Sunday, July 13, 2014

ပျော်ရွှင်ခြင်း ဘယ်ဆီမှာ!



တစ်ခါက ရာဇဝင်ပုံပြင်တစ်ခုမှာ နတ်မင်းကြီးဟာ နတ်အဖွဲ့သားတွေနဲ့ အစည်းအဝေးလုပ်သတဲ့။

နတ်မင်းကြီး "လူတွေ ကြိုးစားပမ်းစားရှာဖွေမှ ပျော်ရွှင်ခြင်းကို တွေ့နိုင်ဖို့ ငါတို့လုပ်ရမယ်။ လူတွေအတွက် ပျော်ရွှင်ခြင်းကို ဘယ်နေရာမှာ ဝှက်ထားရင် ကောင်းမလဲ?"

နတ်သားတစ်ပါး "လူတွေ ကြိုးစားအားထုတ်ပြီးမှတွေ့နိုင်အောင် အလွယ်တကူမမြင်နိုင်တဲ့ တောင်အမြင့်ကြီးပေါ်မှာ ဝှက်ထားပါ"

နတ်သားရဲ့အကြံကို နတ်မင်းကြီး ခေါင်းခါတယ်။

တခြားနတ်သားတစ်ပါး "လူတွေ အလွယ်တကူမတွေ့နိုင်အောင် ပင်လယ်ရေအောက်မှာ ဝှက်ထားပါ"

နတ်သားရဲ့အကြံကို နတ်မင်းကြီး ခေါင်းခါတယ်။

နောက်ထပ်နတ်သားတစ်ပါး "ဒီလိုလုပ်ပါလား! ပျော်ရွှင်ခြင်းကို လူတွေရဲ့ရင်ဘတ်ထဲဝှက်ထားတာ အကောင်းဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာ ပျော်ရွှင်ဖို့အတွက်  ပြင်ပက အပျော်ကိုပဲရှာတတ်ပြီး ပျော်ရွှင်ခြင်းကို
သူတို့ရင်ဘတ်ထဲမှာလည်း တူးဆွနိုင်ကြောင်း ဘယ်တော့မှ မတွေးမိကြလို့ပါပဲ"

နတ်သားရဲ့အကြံကို နတ်မင်းကြီး ခေါင်းညိတ်ထောက်ခံလိုက်ပြီး ပျော်ရွှင်ခြင်းကို လူတွေရဲ့ ရင်ဘတ်ထဲ ထည့်ဝှက်ထားလိုက်တော့တယ်။

ဒီနေ့ သင်မပျော်ဘူးလား! သင့်ရင်ဘတ်ထဲ ထည့်ဝှက်ထားတဲ့ ပျော်ရွှင်ခြင်းကို တူးဆွလိုက်ပါ။

No comments:

Post a Comment