(၁) ကော်ဖီရဲ့ အချိုအခါးက မွှေတဲ့အပေါ် မူတည်တာမဟုတ်ဘူး။
သကြားထည့်မထည့်ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။
ထိခိုက်ခံစားခဲ့ရတဲ့
နာကျင်ခြင်းက ဘယ်လိုမေ့ရမယ်ဆိုတဲ့အပေါ် မူတည်တာမဟုတ်ဘူး။ အသစ်တစ်ဖန် ပြန်စရဲတဲ့
သတ္တိအပေါ်မှာပဲ မူတည်တယ်။
(၂) လူ့ဘ၀ဆိုတာ ရေနွေးကြမ်းတစ်ခွက်နဲ့တူတယ်။ ခါးသက်ရာက
ချိုမြိန်တယ်။
လူ့ဘ၀က
တစ်သက်လုံး ခါးသီးနေမှာမဟုတ်ဘူး။ ခါးသီးပြီးနောက် ချိုမြိန်မှာပါပဲ။
(၃) ကမ္ဘာကြီး လည်နေပါတယ်။ ဒါကြောင့် လူတစ်ယောက်ဟာ ဘယ်တော့မှ
ကံဆိုးခြင်းဆိုတဲ့နေရာမှာ တစ်သက်လုံး ရပ်မနေနိုင်ဘူး။
(၄) တခြားလူအတွက် ဆူးညှောင့်ခလုတ်ကို ဖယ်ရှားပေးတာဟာ ကိုယ့်အတွက်
ချိုင့်ဖို့လမ်းခင်းလိုက်တာနဲ့ အတူတူပဲ။
(၅) ဆင်ခြေသုံးသပ်ချက်တွေကို တခြားလူထက် ကိုယ်ပိုသိတာဟာ
တခြားလူထက် ကိုယ်လုပ်တဲ့အမှား ပိုများလို့ဖြစ်တယ်။
(၆) အချိန်ဆိုတာ ပိုက်ကွန်နဲ့တူတယ်။ ကိုယ်ပိုက်ချတဲ့နေရာမှာပဲ
ကိုယ့်အတွက်ရိက္ခာရှိတယ်။
(၇) လူ့ဘ၀မှာ အလိုမကျခြင်းနှစ်ခုရှိတယ်။ လိုတာမရတာနဲ့
ရတာမလိုတာဖြစ်တယ်။
(၈) ရင့်ကျက်တယ်ဆိုတာ စိတ်အိုသွားတာမဟုတ်ဘူး။ ရင့်ကျက်တယ်ဆိုတာ
ငိုချင်သည့်တိုင် အပြုံးကိုထိန်းထားနိုင်တာဖြစ်တယ်။
(၉) နှုတ်ဆက်တာကို အရမ်းအလေးထားစရာမလိုဘူး။ ဒါပေမယ့် နှုတ်ဆက်တိုင်း
စိတ်ပါလက်ပါ ရှိရမယ်။
(၁ဝ) တူညီတဲ့ အအေးပုလင်းပါပဲ။ ဆိုင်မှာ ၅ ကျပ်နဲ့ရောင်းတယ်။
ကြယ်ငါးပွင့်ဟော်တယ်မှာ ၅၀နဲ့ရောင်းတယ်။ များသောအားဖြင့် လူတစ်ယောက်ရဲ့တန်ဖိုးကို
သူ့တည်နေရာနဲ့ ဆုံးဖြတ်ကြတယ်။
(၁၁) အလုပ်များတယ်ဆိုတာ ပျော်ရွှင်ခြင်းတစ်မျိုးပဲ။
နာကျင်ခြင်းတွေကို ကျွန်တော်တို့ သတိမရစေလို့ဖြစ်တယ်။
အပြေးအလွှားဆိုတာ
ပျော်ရွှင်ခြင်းတစ်မျိုးပဲ။ ဘ၀ရဲ့တကယ့်အရသာကို ကျွန်တော်တို့ ခံစားစေလို့ဖြစ်တယ်။
ပင်ပန်းတယ်ဆိုတာ
ဇိမ်ခံခြင်းတစ်မျိုးပဲ။ အချိန်ဖြုန်းတဲ့ တန်ဖိုးမဲ့သူမဟုတ်ကြောင်း
ကျွန်တော်တို့ကို ခံစားစေလို့ဖြစ်တယ်။
(၁၂) လူတစ်ယောက် ခရီးဝေး ဘယ်လောက်လျှောက်နိုင်မလဲ? သူနဲ့အတူ
တွဲလျှောက်တဲ့လူကို ကြည့်ရမယ်။
လူတစ်ယောက်
ဘယ်လောက်ထိ ထက်မြက်ထူးကဲနိုင်မလဲ? သူ့ကို သင်ကြားညွှန်ပြတဲ့လူကို ကြည့်ရမယ်။
လူတစ်ယောက်
ဘယ်လောက်ထိ အောင်မြင်နိုင်မလဲ? သူ့ဘေးက တွဲခေါ်ဖေးမတဲ့လူကို ကြည့်ရမယ်။
(၁၃) သူငယ်ချင်းမိတ်ဆွေဆိုတာ ကိုယ့်အကြောင်းကို ဂဃနဏသိသည့်တိုင်
ကိုယ့်ကိုနှစ်သက်သူဖြစ်တယ်။
(၁၄) လူအများက သင်ဘယ်လောက်ထိ အမြင့်ပျံသန်းနိုင်မလဲဆိုတာကို
သတိပြုနေချိန်မှာ လူတချို့က သင်ပျံသန်းတာ မောမမောဆိုတာကို ဂရုစိုက်မယ်။ ဒါဟာ
ခင်မင်မှုဖြစ်တယ်။
(၁၅) လူ့ဘ၀ရဲ့ အထွတ်အထိပ်ဆိုတာ စိတ်ကူးတွေ အကောင်အထည်ဖော်နိုင်တဲ့
တခဏမဟုတ်ဘူး။
စိတ်ကူးတွေ
အကောင်အထည်ဖော်ဖို့ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်ဖြစ်တယ်။
(၁၆) လူ့ဘ၀ရဲ့ အေးစက်ခြင်း၊ နွေးထွေးခြင်းကို
စိတ်ဓာတ်ရဲ့အပူချိန်နဲ့ အဆုံးအဖြတ်ပေးတယ်။
No comments:
Post a Comment