Monday, October 30, 2017

Flash (Speedlite ) Duration time.....

Flash photographyကိုစပြီးလေ့လာသူများအတွက်ကျနော်လေ့လာသင်ယူမှတ်သားမိသလောက်မျှဝေချင်ပါတယ်..
Flashမှာသိထားသင့်တဲ့Flash Durationဆိုတာနဲ့ပါတ်သက်ပြီးအရင်မျှဝေချင်ပါတယ်..Flashရဲ့ပါဝါအလင်းအားဟာFlash Durationပေါ်မှာမူတည်ပြီးအလင်းအနည်းအများဖြစ်ပေါ်တာပါ..Flashမီးလင်းတဲ့အားဟာပုံမှန်တခုမှာရှိပြီးFlash Durationကြာရင်မီးအားများပြီးDurationတိုရင်(မြန်ရင်)မီးအားနည်းစေပါတယ်..
ဥပမာ...Godox V860 IIရဲ့ Flash Duration ဟာ
1/300 to 1/20000seconds ဖြစ်ပါတယ်(Flash ပေါ်မှာမူတည်ပြီး Durationကွာပါတယ်)
Flash power full 1/1မှာဆိုရင်..Flash Duration 1/300secဖြစ်ပြီး 1/128ဆိုရင် Duration 1/20000secဖြစ်ပါတယ်.. 1/128ရဲ့အလင်းအချိန်ကအရမ်းတိုတာဖြစ်လို့မီးသက်ရောက်မှုကနည်းပြီးမီးအားကိုနည်းစေသလို..လှုပ်ရှားနေတဲ့အရာကိုလည်း..Freeze (ပြတ်သားမှု)ရှိစေပါတယ်..Freezeဖြစ်စေဖို့ဆိုရင်မိမိရွေးချယ်ထားတဲ့Shutter speedက Ambient lightကိုသက်ရောက်မှုမရှိစေဖို့သတိထားရပါမယ်..လုံးဝမှောင်နေတဲ့အနေအထားမှာဆိုရင်အသင့်တော်ဆုံးပါ....ဒီနည်းနဲ့ Water drop စသာတွေကိုပြတ်သားစွာရိုက်ယူနိုင်ပါတယ်..
အောက်ကပုံတွေဟာFlash Duration ကိုအသုံးချပြီး Low lightမှာ လှုပ်ရှားနေတဲ့အရာကိုFreezeဖြစ်အောင်ရိုက်ထားတာဖြစ်ပါတယ်..ပုံတွေရဲ့အောက်မှာအချက်အလက်ကိုသီးသန့်မျှဝေထားပါတယ်...
စာရှည်သွားမှာစိုးလို့အသေးစိတ်မရေးတော့ဘဲလိုရင်းကိုဘဲမျှဝေရေးထားပါတယ်..
Flash photographလေ့လာသူတွေအတွက်ဆက်လက်လေ့လာသင်ယူမျှဝေသွားချင်ပါတယ်...

Model: Wai Hnin Lwin Htun
See & Feel
Zaw Min (G.T.S)

No comments:

Post a Comment