒီနေရာကို အလင်းရောင် ရောက်ရှိအောင် စွမ်းဆောင်နိုင်လို့ပါ။ Reflector ကို သုံးခြင်းအားဖြင့် မော်ဒယ်အပေါ်မှာ ကျနေတဲ့ အလင်းရောင်ကို ချိန်ညှိပြီးသားလည်း ဖြစ်သွားပါတယ်။
(၉) Softbox သုံးပါ။
တခါတရံမှာ Reflector နဲ့ ချိန်ညှိယူလို့မရတဲ့ အလင်းဖျော့ဖျော့အနေအထားကို လိုချင်လာရင် Softbox ကလိုအပ်ပါတယ်။ Softbox က နေရောင်တိုက်ရိုက်ကျနေတာကို အလင်းညီသွားအောင် ပြောင်းလဲပေးနိုင်ပြီး သဘာဝကျတဲ့ အလှအပကို ရရှိစေနိုင်ပါတယ်။
(၁၀) RAW Format ကို အသုံးပြုပါ။
RAW format ဟာ unprocessed အဖြစ်မှာပဲရှိပါသေးတယ်။ အဲဒါကြောင့် ကာလာ၊ contrast နဲ့ exposure ကို ဆော့ဖ်ဝဲ နဲ့ ချိန်ညှိလို့ရပါသေးတယ်။ တခါတရံမှာ ရိုက်ကူးလိုက်တဲ့ပုံရဲ့ exposure ကမမှန်တာမျိုးဖြစ်တတ်ပါတယ်။ အဲဒီအခါမှာ underexposed လို့ခေါ်တဲ့(loss of detail in the shadows) ရယ် overexposed ဆိုတဲ့ (loss of detail in the highlight)မျိုး ဖြစ်တတ်ပြီး ရိုက်ကူးထားတဲ့ ပုံကို ကောင်းမွန်စွာ မရတတ်ပါဘူး။ နောက်တခုက jpg နဲ့ ရိုက်ကူးတဲ့အခါမှာ ပုံတွေကို format ပြောင်းပြီး သိမ်းဆည်းလိုက်ရင် ကွာလတီကျသွားတာမျိုးဖြစ်တတ်ပါတယ်။ RAW နဲ့ရိုက်ကူးရင်တော့ ချိန်ညှိပြီးလို့ RAW ကနေ JPEG အဖြစ်ပြောင်းလိုက်တဲ့အခါမှာလည်း ပုံရဲ့ အရည်အသွေးကို ကျဆင်းသွားတာမျိုး မရှိပါဘူး။
မှ-ကျော်ဝင်းထက်

6 Travel Photography Tips for Beginner

သွားမယ့်ခရီးနဲ့ သင့်တော်တဲ့ ကင်မရာ ရွေးပါ

ယုံကြည်စိတ်ချရတဲ့ ကင်မရာ မပါတဲ့ ဓာတ်ပုံဆရာဆိုတာ ဓားတုံးတုံးတစ်လက် ပိုင်ဆိုင်ထားတဲ့ စားဖိုမှူးလိုပါပဲ... အကောင်းဆုံး ကင်မရာတစ်ခု ရွေးချယ်ဖို့ဆိုတာ အမြဲတမ်းမလွယ်ကူပေမယ့် ဒီအချက်လေးတွေကို ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားသင့်ပါတယ် ... လွယ်ကူစွာ သယ်ယူသွားနိုင်မှု၊ ကင်မရာရဲ့ဝိသေသတွေနဲ့ဘ ပေးစွမ်းပေးနိုင်တဲ့ ကင်မရာရဲ့ လုပ်ဆောင်နိုင်မှုတွေပါ ... မိမိဘာကို အဓိကထားရိုက်ချင်တာလဲ ဘယ်လိုခရီးသွားမျိုးလဲဆိုတာ ပြန်သုံးသပ်ပြီး ကင်မရာကိုရွေး မှတ်တမ်းတင်ပါ... 


သွားမယ့်ခရီးနဲ့ သင့်တော်တဲ့ ကင်မရာ ရွေးပါ

ယုံကြည်စိတ်ချရတဲ့ ကင်မရာ မပါတဲ့ ဓာတ်ပုံဆရာဆိုတာ ဓားတုံးတုံးတစ်လက် ပိုင်ဆိုင်ထားတဲ့ စားဖိုမှူးလိုပါပဲ... အကောင်းဆုံး ကင်မရာတစ်ခု ရွေးချယ်ဖို့ဆိုတာ အမြဲတမ်းမလွယ်ကူပေမယ့် ဒီအချက်လေးတွေကို ရွေးချယ်ရာမှာ ထည့်သွင်းစဉ်းစားသင့်ပါတယ် ... လွယ်ကူစွာ သယ်ယူသွားနိုင်မှု၊ ကင်မရာရဲ့ဝိသေသတွေနဲ့ဘ ပေးစွမ်းပေးနိုင်တဲ့ ကင်မရာရဲ့ လုပ်ဆောင်နိုင်မှုတွေပါ ... မိမိဘာကို အဓိကထားရိုက်ချင်တာလဲ ဘယ်လိုခရီးသွားမျိုးလဲဆိုတာ ပြန်သုံးသပ်ပြီး ကင်မရာကိုရွေး မှတ်တမ်းတင်ပါ...  




မှန်ကန်တဲ့ ပံ့ပိုးမှုပစ္စည်းတွေ ယူဆောင်သွားပါ

ကင်မရာသက်သက်က ပုံကောင်းတစ်ခု ရနိုင်ပေမယ့် သူ့ကို ပံ့ပိုးပေးမယ့် အထောက်အကူပြု ပစ္စည်းတွေနဲ့ဆိုရင် တစ်သက်တာ အမှတ်ရမယ့် ရင်သပ်ရှုမောဖွယ် ပုံတွေ ပိုင်ဆိုင်နိုင်မှာပါ... Tripod, Lens အပို၊ ကင်မရာအိတ်နဲ့ SD Card တွေ သင်သယ်ယူသွားရမယ့်အရာတွေ ဖြစ်ပြီး သူတို့ကို အသုံးချပုံကိုလဲ အသေအချာနားလည်ထားရင် သင့်ဓာတ်ပုံတွေဟာ ပညာရှင်ပီသပြီး အမှတ်ရဖွယ် ဖြစ်နေမှာပါ... 
သဘာဝအလင်းရောင်ကို အသုံးချပါ

အလင်းရောင်အသုံးချခြင်းထက် အရေးပါတာ ဓာတ်ပုံပညာမှာ မရှိပါဘူး... အောင်မြင်တဲ့ ဓာတ်ပုံရဖို့ ဒါမှမဟုတ် ဆုံးရှုံးသွားဖို့ဆိုတာ အလင်းရောင်က အဓိကပါပဲ... Subject တစ်ခုကို ရိုက်ကူးချိန်တိုင်းမှာ အလင်းက သဘာဝအတိုင်းရှိဖို့ရာ အရေးကြီးပါတယ်... အလင်းအရမ်းများပြီး အရောင်တွေ ဆုံးရှုံးပျောက်ကွယ်ကာ overexpose မဖြစ်ဖို့ရှောင်ရှားရပါမယ်...  
သင့်ဓာတ်ပုံ ဖွဲ့စည်းဖို့ အချိန်ယူပါ

ဓာတ်ပုံဖွဲ့စည်းပုံ composition ဟာ ဓာတ်ပုံရိုက်ကူးရာမှာ အမှားများတဲ့အရာတစ်ခုပါ... Shutter ခလုတ်ကို မနှိပ်ခင် ပြင်ဆင်ဖို့ အချိန်ယူပေးပါ... သင်မြင်ရတဲ့ မြင်ကွင်းထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံအရာက ဘာလဲဆုတာဘာလဲ ပုံကို အကောင်းဆုံး ဘယ်လိုဖွဲ့စည်းမလဲဆိုတာကို သင့်ကိုယ်သင်အရင်မေးပါ... နောက်ဆုံးအနေနဲ့ Rule of Third အခြေခံကို လိုက်နာပါ...

ကင်မရာကို ဘယ်အချိန်မှာ ဘေးချထားရမယ်ဆိုတာ သိပါ

ဓာတ်ပုံပေါင်း ၅၀၀ လောက်ဆက်တိုက်ရိုက်နေတဲ့သူတစ်ယောက် မဖြစ်ပါစေနဲ့... ဓာတ်ပုံရိုက်ရတာ ပျော်ရွှင်ဖွယ်ဆိုတာကို သံသယမရှိပါဘူး... ဒါပေမယ့် ဓာတ်ပုံရိုက်ဖို့ သက်သက် ခရီးသွားတာ မဟုတ်ဘဲ ရှုမြင် လေ့လာပြီး သင်ကိုယ်တိုင် ခံစားဖို့ ဆိုတာကိုလဲ သတိရပါ... သင်လိုတဲ့အချိန်မှာ အသင့်ရှိဖို့အမြဲလိုပေမယ့် ဘချိန်မှာ ကင်မရာ ဘေးချထားရမယ်ဆိုတာကိုလဲ သိပါ...
 

အခုမှ စက်ဘီးစစီးမယ့် ဝါသနာရှင်များအတွက်

ဒီတစ်ပါတ်တော့ အခုမှ စက်ဘီးစစီးမယ့် ဝါသနာရှင်များအတွက် စက်ဘီးစီးခြင်းနဲ့ ပတ်သက်တဲ့ သိသင့်တဲ့ အခြေခံ အချက်အလက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်...


စက်ဘီးစစီးသင့်တဲ့ အကြောင်းရင်း ၅ ခုကတော့ စက်ဘီးစီးခြင်းက
၁. လောင်စာဆီသုံးစွဲခြင်းမရှိလို့ CO2 ထုတ်လွှတ်မို့ မရှိတာမို့ စိမ်းလန်းသောဝန်းကျင် ဖြ
စ်ဖို့ အားပေးပါတယ်...
၂. သင့် ပေါင်၊ ခြေသလုံး၊ တင်ပါး ကြွက်သားတွေသာမက ခန္ဓာကိုယ် အပေါ်ပိုင်းကိုပါ ကြံ့ခိုင်သန်မာစေပါတယ် ...
၃. သင့်ခွန်အားကို ၂၀% မြှင့်တင်ပေးပြီး ပင်ပန်းနွမ်းလျမှုကို ၆၅% လျော့ချပေးပါတယ်...
၎. ပြေးခြင်းနဲ့ တခြားအားကစားတွေလို အဆစ်အမြစ်တွေ နာကျင်ပြတ်တာမျိုး နည်းပါတယ်...
၅. အလုပ်ကိုသွားရင်း စက်ဘီးစီးအားကစားလုပ်နိုင်တာမို့ အချိန်သက်သက်ပေးဖို့ မလိုပါဘူး 
 
ဒိန်းမတ်နိုင်ငံ ကိုပန်ဟေဂန်မြို့ရဲ့ သိရှိဖွယ်ရာ အချက်လေးပါ...

* နိုင်ငံသားတွေရဲ့ ၉၀% က စက်ဘီးကိုယ်စီ ရှိကြပါတယ်...
* နိုင်ငံသားတွေရဲ့ ၂၉% သာ ကားပိုင်ဆိုင်ကြပါတယ်...
* ၄၀% က သူတို့ နေ့စဉ်သွားလာမှုမှာ စက်ဘီးကို အသုံးပြုကြပါတယ်...
ဒီအချက်တွေကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ် CO2 ထုတ်လွှတ်မှုကို ခန့်မှန်းခြေ တန် ၉၀၀၀၀ လောက် နှစ်စဉ် လျော့ချပေးပါတယ်...
 
စက်ဘီးစစီးမယ်ဆို စစဉ်းစားရမှာက သင်ဘာရည်ရွယ်ချက်နဲ့ စက်ဘီးစီးမှာလဲဆိုတာပါ... အစီးအများဆုံးစက်ဘီး ၂ မျိုးကတော့ Road Bike နဲ့ Moutain Bike ပါ...

Road bike ကတော့ မြို့တွင်း လမ်း၊ ပလက်ဖောင်းတွေအတွက် ရည်ရွယ်ထားတာဖြစ်ပြီး Mountain bike ကတော့ ရွှံ့နွံ၊ တောတောင်လမ်းတွေ အတွက်သာမက မြို့တွင်းလမ်းတွေအတွက်ပါ စီးလို့ရပါတယ်...

Road bike မြန်မြန်စီးဖို့ ရည်ရွယ်တာမို့ ပော့ပားဖို့ တာယာက သေးသွယ်ပြီး Mountain bike ကတော့ အဆင်းအတက် ရွှံ့နွံလမ်းတွေအတွက် တာယာအလုံးကျယ်ပြီးပိုကြီးမှာပါ...

လက်ကိုင်ပုံစံမှာလည်း Road bike က ပြိုင်ပွဲစီးနင်းသူတွေအတွက် လေခွဲအားအတွက် ပိုမိုနမ့်သော လက်ကိုင်ပုံစံပါရှိပြီး Mountain bike ကတော့ အနိမ့်အမြင့် အတက်အဆင်းတောလမ်းတွေအတွက် ပုံစံထုတ်ထားတာပါ...

ပြိုင်ပွဲစီးနဲ့ ပုံမှန်စီးသူတွေအတွက် road bike က သင့်တော်ပြီး သဘာဝဝန်းကျင်လေ့လာရင်းစီးသူနဲ့ စွန့်စားချင်သူတွေအတွက် moutain bike က ပိုသင့်တော်ပါတယ်...
 
နောက်ထပ် စက်ဘီးအမျိုးအစား ၂ မျိုးက Fixed- gear နဲ့ Hybrid ပါ...

Fixed-gear ကတော့ ဂီယာတစ်ချက်ထဲမို့ ဂီယာပြောင်းလို့ မရဘဲ မြို့ပေါ်လမ်းတွေမှာ စီးဖို့နဲ့ ပြုပြင်ရသက်သာဖို့ ရှင်းလင်းစွာထုတ်ထားတာပါ..

Hybrid ကတော့ moutain bike လောက်လည်း တာယာမကြီးဘဲ မြို့တွင်းလမ်းရော သာမန် တောလမ်းရော စီးလို့ရအောင် ပုံစံထုတ်ထားတာပါ... နေ့စဉ်စီးနင်းမှုရော၊ ကမ်းခြေအပါအဝင် ဝါသနာအရ စီးနင်းမှုတွေ အတွက်ရော သင့်တော်ပါတယ်...
 
ရေကူး၊ အပြေး၊ စက်ဘီးစီး ၃ မျိုးပေါင်း ယှဉ်ပြိုင်ရတဲ့ အားကစားအတွက် ထုတ်ထားတာဖြစ်ပါတယ်... ကျဉ်းမြောင်း ပေါ့ပါး ချောမွေ့တဲ့ တာယာ၊ ဖြောင့်တန်းတဲ့ လက်ကိုင်တွေ၊ ဘရိတ်ဖမ်းရ ခက်ခဲပြီး ပုံမှန်လမ်းတွေအတွက်သာရည်ရွယ် ပုံစံထုတ်ထားတာပါ... တကယ့် triathlon အားကစားသမားတွေ အတွက်ပါ...
 
စက်ဘီးဝယ်တော့မယ်တော့မယ်ဆိုရင်တော့ ဆိုင်ကြီးတွေကို တန်းမသွားသေးဘဲ အတွေ့အကြုံရှိ စက်ဘီးစီးသူတွေရဲ့ အကြံပြုချက်၊ online ပေါ်မ မှတ်ချက်တွေ လေ့လာပြီး နီးစပရာ စက်ဘီးဆိုင်လေးတွေ အရင်သွားကြည့်သင့်ပါတယ်...

နိုင်ငံတကာစံနှုန်းတွေအရတော့ စစီးတဲ့ Entry Level စက်ဘီးတွေက ဒေါ်လာ ၂၀၀ နဲ့ ၅၀၀ ကြား ရှိပြီး အခြေခံ စတီး၊ အလူမီနမ် ကိုယ်ထည်၊ ဘီးတွေ တပ်ဆင်ထားတာပါ....

Mid Level စက်ဘီးတွေက ဒေါ်လာ ၅၀၀ နဲ့ ၁၀၀၀ ကြား ရှိပြီး ပိုမိုကောင်းမွန်တဲ့ စတီး၊ အလူမီနမ် အပြင် တခါတရံ ကာဗွန်ဖိုင်ဘာ ကိုယ်ထည်၊ ပိုမိုပေါ့ပါး ခိုင်မာတဲ့ ဘီးတွေ တပ်ဆင်ထားတာပါ....

Upper Level စက်ဘီးတွေက ဒေါ်လာ ၁၀၀၀ နဲ့ ၃၀၀၀ ကြား ရှိပြီး ကောင်းမွန်တဲ့ စတီး၊ အလူမီနမ်၊ ကာဗွန် ကိုယ်ထည်၊ ပေါ့ပါး ခိုင်မာဆုံး ဘီးတွေ တပ်ဆင်ထားတာပါ.... ပုံမှန်ကတော့ စက်ဘီးရူးသွပ်သူတွေနဲ့ ပြိုင်ပွဲဝင်တွေ အတွက်ပါ...
 
စက်ဘီးစီးရာမှာ မရှိမဖြစ် ကာကွယ်ရန် အသုံးအဆောင်တွေကတော့ စက်ဘီးသော့၊ စက်ဘီးမီးနဲ့ ရောင်ပြန်များ နဲ့ စက်ဘီးစီး ဦးထုပ်တို့ ဖြစ်ပါတယ်...

စက်ဘီးစီးဦးထုပ်က မရှိမဖြစ် ဖြစ်ပြီး ခေါင်းထိခိုက် ဒဏ်ရာရမှုကို ၆၃ ကနေ ၈၈ % ထိ လျော့ချပေားတယ်... ခေါင်းအနေအထားနဲ့ လိုက်အောင် အလျော့အတင်းလုပ်နိုင်တဲ့ နောက်မှာလည်း တသားတည်းဖြစ် ရှေ့မှာလည်း မျက်ခုံးထက် ၁ လက်မလောက် ရှိတဲ့ စက်ဘီးစီးဦးထုပ်မျိုး ရွေးချယ်သင့်ပါတယ်...
 
တခြားပါဝင်သင့်တဲ့ အသုံးအဆောင်တွေကတော့ လေထိုးတံ၊ တာယာအပို၊ ဖုန်း၊ ဂွစတဲ့ အသုံးအအဆောင်တွေ ထည့်ဖို့ စက်ဘီးအိတ်၊ ရေဗူး၊ မျက်မှန်၊ GPS ဒါမှမဟုတ် GPS ပါတဲ့ နာရီ နဲ့ လက်အိတ်တွေပါ...

အမြဲစီးမယ့်သူတွေကတော့ တင်ပါးနာသက်သာစေတဲ့ အခံပါတဲ့ ဆွဲသားဘောင်းဘီ၊ ခြောက်သွေ့လွယ်ပြီး ပေါ့ပါးတဲ့ စက်ဘီးစီးအင်္ကျီ၊ စက်ဘီးစီးဖိနပ်တွေပါ အသုံးပြုသင့်ပါတယ်...
 
အန္တရာယ်ကင်းစွာ စက်ဘီးစီးဖို့ဆိုရင်...

* မိမိစီးမယ့် ဒေသအလိုက် လမ်းစည်ကမ်းတွေကို လေ့လာပါ
* လမ်းစည်းကမ်းကိုလိုက်နာပါ
* စက်ဘီးလမ်းသီးသန့်မရှိခဲ့ရင် လမ်းဘေးဘက် ကပ်စီးပါ
* ဘရိတ်တွေကို အမြဲစစ်ဆေးပါ
* လမ်းပေါ်မှာ သင့်စက်ဘီးကို အန္တရာယ်ရှိစေမယ့်အရာအားလုံးကို သတိရှိရှိ မျက်စိရှင်ရှင်ထား စီးနင်းပါ
* မှောင်တဲ့ အချိန် မြင်ကွင်းမရှင်းတဲ့ ရာသီဥတုမှာ မြင်သာတဲ့ အရောင်နဲ့ အဝတ်တွေ၊ ရောင်ပြန်တွေ ဝတ်ဆင်ပါ
 
စက်ဘီး ကွေ့ဖို့ ရပ်ဖို့ ဆိုရင် အခြေခံ လက်အချက်ပြစနစ်တွေကို သိရှိနားလည် အသုံးချဖို့ လိုပါတယ် 
 
ဒေသအလိုက် စက်ဘီးစီးသူတွေကြား သုံးနှုန်းတဲ့ ဗန်စကားတွေကိုလည်း နားလည်အောင်ကြိုးစားပါ...
 
အခြေခံ စက်ဘီးကြံ့ခိုင်ရေးကိုလဲ အမြဲစစ်ဆေးပါ...

* မိုင် ၁၀၀ စီးပြီးတိုင်း ချိန်းကို ဆီထည့်ပေးပါ... စိုဆွတ်တဲ့ ရာသီဆို ဒီ့ထက် အကြိမ်ရေ ပိုသင့်ပါတယ်...
* ဘရိတ်၊ ချိန်း၊ ဘီးနဲ့ တာယာတွေကို စက်ဘီးမစီးခင်တိုင်း စစ်ဆေးပါ...
* စက်ဘီးဆိုင်မှာ တစ်နှစ်တစ်ခါ အနည်းဆုံး အသေးစိတ်ပြန်စစ်ပါ... ချိန်းလဲတာ၊ ဆီထည့်တာ၊ ဂီယာကြိုးတွေ ပြန်ချိန်ညှိတာ၊ ကြိုးတွေ ဆီထည့်တာ၊ တာယာပြန်စစ်တာတွေ လုပ်သင့်ပါတယ်...
 
စက်ဘီးစီးခြင်းက အပြင်မှာစီးလို့ရသလို ရာသီဥတု မကောင်းတဲ့ ရက်တွေမှာ အားကစားရုံထဲမှာလည်း စီးလို့ရပါတယ်...

စစီးတဲ့ Beginner အဆင့်မှာတော့ ပုံမှန်အမြန်နှုန်းနဲ့ပဲ ၅ မိုင်ကနေ ၈ မိုင်ထိ တစ်ပါတ် စက်ဘီးစီးတာ အသားကျအောင် အကြိမ်ရေရသလောက် စီးသင့်ပါတယ်...

အလယ်အလတ်အဆင့်မှာ သွေးပူလေ့ကျင့်ခန်း ၁၅ မိနစ်လုပ်ပြီး ၃ မိနစ် အပြင်းအထန်စီး စက္ကန့် ၉၀ အားပြန်ယူ ပြန်စီးတာကို ၄ ကြိမ်ခန့် လုပ်သင့်ပါတယ်...

အဆင့်မြင့်အဆင့်မှာတော့ သွေးပူလေ့ကျင့်ခန်းလုပ် ပြိုင်ပွဲဝင်အရှိန်နှုန်းနဲ့ ၂၅ မိနစ်စီး ၁၅ မိနစ်ကနေ မိနစ် ၂၀ ခန့် သက်သက်သာသာ စီးတာမျိုး လုပ်သင့်ပါတယ်
 
အုပ်စုနဲ့ စက်ဘီးအတူစီးခြင်းက ခံနိုင်ရည် တိုးတက်စေပြီး ပိုပြီးစိတ်အား တက်ကြွစေပါတယ်...

ရှုခင်းကြည့်ရင်း ပျော်ရွှင်ဖွယ် စက်ဘီးစီးခရီးတွေ ရှာသင့်ပါတယ်...

ကုန်းတက် ကုန်းဆင်းတွေရှာပြီး အတက်အဆင်းလေ့ကျင့်ခန်းတွေ ၄ ကြိမ်ခန့် လုပ်သင့်ပါတယ်...

နောက်တဆင့်မှာ ၅ မိုင် စက်ဘီးစီး ၁ မိုင်ပြေး လေ့ကျင့်ခန်းကို ၂ ကြိမ်ကနေ ၃ ကြိမ် လုပ်သင့်ပါတယ်...
 
 
 
  
 
 

စက်ဘီးစီးခြင်း၏ ကောင်းကျိုး ၁၅ ခု


၁.YMCA ရဲ့ လေ့လာတွေ့ရှိချက်အရ တက်ကြွမှုမရှိသူတွေထက် ရုပ်ပိုင်းဆိုင်ရာတက်ကြွမှုရှိသူတွေက စိတ်ပိုင်းဆိုင်ရာကောင်းကျိုးရရှိမငအမှတ် ၃၂% ပိုများတယ်လို့ ဆိုပါတယ်...အားကစားလုပ်ခြင်းဖြင့် ပန်းတိုင်ရောက်ရှိမှုတွေက သင့်စိတ်ခံစားမှုနဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု မြင့်တက်လာစေပါတယ်... စက်ဘီးစီးအားကစားက ကိုယ်လက်လှုပ်ရှားမှုအပြင် အပြင်ရှုမျှော်ခြင်းတွေခံစားရင်း အပေါင်းအသင်းတွေနဲ့ မိတ်ဖွဲ့စီးနိုင်တာမို့ စိတ်ဖိစီးမှုကိုပါ လျော့ချပေးနိုင်ပါတယ်...

၂. ဝိတ်ကျစေခြင်းနည်းလမ်းက ကယ်လိုရီလောင်ကျွမ်းမှုက စားသုံးတဲ့ ကယ်လိုရီထက် ပိုစေဖို့ပါပဲ... စက်ဘီးစီးခြင်းက စီးသူရဲ့ ခန္ဓာကိုယ်အလေးချိန်နဲ့ နင်းအားပေါ်မူတည်ပြီး တစ်နာရီကို ကယ်လိုရီ ၄၀၀ ကနေ ၁၀၀၀ အထိ လောင်ကျွမ်းစေပါတယ်... ကယ်လိုရီလောင်ကျွမ်းမှုဟာ တခြားအချက်တွေ အော်မူတည်သေးပေမယ့် သင်သာကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်နေထိုင်ပြီး စက်ဘီးစီးခြင်းကို ချစ်မြတ်နိုးရင် ဝိတ်ကျစေမှာ ကသေအချာပါပဲ...

၃. စက်ဘီးစီးခြင်းက အဆီတွေကို လောင်ကျွမ်းစေတဲ့အပြင် ကြွက်သားတွေကိုလည်း ပိုမိုခိုင်မာစေပါတယ်... အထူးသဖြင့် ပေါင်သား၊ တင်ပါးနဲ့ ခြေသလုံးက ကြွက်သားတွေကိုပါ...

၎. အလုပ်ကို နာရီရက်ခန့် စက်ဘီးစီးသွားခြင်းဖြင့် ကယ်လိုရီ ၂၀၀ ကနေ ၅၀၀ ခန့်အထိ လောင်ကျွမ်းတာမို့ သင့်အလုပ်ရောက်ရင် မနက်စာက ကျန်းမာရေးနဲ့ ညီညွတ်တာမို့ ဒုတိယအကြိမ် နံနက်စာ နည်းနည်းတောင် ထပ်စားလို့ ရပါသေးတယ်...


၅. Kings College London ကနေ ကားမောင်းသူ၊ bus ကားစီးသူ၊ လမ်းလျှောက်သူနဲ့ စက်ဘီးစီးသူတွေ အပေါ် လေထုညစ်ညမ်းမှုသက်ရောက်မှု အတိုင်းအတာသိရှိဖို့ ဒီလူတွေမှာ တိုင်းတာရေးကိရိယာတွေ တပ်ဆင်ပြီး လန်ဒန်မြို့ရဲ့ စည်ကားတဲ့ မြို့လယ်လမ်းတွေမှာ လေ့လာမှုပြုခဲ့ပါတယ်...

လေ့လာတွေ့ရှိမှုအရ စက်ဘီးစီးသူတွေက လေထုညစ်ညမ်းမှု ကားမောင်းသူတွေထက် ၅ ဆ၊ လမ်းလျှောက်သူတွေထက် ၃ ဆ ခွဲ၊ bus ကားစီးသူတွေထက် ၂ ဆ ခွဲခန့် သက်သာတာကို တွေ့ရှိခဲ့ ရပါတယ်...

၆. စက်ဘီးစီးခြင်းက နှလုံးခုန်နှုန်းကို မြနိဆန်စေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်...

University of Glasgow ရဲ့ လူပေါင်း ၂၆၀၀၀၀ အပေါ် ၅ နှစ်တာ လေ့လာမှုအရ စက်ဘီးစီးသူတွေဟာ နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေဟာ တခြားသူတွေထက် တစ်ဝက်ခန့် လျော့နည်းတာ တွေ့ရှိခဲ့ပါတယ်...

၇. ပြေး ခြင်းက ပိုမိုလွယ်ကူထိရောက်တဲ့ အားကစားလားလို့ မေးစရာပါ... ဒါပေမယ့် မိမိခန္ဓာကိုယ် အလေချိန်ကို သယ်ပိုးရတာမို့ စက်ဘီးစီးခြင်းထက် ကြွက်သားနာကျင်ပျက်ဆီးမှု ၁၃၃ ကနေ ၁၄၄%၊ ကြွက်သားယောင်ယမ်းမှု ၂၅၆% နဲ့ DOMS ၈၇% ပိုများတာ တွေ့ရှိရပါတယ်... စနစ်တကျ ဝတ်ဆင် စက်ဘီးစီးခြင်းက ခန္ဓာကိုယ်ထိခိုက်မှု ပိုနည်းပါတယ်...

၈. ဒီအနေအထား ၃ ခုကို စဉ်းစားကြည့်ပါ...

၁. ကားထဲဝင်၊ ကားပိတ်ဆို့တာထိုင်စောင့်၊ ကားရပ်နားဖို့နေရာရှာ တန်းစီ၊ ရပ်နားခပေး၊ ရပ်၊ ရောက်ရှိ
၂. ကားမှတ်တိုင်သွား၊ bus ကားစောင့်၊ ကားနောက်ကျတာ အပြစ်တင်၊ ကားခပေး၊ bus ကား လမ်းကြောင်းအတိုင်း လိုက်စီး၊ အိမ်နဲ့ နာရီဝက်ခန့်သာဝေးတဲ့ နေရာ ရောက်ရှိ
၃. စက်ဘီးပေါ်တက်၊ အတိုဆုံးလမ်းကြောင်းရွေး၊ စက်ဘီးသော့ခတ်၊ ရောက်ရှိ

စက်ဘီးစီးခြင်းက အချိန်နဲ့ ငွေကုန်သက်သာတဲ့အပြင် လောင်စာဆီမသုံးစွဲခြင်းဖြင့် လေထုညစ်ညမ်းမှုကိုပါ မဖြစ်စေတော့ပါ...

၉. GPS လို ကရိယာတွေ မသုံးစွဲဘဲ လမ်းကြောင်းသစ်ရှာဖွေစက်ဘီးစီးခြင်းဖြင့် သင့်ရဲ့စိတ်မှန်းမြေပုံဆွဲခြင်း၊ အကောင်းဆုံးလမ်းကြောင်း ရှာဖွေခြင်းစွမ်းရည်တွေကို မြင့်တက်စေမှာပါ...

၁၀. လိင်ဆက်ဆံတာကောင်းတယ်လို့ သိကြပေမယ့် ဒါဟာ သင့်ကျန်းမာရေးအတွက်ပါ ကောင်းမွန်တာ သိပ်မသိကြပါဘူး... Wellness Institute ရဲ့ လေ့လာတွေ့ရှိချက်အရ တစ်နှစ်ကို အောင်မြင်တဲ့ လိင်ဆက်ဆံမှု အကြိမ် ၃၅၀ ခန့်ရှိသူတွေဟာ လိင်ဆက်ဆံမှု အကြိမ် ၄ ပုံ ၁ ပုံလောက်နည်းသူထက် အသက် ၄ နှစ်လောက် ပိုရှည်တာတွေ့ရှိရပါတယ်...

စက်ဘီးစီးခြင်းမှာ သုံးစွဲတဲ့ကြွက်သားတွေက လိင်ဆက်ဆံရာမှာ သုံးစွဲတဲ့ ကြွက်သားတွေနဲ့ တူညီနေတာမို့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံမှုကို ရမှာပါ...

ဒါ့အပြင် ခန္ဓာကိုယ်အလှကို ပေါ်လွင်စေတဲ့ စက်ဘီးစီးဝတ်စုံကလဲ ဆွဲဆောင်နိုင်မှုတစ်ခုပါ...

၁၁. စက်ဘီးစီးခြင်းက ကောင်းမွန်စွာ အိပ်ပျော်နိုင်မှုကိုတားဆီးတဲ့ စိတ်ပူပန်မှုကို လျော့ချပေးပါတယ်... ဒါ့အပြင် စက်ဘီးပုံမှန်စီးခြင်းဖြင့် အိပ်စက်မှုပြသနာတွေ ဖန်တီးပေးမယ့် အဝလွန်ခြင်းကိုလည်း ရှောင်ရှားနိုင်မှာပါ...

၁၂. စက်ဘီးစီးခြင်းက အသက်အရွယ်ကြီးမြင့်လာရင် ဖြစ်တတ်တဲ့ သိမှတ်နိုင်မှုစွမ်းရည် ကျဆင်းခြင်းကို ကာကွယ်ရာရောက်တဲ့အပြင် ဦးနှောက်ကျန်းမာရေးကိုလဲ ကောင်းစေပါတယ်...

၂၀၁၃ ခုနှစ်က လေ့လာတွေ့ရှိချက်အရ စက်ဘီးစီးစဉ် ဦးနှောက်တွင်း သွေးလည်ပတ်မှုကို ၂၈% မြင့်တက်စေပြီး အချို့အစိတ်အပိုင်းတွေမှာ ၇၀% ထိတောင် မြင့်တက်တာ တွေ့ရပါတယ်... စက်ဘီးစီးပြီးချိန်မှာတောင် သွေးလည်ပတ်မှု ၄၀% လောက် မြင့်တက်နေတာပါ...

ကောင်းမွန်တဲ့သွေးလည်ပတ်မှုက ကျနိးမာရေး အခြေခံကောင်းတစ်ခုဖြစ်ပြီး လူတစ်ဦးဟာ တစ်ပတ်ကို ၄ ရက်လောက် တစ်ရက်ကို ၄၅ မိနစ်နဲ့ တစ်နာရီကြား စက်ဘီးစီးသင့်တယ်လို့ ဆိုပါတယ်...

၁၃. စက်ဘီးစီးခြင်းက နှလုံးခုန်နှုန်းနဲ့ အသက်ရှုနှုန်းမြန်ဆန်ရုံသက်သက်မဟုတ်ဘဲ နည်းစနစ်ပိုင်းဆိုင်ရာ အရည်အချင်းတွေဖြစ်တဲ့ မိမိခန္ဓာကိုယ်အလေးချိန်ကို ထိန်းကျောင်းရင်း စက်ဘီးကိုလိုရာသွားစေပြီး အတက်၊ အဆင်း၊ ချိုးကွေ့ခြင်း တွေကို သင်ယူတတ်မြောက်နိုင်ပါတယ်...

၁၄. Appalachian State University ရဲ့ အသက် ၈၅ နှစ်အရွယ်ထိ လူကြီး ၁၀၀၀ ခန့်ကို လေ့လာခဲ့ရာမှ အားကစားလုပ်ခြင်းက အသက်ရှူလမ်းကြောင်းကို ကောင်းမွန်စေပြီး သာမန်အအေးမိနှာစေးခြင်းတွေကို ကာကွယ်ပေးပါတယ်...

အားကစားလုပ်ခြင်းဖြင့် လိုအပ်သော ပရိုတိန်းများထုတ်ပေးခြင်း၊ သွေးဖြူဥတွေကို နိုးထစေခြင်းဖြင့် ကိုယ်ခံအားကို မြှင့်တင်ပေးပါတယ်...

၁၅. စက်ဘီးစီးခြင်းက အပေါင်းအသင်းဝင်ဆံ့ပါတယ်... စက်ဘီးစီးအသင်းတွေမှာ ပါဝင်ပြီး ရုံးပိတ်ရက်တွေမှာ ပါဝင်တာ ခရီးရှည်နင်းရင်း ကော်ဖီဆိုင်အတူထိုင်တာတွေ လုပ်ဖြစ်မှာပါ...

သင်ကအခုမှ စက်ဘီးစစီးသူဆိုလဲ အသင်းအဖွဲ့တွေမှာ ပါဝင်ခြင်းဖြင့် စက်ဘီးပြုပြင်ထိန်းသိမ်းခြင်းအပါအဝင် အကြံဥာဏ်ကောင်းတွေ ရရှိမှာပါ...

Wednesday, November 1, 2017

ခေါင်းဆောင်နဲ့မကိုက်ညီတဲ့အမူအကျင့်များ

ခေါင်းဆောင်မှုနဲ့ဆိုင်တဲ့စာတွေ အတော်များများဖတ်ဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းပြီး မသိတာတွေ အများကြီးရှိနေသေးတာကိုလည်း သတိထားမိပါတယ်။ လေ့လာစရာဆိုတာ ဘယ်တော့မှ ကုန်တယ်လို့ကို မရှိနိုင်တော့ပါဘူး။ အသက်ရှူရင်ခုန်နေတိုင်းဟာ အသစ်သော လေ့လာစရာများနဲ့ပြည့်နေတဲ့ လောကကြီးလို့မြင်မိပါတယ်။
ဒီနေရာမှာ ပြောချင်တာက တကယ်လို့ သင်ဟာ မန်နေဂျာတစ်ယောက်၊ အကြီးတန်းအရာရှိတစ်ယောက်၊ ဒါမှမဟုတ် HR ဝန်ထမ်းတစ်ယောက် ဖြစ်နေမယ်ဆိုခဲ့ရင် သင့်ရဲ့ အလုပ်ဟာ ခေါင်းဆောင်မှုပေးရတာနဲ့ မကင်းနိုင်တော့ပါဘူး။ ကိုယ်ကိုယ်တိုင် ခေါင်းဆောင်လုပ်ရသလို၊ ခေါင်းဆောင်တွေကိုလည်း ရွေးချယ်ရပါလိမ့်မယ်၊ ရာထူးတိုးမြှင့်ပေးရမယ့်သူတွေကို ရွေးရပါလိမ့်မယ်၊ အလုပ်တာဝန် အသစ်တွေကို ပေးအပ်ရပါလိမ့်မယ်။ ဒီအခါမှာ ဘယ်လိုလူမျိုးတွေဟာတော့ ဒီလို ခေါင်းဆောင်မှုပေးရတဲ့ အလုပ်တွေနဲ့ သင့်တော်မလဲဆိုတာကို သင် ဘယ်လို ဆုံးဖြတ်ကြမလဲ။
ခေါင်းဆောင်ကောင်းတွေနဲ့ပတ်သက်ပြီး ရေးထားတဲ့စာတွေ အများကြီးတွေ့နိုင်ပါတယ်။စာဖတ်သူတွေလည်း အများကြီး ဖတ်ဖူးကြမယ်လို့ထင်ပါတယ်။ ခေါင်းဆောင်ကောင်း တစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေ၊ သွင်ပြင်လက္ခဏာတွေ မျိုးစုံကို လေ့လာနိုင်ပါတယ်။ ဒီအခါမှာတော့ စာရေးသူအနေနဲ့ ဘယ်လိုလူမျိုးကတော့ ခေါင်းဆောင်အလုပ်တွေနဲ့ မသင့်တော်ဘူးလဲဆိုတာကို အချက် (၈) ချက်နဲ့ ဆွေးနွေးတင်ပြကြည့်ချင်ပါတယ်။
1️⃣ ကိုယ်ချင်းစာစိတ်ကင်းမဲ့ခြင်း
ဟုတ်ပါတယ်။ ခေါင်းဆောင်ဆိုတာ နောက်လိုက်တွေရှိလို့ ခေါင်းဆောင်ဖြစ်လာတာပါ။ ဒီနောက်လိုက်တွေကို ဦးဆောင်မှုပေးတဲ့အခါမှာ ကိုယ်ချင်းစာစိတ်ကင်းမဲ့နေမယ်ဆိုလျှင် ၎င်းနောက်လိုက်များရဲ့ ဘဝဟာ အရမ်းကိုပဲ ခက်ခဲ နေပါလိမ့်မယ်။
ကိုယ်ချင်းစာစိတ်လို့ ပြောတဲ့အခါမှာ သူတပါးခံစားချက်၊ပြဿနာတွေကို ထပ်တူထပ် သဘောတူနိုင်ဖို့ကို ဆိုလိုတာမဟုတ်ပါဘူး။ ၎င်းတို့ရဲ့ ခံစားချက်၊ ပြဿနာတွေကို သူတို့နေရာမှာ ကိုယ်ဆိုလျှင်ဆိုတဲ့ စိတ်ထားကို ထားပြီး သူတပါးနေရာကနေစဉ်းစားပေးတတ်ကို ပြောချင်တာဖြစ်ပါတယ်။
ဒီလိုစိတ်ထားမျိုးဟာ ခေါင်းဆောင်တစ်ယောက်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ သူတပါးအပေါ် ကိုယ်ချင်းစာစိတ်မရှိတဲ့ သူတယောက်ဟာ ခေါင်းဆောင်တယောက်ရဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
2️⃣ အပြောင်းအလဲလုပ်ရမှာကို စိုးရွံ့ခြင်း
တကယ်တော့ အပြောင်းအလဲလုပ်ရတာကို လူတိုင်း စိုးရွံ့တတ်ကြပါတယ်။ မကြိုက်ကြပါဘူး။ အထူးသဖြင့် ငွေကြေးအကုန်အကျတွေ၊ လူပေါင်းများစွာရဲ့ အလုပ်တွေ ပါဝင်လာပြီဆိုလျှင် အပြောင်းအလဲလုပ်ဖို့ ပိုပြီး လက်တွန့်လာတတ်ကြပါတယ်။
ဒါပေမယ့်လည်း အပြောင်းအလဲ မလုပ်ဝံ့သူတွေဟာ အမြဲနောက်ကျကျန်နေခဲ့မှာဖြစ်ပါတယ်။ အပြောင်းအလဲများတဲ့ လောကမှာ အခြေအနေတွေဟာ အမြဲတမ်း တသမတ်တည်းရှိမနေနိုင်ပါဘူး။ ပြောင်းလဲနေလေ့ရှိပါတယ်။ အခြေအနေ အချိန်အခါကိုက်ပြီး ပြောင်းလဲသင့်တဲ့အချိန်မှာ ပြောင်းလဲနိုင်ဖို့အရေးကြီးပါတယ်။
ဘယ်အချိန်မှာ အပြောင်းအလဲတွေ လုပ်သင့်သလဲဆိုတာကိုမသိ၊ အပြောင်းအလဲ လုပ်ဖို့ကို စိုးထိပ်နေတတ်တဲ့သူတယောက်ဟာ ခေါင်းဆောင်တာဝန်ကို မယူထိုက်တဲ့ လူမျိုးပဲဖြစ်ပါတယ်။ သူ့ရဲ့ စိုးထိပ်မှုဟာ သူ့နောက်လိုက်တွေနဲ့ အခြားသောသူတွေကိုပါ အများကြီး နစ်နာသွားစေတတ်ပါတယ်။
3️⃣ အလွန်အမင် အလျော့ပေး အပေးအယူလုပ်တတ်ခြင်း
ခေါင်းဆောင်တယောက်ဟာ နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် စဉ်းစားပေးတတ်တာကောင်းပေမယ့်၊ အမြဲတမ်းလိုလို အလွယ်တကူ အလျော့ပေးလုပ်တတ်ခြင်းဟာ ၎င်းအတွက်ရော၊ နောက်လိုက်တွေအတွက်ပါ မကောင်းစေတတ်ပါဘူး။
ခေါင်းဆောင်တယောက်အနေနဲ့ ဘယ်အချိန်မှာတော့ အလျော့ပေးလိုက်လျောရမယ်၊ ဘယ်အချိန်မှာတော့ ကိုယ်က တင်းခံထားရမယ်ဆိုတာတွေကို နားလည်လုပ်ဆောင်နိုင်ရမှာဖြစ်ပါတယ်။
တချို့အရာတွေက သူများတွေအတွက်အရေးကြီးပေမယ့် ကိုယ့် အဖွဲ့ အတွက်က ဦးစားပေး မဟုတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုအနေအထားတွေမှာ မျှမျှတတနဲ့ မလုပ်တတ်ပဲ အလွယ်တကူ အလျော့ပေးနေမယ့်လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
4️⃣ အလွန်အမင် ဆရာကြီးဆန်ခြင်း
ဆရာကြီးဆန်ရင် လူကြီးဆန်တယ်လိုများ အချို့လူတွေကထင်နေကြလားမသိပါဘူး။ အမိန့်တွေပေး၊ အထက်စီးနဲ့ဆက်ဆံတတ်ကြတယ်။ ဒီလိုလုပ်ကြတဲ့အခါမှာ လူတွေက ကြောက်ရွံ့ကြလို့သာ လိုက်လုပ်ပေးကြတယ်၊ စိတ်ထဲမှာတော့ မပါကြတော့ပါဘူး။
ဒီလိုမျိုးနဲ့ အောက်လက်ငယ်သားတွေကို အပေါ်မှာ အလွန်အမင်း ဆရာကြီးဆန်စွာ ပြောဆိုဆက်ဆံတတ်တဲ့သူတွေကို ခေါင်းဆောင်တယောက်အနေနဲ့ တာဝန်ကို မပေးသင့်ပါဘူး။
5️⃣ မပြတ်မသား ချီတုံချတုံ အမြဲဖြစ်ခြင်း။
ခေါင်းဆောင်တယောက်ဟာ ဆုံးဖြတ်ချက်တွေကို ချနိုင်ရပါမယ်။ လုပ်ငန်းခွင်မှာ အမြဲတမ်းလို ရွေးချယ်ရတာတွေ၊ ဆုံးဖြတ်ချက်ချရတာတွေရှိလေ့ရှိပါတယ်။
ကိုယ့်ရဲ့နောက်လိုက်တွေကလည်း ကိုယ့်ကို ပြတ်သားတဲ့သူ၊ ဆုံးဖြတ်ချက်ချနိုသူ အဖြစ် အားကိုးလိုကြတာဖြစ်ပါတယ်။ ဒီလိုမျိုး ဆုံးဖြတ်တွေကို မပြတ်သားတဲ့အခါမှာ အောက်လက်ငယ်သားတွေဟာ အလုပ်လုပ်တဲ့အခါမှာ အဆင်မပြေဖြစ်ကြရပြီး စိတ်ဓါတ်တွေကျတတ်ကြပါတယ်။
ဒါကြောင့် ဟိုလိုလို သည်လိုလိုနဲ့
မပြတ်မသား ဆုံးဖြတ်ချက်မချနိုင်တဲ့ လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
6️⃣ လူတွေရဲ့ စရိုက်ကို အကဲဖြတ်ညံ့ခြင်း
ခေါင်းဆောင်တယောက်ဟာ လူကဲခပ်တော်သင့်ပါတယ်။ လူတွေနဲ့ပတ်သက်လာလျှင် မှန်မှန်ကန်ကန် အကဲမဖြတ်တတ်တဲ့အခါ အလုပ်လုပ်တဲ့ အခါမှာ နှောင့်နေ ကြန့်ကြာမှုတွေနဲ့ ကြုံရတတ်ပါတယ်။
ကိုယ့်ရဲ့နောက်လိုက်တွေရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်တွေကို အချိန်ပေး လေ့လာတတ်တဲ့အခါမှာ ကိုယ့်ရဲ့နောက်လိုက်တွေကို လူမှန်နေရာမှန် တာဝန်ပေး စေခိုင်းနိုင်မှာဖြစ်ပါတယ်။ သို့မဟုတ်ပါက လူမှန်နေရာမှန်တွေ မရရှိကြတော့ပဲ အခက်အခဲတွေရှိလာစေနိုင်ပါတယ်။
ဒါကြောင့် လူတွေရဲ့ စရိုက်ကို မှန်မှန်ကန်ကန် မမြင်နိုင်တဲ့ လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
7️⃣ လက်တွေ့ဘဝမှာအချိုးမညီခြင်း
လုပ်ငန်းတခုမှာ လူတစ်ယောက်ဟာ မနက်ဆိုလျှင် ရုံးကို အစောကြီးရောက်တတ်ပြီး ညနေမှာလည်း နောက်ဆုံးမှ ပြန်တတ်သူတယောက်ဟာ အလုပ်ကြိုးစားသူ၊ ရာထူးတိုးပေးသင့်သူလို ထင်မြင်ကောင်း ထင်မြင်ကြပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုမျိုးလူတွေဟာ သူတို့ရဲ့ဘဝမှာ အရာရာဟာ အချိုးညီညီရှိနေရဲ့လားလို မေးစရာရှိလာပါတယ်။
ဒီလိုမျိုး လက်တွေ့ဘဝမှာ အချိုးညီညီမရှိတဲ့သူတွေဟာ အလုပ်မှာ အလွယ်တကူ အားကုန်ခမ်း မောပန်းသွားနိုင်တတ်ပါတယ်။ ထို့အပြင် ကိုယ့်ရဲ့ နောက်လိုက်တွေအပေါ်လည်း မဖြစ်နိုင်တဲ့ မျှော်မှန်းခြင်းများရှိလာတတ်ပါတယ်။
ဒါကြောင့် လက်တွေ့ဘဝမှာ အရာရာကို မျှမျှတတ အချိုးညီညီမနေနိုင်တဲ့ လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
8️⃣ စိတ်နှလုံးနှိမ့်ချမှုမရှိခြင်း
အရာရာအားလုံးအပေါ်မှာ ကိုယ်သိကိုယ်တတ်၊ ကိုယ်သာလျှင် အရာရာကို မှန်ကန်စွာသည်လို့ မိမိကိုယ်ကိုယ် အထင်ရောက်ရှိနေသောသူတယောက်ဟာ ခေါင်းဆောင်ကောင်း တစ်ယောက် ဘယ်လို့မှ မဖြစ်လာနိုင်ပါဘူး။
သူတို့တွေဟာ အရာရာကို တယောက်တည်းနဲ့ ပြီးစီးအောင်လုပ်ကိုင်နေတတ်သောကြောင့်ဖြစ်ပါတယ်။ ၎င်းတို့သည့် အခြားသူများဟာ ကိုယ့်လို့ မသိ မတတ် မလုပ်ကိုင်နိုင်ကြဟု အမြင်ရောက်နေသူများလည်း ဖြစ်ကြပါတယ်။
ဒါကြောင့် ဒီလိုမျိုး စိတ်နှလုံးနှိမ့်ချမှုမရှိတဲ့ လူတယောက်ဟာ ခေါင်းဆောင်တာဝန် ဘယ်လိုမှ မယူသင့်ပါဘူး။
အခုပြောပြခဲ့တဲ့ အကြောင်းအရာများဟာ ခေါ်ဆောင်းတယောက်မှာ မရှိသင့်တဲ့ စိတ်နေစိတ်ထား အပြုအမူများပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီအထဲက တခုလောက်ဖြစ်နေရုံလေးနဲ့ ခေါင်းဆောင်အလုပ်တာဝန်ကို မပေးတော့ဘူးဆိုတာမျိုးကိုတော့ဆိုလိုတာမဟုတ်ပါဘူး။ ဘယ်သူမဆို ဒီလိုအကျင့်စရိုက်များရှိနေခဲ့မယ်ဆိုရင်လည်း ဒီအကျင့်စရိုက်များကို ပပျောက်အောင် လေ့ကျင်လေ့လာခြင်းအားဖြင့် ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်လာနိုင်ပါတယ်။
ဒါပေမယ့် ဒီလို အကျင့်စရိုက်မျိးဟာ တခုထက်မက ရှိလာနေပြီဆိုလျှင်တော့၊ ၎င်းတို့ဟာ ခေါင်းဆောင်တစ်ယောက်အဖြစ် တာဝန်ပေးအပ်ခံရဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုကို သိထားနိုင်ပါတယ်။
အကယ်၍များ မိမိဟာ ဒီလိုလူမျိုးတွေကို ဖွံ့ ဖြိုးတိုးတက်စေဖို့တာဝန်တွေရှိလာခဲ့မယ်ဆိုလျှင်တော့ အချိန်ယူပြီးတော့ ဒီအချက်တွေကို အပြုသဘောနဲ့ ပြောပြပြီး ပြုပြင်ပြောင်းလဲတိုးတက်ဖို့အတွက် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် အကျဉ်းချုပ်ပြန်ပြောရလျှင်၊ အောက်မှာဖေါ်ပြထားတဲ့ အချက် (၈) ချက်ဟာ ခေါင်းဆောင်တယောက်မှာမရှိသင့်တဲ့ အရာတွေဖြစ်တယ်ဆိုတာကို ဝေငှလိုက်ရပါတယ်။
1️⃣ ကိုယ်ချင်းစာစိတ်ကင်းမဲ့ခြင်း
2️⃣ အပြောင်းအလဲလုပ်ရမှာကို စိုးရွံ့ခြင်း
3️⃣ အလွန်အမင် အလျော့ပေး အပေးအယူလုပ်တတ်ခြင်း
4️⃣ အလွန်အမင် ဆရာကြီးဆန်ခြင်း
5️⃣ မပြတ်မသား ချီတုံချတုံ အမြဲဖြစ်ခြင်း
6️⃣ လူတွေရဲ့ စရိုက်ကို အကဲဖြတ်ညံ့ခြင်း
7️⃣ လက်တွေ့ဘဝမှာအချိုးမညီခြင်း
8️⃣ စိတ်နှလုံးနှိမ့်ချမှုမရှိခြင်း
ကျေးဇူးတင်စွာဖြင့်