Sunday, February 7, 2016

ဖခင်တိုင်းသားယောက်ျားလေးကို သင်ပေးသင့်တဲ့အချက်(၈)ချက်

သားကို ငယ်က မဆုံးမ မိဘတစ်လီ ရန်သူမည်၏-ဆိုတဲ့ ရှေးစကားလေးအတိုင်းပါဘဲ၊ မိဘတွေဟာ သားငယ်သမီး
ငယ်တွေ ငယ်စဉ်ကတည်းက သင်ပေးထားရမယ့်အရာတွေ ကျေညက်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် သားငယ်
သမီးငယ်တွေရဲ့ အနာဂတ်ဟာ အဖုအထစ်မရှိ ကြီးပြင်းရမှာဖြစ်ပြီး လူတောသူတောမှာလည်း ၀င်ဆန့်မှာဖြစ်ပါတယ်။
အောက်မှာ ဖော်ပြမှာကတော့ သားရှိတဲ့ ဖခင်တွေအနေနဲ့ သူတို့ရဲ့ သားငယ်လေးကို အရွယ်မရောက်ခင်မှာ သင်ကြား
ပေးသင့်တဲ့ အချက်(7)ချက် ဖြစ်ပါတယ်။
1. တစ်ကိုယ်ရေ စည်းကမ်းကောင်းစေရမယ်။
စည်းကမ်းဆိုတာ လူ့တန်ဖိုးလို့တောင် တင်စားကြပါတယ်။ စည်းကမ်းသေ၀ပ်အောင် နေတတ်သူ မည်သူမဆို လူတွေ
က လေးစားကြပြီး အရာရာမှာလည်း စံထားခံရပါတယ်။ ကိုယ့်သားငယ်ကိုလည်း တစ်ကိုယ်ရေ စည်းကမ်းကောင်း
အောင် သင်ပေးထားရပါမယ်။
2. ယုံကြည်မှုကို တည်ဆောက်ပေးရမယ်။
ယုံကြည်မှုပျောက်ဆုံးနေတဲ့လူမှာ အနာဂတ်ဆိုတာ မရှိပါဘူး။ အနာဂတ်ဆိုတာထက် ပိုပြီးဆိုတဲ့ ပျောက်ဆုံးခြင်းတွေ
ကို တဆက်တည်း ခံစားရစေပါတယ်။ ယုံကြည်မှုရှိသူတစ်ယောက်ရဲ့ အရာရာတိုင်းအတွက် စိန်ခေါ်နိုင်စွမ်းတွေ၊ ယှဉ်ပြိုင်
မှုတွေ၊ အစွမ်းအစတွေအတွက် အရာရာ အဆင်သင့်ဖြစ်နေတတ်ဖို့ သင့်သားငယ်ကို သင်ထားပေးရမယ်။
3. တာဝန်ယူစိတ် တာဝန်ခံစိတ်
ယောက်ျားတစ်ယောက်ရဲ့ တန်ဖိုးထဲမှာ တာဝန်ယူစိတ်နဲ့ တာဝန်ခံမှုလည်း ပါဝင်ပါတယ်။ အရာရာကို အလေးထား တန်ဖိုး
ထားခြင်းနဲ့အတူ ကိစ္စရပ်တိုင်းကို မဆုတ်မနစ်ကြိုးစားလုပ်ကိုင်ခြင်းဟာ ယောက်ျားတစ်ယောက်မှာ ရှိသင့်တဲ့ တာဝန်ယူ
စိတ်ဖြစ်ပြီး ဖြစ်လာသမျှကိုလည်း ရဲရဲဝင့်ဝင့် တာဝန်ခံနိုင်တဲ့ သတ္တိကို ပိုင်ဆိုင်တဲ့ သားတစ်ယောက်ဖြစ်စေဖို့ ဖခင်တွေမှာ
တာဝန်ရှိပါတယ်။
4. အမှီအခိုမရှာခြင်း
ဒါကို လက်ကြောတင်းတဲ့ လူသားတစ်ယောက်ဖြစ်အောင် သင်ပေးခြင်းလို့ အဓိပ္ပါယ်ဖွင့်လိုက ဖွင့်နိုင်ပါတယ်။ ယောက်ျား
တစ်ယောက်ဟာ ရေရှည်မှာ သူများအပေါ် မှီခိုတွယ်တာလွန်းရင် ပျင်းတတ်ပါတယ်။ ပျင်းရုံမက ဖျင်းသွားတတ်ပါတယ်၊
ဒါဆိုရင် ဘယ်နေရာမှ အသုံးမကျတော့ပါဘူး။ ဒီတော့ သင့်သားငယ်ကို ကိုယ်ပိုင်အစွမ်းအစနဲ့ ရပ်တည်လိုစိတ်၊ အရာရာ
ကို ဖြေရှင်းလိုစိတ်တွေ သင်ပေးထားရပါမယ်။
5. နှိမ့်ချရိုကျိုးသောစိတ်ထား
လူမှုအသိုင်းအ၀န်းမှာ အရေးကြီးဆုံးက လူသားအချင်းချင်း တန်းဖိုးထားမှု၊ ရိုကျိုးလေးစားမှု၊ အချင်းချင်းရဲ့ လွတ်လပ်စွာ
လုပ်ဆောင်ပိုင်ခွင့် အခွင့်အရေးကို အလေးထားမှု-စတဲ့ အချက်တွေဟာ အရေးပါပါတယ်။ အဲဒီအချက်တွေနဲ့ ကင်းပပြီး
ရပ်တည်သူဟာ လူ့ဂွစာ၊ လူ့အန်ဖက် အဖြစ်နဲ့ရပ်တည်ရမှာမို့ နှိမ့်ချသင့်တဲ့နေရာမှာ နှိမ့်ချတတ်အောင် သင့်သားငယ်ကို
သင်ပေးထားရပါမယ်။
6. နိုးနိုးကြားကြားရှိစေဖို့
လူတစ်ယောက်ဟာ တက်ကြွလန်းဆန်းနေတဲ့ ပုံစံမျိုးရှိရပါတယ်။ အထူးသဖြင့် ယောက်ျားလေးတစ်ယောက်အဖို့ ကြည့်
လိုက်တိုင်း ဠင်းတ မှိုင်မှိုင်နေလို့ ကျက်သရေ မရှိပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် တက်ကြွလန်းဆန်းနေအောင် ပြုစုပျိုးထောင်
ပေးရမှာက ဖခင်ရဲ့တာဝန်ပါ။
7. ရိုးသားရမယ်၊ သန်မာရမယ်၊ အမျိုးသမီးတွေကို တန်ဖိုးထားတတ်ရမယ်
ရိုးသားခြင်း သန်မာခြင်း-ဆိုတာ ယောက်ျားတွေမှာ ရှိရမယ့်အရာတွေဆိုတာ သိသာစေလို့ ရှည်ရှည်ဝေးဝေး ရှင်းမပြတော့
ပါဘူး။ အမျိုးသမီးတွေကို တန်ဖိုးထားရမယ်ဆိုတာကလည်း ရှင်းပါတယ်။ ဘယ်မိန်းမကို မဆို မိခင်ကဲ့သို့၊ နှမကဲ့သို့ စည်း
စောင့်နိုင်ပါမှ လူ့သိက္ခာရှိတဲ့ လူတစ်ယောက်ဖြစ်မှာမို့လို့ ဒါကလည်း ယောက်ျားတစ်ယောက်အတွက် သိပ်ကို အရေးပါပါ
တယ်။

No comments:

Post a Comment