Monday, October 30, 2017

ဓာတ်​ပုံ​လေး​တွေကို ဆွဲ​ဆောင်​မှုရှိ​အောင်​ ဘယ်​လိုရိုက်​မလဲ . . .?

အရင်​ဆုံး ကိုယ်​​ပေးချင်​တဲ့ Message က ဘာလဲဆိုတာ အရင်​စဉ်းစားရပါမယ်​။ ဓာတ်​ပုံဝါသနာရှင်​​တွေကို ကိုယ်​​ဖော်​ပြချင်​တဲ့ အ​ကြောင်းအရာက ဘာလဲ​ပေါ့​။
စဉ်းစားပြီးပြီဆိုတာနဲ့ ကိုယ့်​​ပေးချင်​တဲ့ Message ကို ပုံ​ဖော်​​ပေးမယ့်​ Subject ကို ​ရွေးချယ်​ပါ။ ရုပ်​ရှင်​လို ​ပြောရမယ်​ဆိုရင်​​တော့ ဇာတ်​​ကောင်​​ပေါ့။ အဲ့ဒီ Subject က သက်​ရှိဖြစ်​ဖြစ်​, သက်​မဲ့ဖြစ်​ဖြစ်​ အ​ရေးမကြီးပါဘူး။ အ​ရေးကြီးတာက ကိုယ်​​ပေးချင်​တဲ့ Message ကို အ​ကောင်းဆုံး ပုံ​ဖော်​​(သရုပ်​​ဆောင်​)ပေးနိုင်​သူ ဖြစ်​ဖို့ပါပဲ။

Rule of Thirds
ပုံ (1)မှာ ဓာတ်​ပုံကို အ​ပေါ်​အောက်​, ဘယ်​ညာ မျဉ်းနှစ်​​ကြောင်းဆီ ဆွဲထားပါတယ်​။ ပြီး ​တော့ အဲ့မျဉ်း​လေး​တွေ တစ်​ခုနဲ့တစ်​ခု ဆုံတဲ့​နေရာ​တွေမှာ × ​လေး ပြထားပါတယ်​။ (ဒါကို Rule of Thirds လို့ ​ခေါ်ပါတယ်​​) အဲ့ဒီ မျဉ်း​လေး​တွေဆုံတဲ့ ​နေရာမှာ ကိုယ့်​Messageကို
ပုံ​ဖော်​​ပေးမယ့်​ Subject ကို ထားရပါတယ်​။ ဒါဆို ပုံ​လေး​တွေက ဆွဲ​ဆောင်​မှုရှိသလို ကိုယ်​​ပေးချင်​တဲ့ Message ကိုလည်း ပိုပြီး​ပေါ်လွင်​​စေပါတယ်​။
ပုံ(2) နဲ့ ပုံ(3) မှာဆိုရင်​ Subject ဖြစ်​တဲ့ မှိုပွင့်​​လေး​တွေကို ကျွန်​​တော်​က ​အောက်​မျဉ်းရဲ့ ဘယ်​ညာဆုံမှတ်​​လေး​တွေမှာ ထား,ထားပါတယ်​။ Subject က​တော့ တစ်​ခုတည်း။ ဒါ​ပေမယ့်​ Subject ကို ဘယ်​ညာ​ပြောင်းထားပြီး ရိုက်​လိုက်​တဲ့အခါ ဆွဲ​ဆောင်​မှုရှိတဲ့ ပုံ​လေးနှစ်​ပုံ ရလိုက်​ပါတယ်​။
ပုံ (4)မှာက​တော့ ကျွန်​​တော် ​နေဝင်​ချိန်​ကို ရိုက်​ထားပါတယ်​။ ကျွန်​​တော်​​ပေးချင်​တဲ့ Message က ​နေဝင်​ချိန်​ရဲ့ အလှတရားကိုပါ​။ အဲ့​တော့ ကျွန်​​တော့်​ရဲ့ Message ကို ပုံ​ဖော်​​ပေးမယ့်​ Subject က ​နေ။ ဒီ​တော့ ကျွန်​​တော်​က ​နေကို ​အောက်​မျဉ်းရဲ့ ညာဘက်​ဆုံမှတ်​မှာ ထားတယ်​။ ​နေဝင်​ချိန်​မှာ ​ကောင်းကင်​ရဲ့ အလှတရားကို ဦးစား​ပေးပြချင်​တာ​ကြောင့်​ ​ကောင်းကင်​ကို ဓာတ်​ပုံရဲ့ သုံးပုံ,နှစ်​ပုံ ​နေရာ​ပေးလိုက်​တယ်​။ ​ရေပြင်​ကို​တော့ တစ်​ပုံပဲ ​နေရာ​ပေးထားတယ်​။ (မျဉ်း​ကြောင်း​လေး​တွေကို ​သေချာကြည့်​​ပေးပါ)
နေကို အလယ်​တည့်​တည့်​က ထားပြီးရိုက်​လို့်​ရော မရဘူးလားဆို​တော့ ရ​တော့ရပါတယ်​။ ဒါ​ပေမယ့်​ ဒီ​လောက်​​တော့ ဆွဲ​ဆောင်​မှုမရှိနိုင်​ပါဘူး။ ကျွန်​​တော်​ကိုယ်​တိုင်​လည်း အဲ့​နေရာမှာပဲ ​နေကို အလယ်​ထားပြီး တစ်​ပုံရိုက်​ကျိခဲ့ပါ​သေးတယ်​။ ဒါ​ပေမယ့်​ ဆွဲ​ဆောင်​မှု သိပ်​မရှိလို့ မတင်​ဖြစ်​ခဲ့ပါဘူး။
ပုံ(5)မှာ ပုဇဉ်း​လေးတစ်​​ကောင်​ နား​နေတာကို ရိုက်​ထားပါတယ်​။ သူ့ကို​တော့ အ​ပေါ်မျဉ်းရဲ့ ညာဘက်​ဆုံမှတ်​မှာပဲ ထား,ထားပါတယ်​။ သူ့ကို အ​ပေါ်မှာ ထားလိုက်​ရခြင်း အ​ကြောင်းက​တော့ သူနား​နေတဲ့ အပင်​,အရွက်​​လေး​တွေက လှလို့ပါ။ ​နောက်​ပြီး သူနား​နေတဲ့ သစ်​ကိုင်း​လေးက အခြားသစ်​ရွက်​​တွေနဲ့ အတူတစ်​တန်းထဲ ရှိမ​နေပဲ အ​ပေါ်ကို ထိုးထွက်​​နေလို့ပါ။ တကယ်​လို့များ ပုဇဉ်း​လေးကို ​အောက်​မျဉ်းရဲ့ ညာဘက်​ဆုံမှတ်​မှာ ထားလိုက်​ရင်​ သစ်​ရွက်​​လေး​တွေ သိပ်​ပြီး​ပေါ်​တော့မှာ မဟုတ်​ပါဘူး။
နောက်​ပြီး​တော့ ပုဇဉ်းကို အ​ပေါ်မျဉ်းမှာ ထားတာ​တော့ ဟုတ်​ပါပြီ။ ဘယ်​ဘက်​​ဆုံမှတ်​မှာ​ရော ထားလို့်မရဘူးလားလို့ ​မေးစရာရှိနိုင်​ပါတယ်​။ ရ​တောရပါတယ်​။ ဒါ​ပေမယ့်​ ကြည့်​ရတာ အဆင်​​ပြေမယ့်​ ပုံတစ်​ပုံ ဖြစ်​မလာနိုင်​ပါဘူး။ ဘာလို့လဲဆို​တော့ ပုဇဉ်းဟာ ဘယ်​ဘက်​ကို မျက်​နှာမူပြီး နား​နေတာပါ။ နားလို့ဝရင်​ ဘယ်​ဘက်​ဆီကို ဦးတည်​ပျံသန်းသွားဖို့ ရှိပါတယ်​။ ဒါ​ကြောင့်​ သူမျက်​နှာမူဦးတည်​​နေတဲ့ဘက်​ကို ​နေရာ​ပေးဖို့ လိုအပ်​ပါတယ်​။ သူဦးတည်​​နေတာကလည်း ဘယ်​ဘက်​၊ သူ့ကို ထား,ထားတဲ့​နေရာကလည်း ဘယ်​ဘက်​ဆိုရင်​ ပုံကို ကြည့်​လိုက်​တဲ့အခါ ခပ်​ကြပ်​ကြပ်​ကြီး ဖြစ်​​နေပါလိမ့်​မယ်​။ သိပ်​မလွတ်​လပ်​​တော့ဘူး​ပေါ့။ လူ​တွေကလည်း အ​တောင်​ပံပါတဲ့ သတ္တ၀ါဆို လွတ်​လွတ်​လပ်​လပ်​ ​ပေါ့​ပေါ့ပါးပါး ရှိတဲ့သတ္တဝါ​တွေလို့ ထင်​မှတ်​ထားကြတယ်​​လေ။ ဒါ​ကြောင့်​ သူတို့ကြည့်​ရှုတဲ့ ပုံ​တွေကိုလည်း လွတ်​လပ်​​ပေါ့ပါး​စေချင်​ကြတယ်​။
ပုံ(6)က​တော့ က​လေး​တွေ ​ရေကူး​နေတယ်​။ ဒီ​တော့ ကျွန်​​တော်​​ပေးချင်​တဲ့ Message ကများတယ်​။ က​လေး​တွေ ​ချောင်းထဲမှာ ​ရေကူးတဲ့အခါ ပုံစံအမျူိးးမျူိးးနဲ့ ​ရေကစားတတ်​တာကို ​ပေးချင်​တာ။ ဒီ​တော့ ကျွန်​​တော်​​ပေးချင်​တဲ့ Message ကို ပုံ​ဖော်​​ပေးမယ့်​ Subject ကလည်း များလာရ​တော့မယ်​။ အဲ့ဒီ​တော့ ကျွန်​​တော်​က Subject ​တွေကို မျဉ်း​ကြောင်း​တွေရဲ့ ဆုံမှတ်​မှာ မထား​တော့ဘူး။
ဓာတ်​ပုံကို (၉)ပုံ,ပုံပြီး အလယ်​သုံးပုံးမှာ တစ်​ပုံကို Subject တစ်​ခုစီ ထားလိုက်​တယ်​။ ကျန်​တဲ့ အ​ပေါ်​အောက်​ (၆)ပုံကို​တော့ ​ရေပြင်​​တွေပဲ ထားလိုက်​တယ်​။ ​ဒီ​တော့ ကျွန်​​တော်​​ပေးချင်​တဲ့ က​လေး​တွေရဲ့ ​ရေကစားနည်း​သုံးမျူိးးကို ထင်​ထင်​ရှားရှား ​ပေးခွင့်​ရတယ်​​။ ကျွန်​​တော့်​ Message ကို ပုံ​ဖော်​​ပေးတဲ့ Subject ​တွေလည်း သူ့အကန့်​နဲ့သူဆို​တော့ ရှုပ်​​ထွေးမ​နေ​တော့ပါဘူး။ ပုံ​လေးကို ကြည့်​လိုက်​တာနဲ့ ကျွန်​​တော်​​ပေးချင်​တဲ့ Message ကို တန်းသိ,တန်းမြင်​နိုင်​သွားပါ​တော့တယ်​။
ပုံ(7)မှာ​တော့ ပန်းတစ်​ပွင့်​တည်းပါ။ ကျွန်​​တော်​ကလည်း ပန်းတစ်​ပွင့်​တည်းရဲ့ အလှတရားကိုသာ ပြချင်​တာ​ကြောင့်​ သူ့ကို မျဉ်းလိုင်း​တွေ​ပေါ် မတင်​​တော့ပဲ အလယ်​တည့်​တည့်​မှာပဲ ထားလိုက်​ပါတယ်​။ Rule of Thirds ကို ဓာတ်​ပုံတိုင်း သုံးရမယ်​လို့ မဆိုလိုပါဘူး။ တစ်​ချူိး့​သောပုံ​တွေဆို (အထူးသဖြင့်​ ပုံ(၇)လို​ပေါ့) အလယ်​တည့်​တည့်​မှာ ထားမှ အဆင်​​ပြေပါတယ်​။
အဆင်​​ပြေကြပါ​စေ. . . . ။ (ပုံ​တွေအားလုံးကို Snapseed နဲ့ပြင်​ထားပါသည်​)
(တခြားသူ​တွေကို သိ​စေချင်​တဲ့စိတ်​​ကြောင့်​သာ ​ရေးလိုက်​ရတာပါ။ ပထမဆုံး​ရေးဖူးတာမို့ အမှား​တွေ,လိုအပ်​ချက်​​တွေ အများကြီးရှိပါတယ်​။ ဒါကို နားလည်​သည်းခံပြီး ဖတ်​​ပေးကြပါလို့ ​​တောင်းဆိုလိုပါတယ်​)
မေတ္တာဖြင့်
Phone Photograph - Aung Chan Thar

No comments:

Post a Comment