ဘ၀တွင် တန်ဖိုးအရှိဆုံးရင်းနှီးမြုပ်နှံခြင်းသည် ကိုယ့်ကိုကိုယ်တွင် ရင်းနှီးမြုပ်နှံခြင်းဖြစ်သည်။
ကိုယ့်ရည်မှန်းချက်ကိုအောင်မြင်ရင် ကိုယ့်ရည်မှန်းချက်နှင့် ထိုက်တန်သော
လူတစ်ယောက်ဖြစ်လာရမည်။ လူအသစ်တစ်ယောက်ဖြစ်လာရမည်။ လူအများစုသည်
ရည်မှန်းချက်ကိုလိုချင်ပြီး ကိုယ့်ကိုကိုယ်ပြောင်းလဲဖို့ မကြိုးစားကြပါ။
ထိုရည်မှန်းချက်သည် အလုပ်ပိုကြိုးစားရမယ်ဆိုတာကို သိပေမဲ့ ကိုယ့်စိတ်က
အလုပ်ပိုမလုပ်ချင်ရင် မအောင်မြင်နိုင်ပါ။ လိုချင်မှုတစ်ခုနဲ့ မရနိုင်ပါ။
လိုချင်မှုနဲ့ ထိုက်တန်သော လူတစ်ယောက်ဖြစ်လာရပါမည်။ ထိုအဆင့်နှင့် တန်းတူသော
အရည်အချင်းတွေ ရှိလာရပါမည်။ Jim Rohnက လူအများစုသည် သူ တို့ လိုချင်သော
ရည်မှန်းချက်များကို သူတို့ ကိုယ်သူတို့ မပြောင်းလဲပဲရအောင်
ကြိုးစားကြပါသည်။ ထိုနည်းလမ်းသည် မအောင်မြင်ပါ။ အရင်
ကိုယ့်ကိုကိုယ်ပြောင်းလဲပစ်ရမည်။ မြင့်မားသော ရည်မှန်းချက်ကို
ရအောင်လုပ်ချင်ရင် ကိုယ့်ကိုကိုယ် စိတ်ဓာတ် ၊ အကျင့် ၊ နယ်ပယ်ဆိုင်ရာညဏ်ပညာ
၊ လုပ်ရဲသော သတ္တိ မြင့်မားလာအောင်လုပ်ရမည်။
တိုးတက်စေသည့် စာအုပ်များကိုဝယ်ပြီးဖတ်ခြင်း
ကိုယ့်ရည်မှန်းချက်အောင်မြင်လာအောင် အရင် စာအုပ်တွေဖတ်ရပါမည်။
စီးပွားရေးလုပ်ချင်ရင် ၊ ကုမ္ပဏီတစ်ခု ( ကိုယ်ပိုင် ကုမ္ပဏီဖြစ်ဖြစ် ၊
သူများကုမ္ပဏီဖြစ်ဖြစ် ) ခေါင်းဆောင် တစ်ယောက်ဖြစ်ချင်ရင်
ထိုအရာနှင့်ပတ်သတ်သော စာအုပ်များကို ဖတ်သင့်ပါသည်။ ထိုစာအုပ်များကို
စာအုပ်ဆိုင်သွားပြီး ဖတ်သင့်ပါသည်။ ဈေးကွက်စီးပွားရေးသည် အင်မတန်ကျယ်ပြန်
့သည်။ အရင်က ကုမ္ပဏီကြီးတွေ ရှိရင်တောင် ကိုယ့်ကုမ္ပဏီက အသစ်အနေနှင့်
ဝင်လာတာတောင် ပြိုင်ဘက်တွေထက် ပိုပြီးတီထွင်နိုင် ၊ ပိုပြီး ကုန်ပစ္စည်းကို
ကောင်းအောင် စဉ်းစားနိုင်ရင် ၊ လုပ်နိုင်ရင် ၊ အလုပ်ပိုလုပ်နိုင်ရင်
ပိုကောင်းတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်ပါသည်။ ဈေးဝယ်သူများသည်
ကိုယ့်ကုမ္ပဏီက ကုန်ပစ္စည်းတွေကို ၀ယ်ပါလိမ့်မည်။ ထိုကဲ့သို့ သော
စီးပွားရေးဆိုင်ရာ ညဏ်ပညာကို စာအုပ်ပေါင်းမြောက်များစွာဖတ်မှ
သိနိုင်ပါလိမ့်မည်။ MBA လည်း တကယ်တမ်း တက်စရာမလိုပါ။ ကိုယ့်ပာာကိုယ်
စာအုပ်ဖတ်ခြင်းသည် ကျောင်းတက်တာနှင့် မဆိုင်ပါ။ တကယ်တိုးတက်ချင်ရင်
ကိုယ်လိုချင်သော ရည်မှန်းချက်အတိုင်း ဖြစ်ရင်
လိုချင်သောရည်မှန်းချက်အရှိန်နဲ့ ကြိုးစားရပါမည်။
စာအုပ်ပေါင်းမြောက်များစွာကို ကိုယ့်ပာာကိုယ် ဖတ်ရှုရပါမည်။ ပိုသိရင်
ပိုစဉ်းစားနိုင်သည်။ ပိုစဉ်းစားနိုင်ရင် သူများတွေမမြင်သော
အရာတွေကိုညဏ်ပညာနှင့် သိလာသည်။ ထိုသိလာဖို့ စီးပွားရေးစာအုပ်တွေ ဖတ်မှရမည်။
စာဖတ်သူဖြစ်ချင်သော ရည်မှန်းချက်အတိုင်လည်း ဖတ်ရှုနိုင်ပါသည်။ ကိုယ်
ဖြစ်ချင်သော နယ်ပယ်က စာအုပ်တွေကိုဖတ်ပါ။ ထိုနယ်ပယ်က နာမည်ကြီးသောသူတွေ
ရေးသော စာအုပ်တွေကိုဖတ်ပါ။ စာအုပ်တွေကို ၀ယ်နိုင်ရင်ကောင်းပါသည်။
ကိုယ်အလုပ်လုပ်သော နေရာတွင် ထားရင်ကောင်းပါသည်။ ဖတ်ဖို့ လိုအပ်သည့်အခါ
အလုပ်လုပ်သည့်နေရာတွင် ထားသောစာအုပ်စင်ကနေ တန်းယူလို့ ရပြီး ဖတ်လို
့ရပါသည်။ ဖတ်ပြီးရင် အသုံးချလို့ ရပါသည်။ Knolwdge is power. ( ဗပာုသုတသည်
အင်အားရှိသည် ) လို့ ပြောပါသည်။ သို့ သော် သိပြီးအသုံးမချရင် ထိုဗပာုသုတသည်
အင်အားမရှိတော့ပါ။ သိရုံနှင့်မရ။ ဆိုင်သောနေရာတွင် အသုံးချရမှ
ထိုဗပာုသုတသည် အင်အားရှိသည်။
ကမ္ဘာပေါ်တွင် တတိယအချမ်းသာဆုံးသူ
Warren Buffet သည် တစ်နေ့ ကို စာမျက်နှာ (၅၀၀)လောက်ဖတ်ပါသည်။ သူက စာဖတ်ရင်
ပိုပြီးစဉ်းစားသည်။ စဉ်းစားတော့ စိတ်လိုက်မာန်ပါရွေးချယ်ချက်တွေ
လုပ်တာနည်းသွားသည်ပာု ပြောပါသည်။
လူ့ ဘ၀ပာာ ရွေးချယ်ချက်တွေနဲ
့စုစည်းထားပါသည်။ ငါဒီနေ ဘာဝတ်ရင်ကောင်းမလဲဆိုတာကအစ လက်ထပ်သည်အထိ ငါသူ
့ကိုလက်ထပ်ရင်ကောင်းမလား စသည့် အရေးကြီးသော ရွေးချယ်ချက်တွေနဲ့ ဖွဲ
့စည်းထားပါသည်။ ကိုယ့်ဘ၀ ဒီနေ့ ပာာ ကိုယ်လုပ်ခဲ့တဲ့
ရွေးချယ်ချက်တွေအားလုံးဧ။် စုပေါင်းရလဒ်ဖြစ်ပါသည်။ နေ့ တိုင်း
စာတွေအများကြီးဖတ်သွားသည့်အခါ ရက်တွေ လတွေကြာလာတော့ ကိုယ်သိတာတွေက
ပိုပြီးများလာသည်။ ထိုအခါ ကိုယ် အသုံးချစရာတွေအများကြီးရှိလာပြီး
ကိုယ့်ရည်မှန်းချက်အောင်မြင်နိုင်ပါသည်။
အကျင့်ကောင်း
လူတစ်ယောက်ဧ။် တစ်နေ့ တာသည် အကျင့်များဖြင့်ဖွဲ့ စည်းထားသည်။ မနေ
့ကလုပ်ခဲ့တာကို ဒီနေ့ လုပ်မည်။ အကျင့်တွေသည် အလိုလိုဖြစ်နေပြီး သူ့ အလိုလို
လုပ်ပြီးသားဖြစ်နေသည်။ အကျင့်ရှိနေတာက လူ့ သဘာဝဖြစ်သည်။ သို့ သော် ဘယ်လို
့အကျင့်လဲဆိုတာက အင်မတန်အရေးကြီးသည်။ ရေရှည်တွင် ကိုယ့်ရည်မှန်းချက်
အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းသည် အကျင့်ပေါ်တွင်မူတည်သည်။
ငါလိုချင်လိုက်တာ ဆိုသော ရည်မှန်းချက်တွေ ပြင်းထန်နေသော အချိန်သည်
အမြဲတမ်းမရှိပါ။ တစ်ခါတစ်လေကျရင် ပြင်းထန်နေသော ခံစားချက်တွေမရှိပါ။ သို
့သော်ရည်မှန်းချက်ကိုရောက်အောင် သယ်ဆောင်ပေးမည့်အရာသည် အကျင့်ဖြစ်သည်။
ရည်မှန်းချက်ကို ရောက်အောင်ပို့ ပေးသော အကျင့်ကို ပြုစုပျိုးထောင်ပါ။
အကျင့်ကို ကိုယ်ကိုကိုယ်တိုင် တောင် ငြင်းဆန်လို့ မရပါ။
ကိုယ့်ဘ၀တွင်
ရှိသော မကောင်းသောအကျင့်တွေရှိလားလို့ စဉ်းစားပါ။ ချရေးပါ။ ငါဒီနေ
့ပြောင်းလဲဖို့ ဘာလုပ်နိုင်လဲဆိုတာကို စဉ်းစားပါ။ ဒီနေ့ ကစလုပ်ပါ။
ကိုယ့်ဘ၀တွင် ကိုယ်အပြည့်အ၀ထိန်းချုပ်နိုင်သော အချိန်သည် အခု ဖြစ်သည်။
နောက်နေ့ မှ ဆိုသော အချိန်ဆွဲခြင်းနောက်ကို လိုက်စရာမလိုပါ။ အခုလုပ်ရမည်။
ဒီနေ့ သည် အင်မတန်အရေးကြီးသည်။ ဒီနေ့ တွင် ဖြစ်နေသောအရာများ ၊
ကိုယ်ရောက်နေသောအဆင့်သည် မနေ့ က ၊ အရင်တစ်ပတ်က ၊ အရင်တစ်လ ၊ အရင်နှစ်လက ၊
အရင်တစ်နှစ် တုန်းကတွင် ရွေးချယ်ခဲ့သော ရွေးချယ်မှုများ ၊
စဉ်းစားခဲ့သောအတွေးများ ၊ သတိရှိရှိ နှင့် သတိတောင်မပါခဲ့ဘဲ
ပြုစုပျိုးထောင်ခဲ့သော အကျင့်များ ၊ အတွေးအကျင့်များ ၊ ရည်မှန်းချက်များ ၊
ဖတ်ခဲ့သောစာအုပ်များ ၊ တွေ့ ခဲ့သော ဆရာများပေါ်တွင်လည်း မူတည်သည်။ နောက်နေ
့၊ နောက်တစ်ပတ် ၊ နောက်တစ်လ ၊ နောက်တစ်နှစ်သည်လည်း အခုလုပ်နေသောအရာများတွင်
မူတည်သည်။ ကိုယ်ဘယ်ကို သွားချင်လဲ။ ကိုယ်ဘာဖြစ်ချင်လဲ။
ကိုယ်အခုဘာလုပ်ရမလဲ။ ကိုယ်အခုချိန်တွင် ဘာလုပ်နိုင်လဲ။
ကြီးကြီးကျယ်လုပ်မယ်ဆိုပြီး စဉ်းစားနေတဲ့သူတစ်ယောက်သည်
အခုဘာလုပ်နိုင်တယ်ဆိုတာကို အခုစမလုပ်ရင် နောင်တွင်လည်း
ထိုကြီးကြီးကျယ်ကျယ်ဆိုသောအရာများကို လုပ်နိုင်မည်မပာုတ်။
တိုးတက်စေသည့် မိန့် ခွန်းများကိုနားထောင်ခြင်း
ကျွန်တော် ရထားစီးတဲ့အခါ ကျွန်တော်လေးစားသော သူများပြောသောအရာတွေကို
ဗီဒီယိုရိုက်ကူးထားသော ဗီဒီယိုများကို Youtube ကနေ ဒေါင်းလုပ်ဆွဲပြီး
နားထောင်ပါသည်။ ရထားစီးနေတုန်း ကျွန်တော့်ကို တိုးတက်စေနိုင်သည့်
အရာများကိုနားထောင်ချင်ပါသည်။ သူတို့ ပြောသည့်အရာများကို ထပ်ခါ ထပ်ခါ
နားထောင်ပါသည်။ Elon Musk, Steve Job စသည့်သူတို့ ပြောသော အရာများကို
နားထောင်ပါသည်။
ကျွန်တော်က ကိုယ်ပိုင်စီးပွားရေးကို စိတ်ဝင်စားသောကြောင့် သူတို့ ပြောသော အရာများကို နားထောင်ပါသည်။
စီးပွားရေးမှ မပာုတ်ပါ။ ကိုယ့်ရည်မှန်းချက်နှင့်သက်ဆိုင်သော အရာမှန်သမျှကို နားထောင်နိုင်ပါသည်။
တစ်ခါတစ်လေ ကိုယ်ပိုင်စီးပွားရေးကို ကိုယ်တိုင်စလုပ်တဲ့အခါ သူတို
့ပြောတာတွေကို နားထောင်ပြီးစပါသည်။ လုပ်ရင်းလည်း သူတို့ ပြောတာတွေ
နားထောင်ပါသည်။ Tony Robbin သည် state of mind ( စိတ်ဧ။်အခြေအနေ )
အကြောင်းပြောဖူးပါသည်။ ကိုယ်က စာဖတ်ချင်ရင် စာအုပ်များက ၀ိုင်းရံထားသော
စာဖတ်ခန်းလေးထဲသို့ ရောက်သွားသောအခါ စာဖတ်ချင်စိတ်တွေ တအားပေါက်လာပါသည်။
အာရုံတွေလည်း တအားစိုက်လာပါသည်။ ကိုယ့်ကိုတောင် အံသြစေသော အတွေးအသစ်တွေ
ပေါ်လာပါသည်။ ဒါစိတ်အခြေအနေဖြစ်ပါသည်။ ဆူညံနေသော စားသောက်ဆိုင်တွင် စာဖတ်ဖို
့ကြိုးစားကြည့်ပါ။ စိတ်အခြေအနေသည် နောက်တစ်မျိုးဖြစ်နေပါသည်။ စိတ်ဧ။်
ခံစားချက် ၊ စိတ်အခြေအနေကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါသည်။
ကိုယ်လုပ်ချင်သော နယ်ပယ်တွင် နာမည်ကြီးသော လူများအကြောင်းကို
အရင်စဉ်းစားပြီး လုပ်နေရင်လည်း အလုပ်လုပ်သောအခါ စိတ်သည် အဆင့်မြင့်သွားသည်။
ကြီးမားသော ရည်မှန်းချက်ကို အောင်မြင်ချင်ရင် ကိုယ်ကိုကိုယ်တိုင်
ကြီးမားသောလူတစ်ယောက်ဖြစ်လာရမည်။ ကြီးမားသော ရည်မှန်းချက်ကို
သေးငယ်သောလူတစ်ယောက်အနေနှင့် မအောင်မြင်နိုင်ပါ။ ကိုယ့်ကိုကိုယ်
ပြောင်းလဲပစ်ရမည်။ အာရုံစူးစိုက်ခြင်းသည် အင်မတန်အရေးကြီးသည်။
အရှိန်လည်းလိုအပ်ပါသည်။ ကိုယ့်ကို စိတ်ဓာတ်အဆင့် မြင့်စေသော အရာများကို
အလုပ်မလုပ်ခင် နားထောင်ပါ။ ကိုယ် အောင်မြင်ချင်သော နယ်ပယ်တွင်
အောင်မြင်ပြီးသားလူများဧ။် ပုံကိုကြည့်ပါ။ ပြီးတာနှင့် အလုပ်စလုပ်ပါ။
လုပ်နေရင်လည်း သူတို့ ပြောတာတွေ နားထောင်ပါ။ သူတို့ ပုံတွေကြည့်ပါ။ စိတ်သည်
တစ်မျိုးဖြစ်လာသည်။ နေ့ တိုင်းလုပ်ပါ။
ကိုယ်အလုပ်လုပ်သောနေရာသည်
ကိုယ့်ကို အလုပ်လုပ်စေချင်စေသော နေရာဖြစ်ရမည်။ အလုပ်လုပ်နေရင်
အလုပ်အကြောင်းပဲစဉ်းစားပါ။ ကိုယ်လေးစားရသော လူများဧ။်ပုံများကို
အလုပ်ပတ်ဝန်းကျင်တွင်ထားပါ။ အလုပ်ကိုပဲအာရုံစိုက်ပါ။ ကိုယ့်ဧ။် စိတ်ကော ၊
ခန္ဓာကိုယ်ကိုပါ အလုပ်ထဲတွင်အာရုံစိုက်ပါ။ ကိုယ့်ကိုကိုယ် ရှေ့ ကိုတွန်းပို
့ရမည်။ အောင်မြင်မှုဆိုတာ တန်ဖိုးပေးဆပ်ရသည်။ တစ်ခါတစ်လေ ကိုယ်ကမလုပ်ချင်ပါ။
လုပ်ချင်ချင် ၊ မလုပ်လုပ်ချင် အောင်မြင်မှုဆိုတာ အလုပ်လုပ်မှရတာ။
အလုပ်လုပ်ချင်သည့်ခံစားချက်ကို စောင့်မနေပါနှင့်။ တစ်ခါထဲလုပ်လိုက်ပါ။
အကျင့်အနေနှင့်ရအောင် လုပ်ပါ။ ကိုယ်ဖြစ်ချင်သောအရာသည်
စဉ်းစားရုံနှင့်ဖြစ်မလာပါ။ အလုပ်လုပ်မှ ဖြစ်လာသည်။ တစ်ခါတစ်လေ ခေါင်းထဲကနေ
ထွက်လိုက်ပါ။ ကိုယ့်ကိုကိုယ် အပေါ်ကနေ ၊ ဘေးကနေ ကြည့်သလိုကြည့်ပါ။
လူတစ်ယောက်ကနေ ကိုယ့်ကို ကြည့်နေသလို ပြန်ကြည့်ပါ။
Stephen Covey သည်
self-awareness ( ကိုယ့်ကိုကိုယ် သတိထားမိခြင်း ၊ ကိုယ့်ကိုကိုယ်
ပြန်စဉ်းစားနိုင်ခြင်း ) လုပ်နိုင်သည့် စွမ်းရည်ရှိကြောင်းပြောခဲ့သည်။
တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တိုးတက်ဖို့ အတွက် ကိုယ့်အမှားများကို သိဖို
့ကိုယ့်ခန္ဓာကိုယ်ထဲကနေ ခွဲထွက်ပြီး မျက်နှာကျက်ကနေ ကိုယ့်ကိုကိုယ်
ပြန်ကြည့်နေသလို စိတ်ကူးယဉ်လိုက်ပါ။ လုံခြုံရေးကင်မရာများသည်
မျက်နှာကျက်ထောင့်များတွင် ထားသလို ထိုထောင့်ကနေ
ကိုယ့်ကိုကိုယ်ပြန်ကြည့်ပါ။ ကိုယ်လုပ်နေသော အရာများကိုစဉ်းစားပါ။
ကိုယ့်ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်စေသော အရာများကိုကိုယ်လုပ်နေလား။
ဒီမေးခွန်းကိုမေးပါ။
စဉ်းစားပြီးလို့ မလုပ်နေတာမြင်ရင်
ငါဒါတွေမလုပ်သင့်ဘူးဆိုပြီး မလုပ်ဖို့ စဉ်းစားပါ။ ဥပမာ- ကိုယ်က
စာမေးပွဲရှိလို့ စာကြည့်နေတယ်။ စာကတော့ ကြည့်နေတယ်။ ဒါပေမဲ့ စာလုပ်နေရင်း
facebook ကို သုံးနေတယ်။ မလိုအပ်တဲ့ အတွေးတွေက ကိုယ့်ခေါင်းထဲကို ၀င်လာတယ်။
အာရုံပျက်စေတယ်။ အတွေးတွေက ကိုယ့်ရည်မှန်းချက်နဲ့ ဆိုင်တဲ့ အတွေးတွေကို
တွေးနေရာတွင် ၀င်လာဖျက်နေသည်။ ဒါဆိုရင် အကောင့်ကိုပါ ဖျက်လိုက်ပါ။
ကိုယ့်ရည်မှန်းချက်နှင့်မဆိုင်သော အရာများကို ခေါင်းထဲတွင်မစဉ်းစားပါနှင့်။
သူတို့ ကို နေရာပေးစရာလုံးဝမလိုပါ။ အလုပ်လုပ်သည့်အချိန်ကို သတ်မှတ်ပါ။ နေ
့လည် ၁၂ နာရီကနေ ၂နာရီ ၃၀ မိနစ်အထိ အလုပ်အကြောင်းပဲစဉ်းစားမယ်။ ကျန်တာဘာမှ
မစဉ်းစားဘူးဆိုပြီး အလုပ်လုပ်ပါ။ အာရုံစူးစိုက်ခြင်းသည်
အလုပ်ကိုအချိန်တိုအတွင်းပြီးစေနိုင်ပါသည်။
ပြန်လည်စဉ်းစားခြင်း
ကိုယ်လုပ်ခဲ့တာမှန်သမျှကို ပြန်စဉ်းစားပါ။ ပြီးရင် မေးခွန်းများမေးပါ။ ငါဒီထက်ပိုကောင်းအောင်လုပ်နိုင်လား။
ငါဘာတွေပြင်ဆင်ဖို့ လိုလဲ။ ငါဘာတွေပြောင်းလဲဖို့ လဲ။ ငါဘက်က
ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ။ ငါစိတ်ထားကို ဘယ်လိုထားရမလဲ။
စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ဘယ်လိုပြင်ဆင်ရမလဲ။ အခွင့်အရေးကို
အသုံးချနိုင်အောင် ငါ့ကိုယ်ငါဘာပြောရမလဲ။
ကိုယ့်ထက်သိသည့်သူများကနေ လေ့လာခြင်း
ကိုယ်သင်ချင်သည့်အကြောင်းအရာနှင့်ပတ်သတ်ပြီး ကျွမ်းကျင်သည့်သူများကို ဆရာအဖြစ်ချဉ်းကပ်ပါ။
ပိုက်ဆံပေးရရင်လည်း ပေးသင့်ပါသည်။ နားမလည်သမျှ မသိသမျှကို မေးပါ။
တစ်ခါတစ်လေကျရင် ကိုယ်စိတ်ဝင်စားသော နယ်ပယ် ၊ ကိုယ်အောင်မြင်မှုတွေရချင်သော
နယ်ပယ်တွင် ကျွမ်းကျင်သူပာုထင်ရသော သူများနှင့် တစ်ယောက်ချင်း တွေ့ ဖို
့သူတို့ ကို သွား ဆက်သွယ်ပါ။ တစ်ယောက်ချင်းတွေ့ ပြီး သူ့ ကို
ကိုယ့်ကိုသင်ခိုင်းပါ။ ပိုက်ဆံပေးရမယ်ဆိုလည်း ပေးနိုင်ရင် ပေးသင့်ပါသည်။
မပေးနိုင်ရင်တော့မလုပ်ပါနှင့်။ ပေးနိုင်သည့်အခါ လုပ်သင့်ပါသည်။ သင်တန်းတွေ
ဘာတွေနှင့် ဒီလိုနည်းလမ်းမတူတာ တစ်ခုရှိပါသည်။ တစ်ယောက်ချင်းသင်သည့်အခါ
ကိုယ်နားမလည်တာမှန်သမျှကို ပိုမေးနိုင်ပါသည်။
အတွေ့ အကြုံတွေတွင် ငါဘာသင်ခန်းစာရခဲ့လဲဆိုတာ မေးခြင်း
အတွေ့ အကြုံသည် အကောင်းဆုံးသောဆရာဖြစ်သည်ပာု ပြောသည်။ သို့ သော် John C.
Maxwell က Evaluated experience ( အကဲဖြတ်ပြီး
သင်ခန်းစာကောက်နှုတ်ချက်ချပြီးသော အတွေ့ အကြုံ ) သည်ပိုကောင်းသည် လို
့ပြောခဲ့ပါသည်။ အတွေ့ အကြုံကို ပြန်ပြီးအကဲခတ်ရပါမည်။
ငါဘာသင်ခန်းစာတွေသင်ခဲ့ပြီးပြီလဲ။ ငါပြန်မလုပ်သင့်ဘူး စတဲ့ သင်ခန်းစာတွေ
ရတဲ့အထိ စဉ်းစားသိပါသည်။
သူများထင်တာလုံးဝဂရုမစိုက်ပါနှင့်
လူတစ်ယောက်ကနေ ကိုယ့်ကိုမြင်ပုံပြောခြင်းသည် ကိုယ့်ဧ။် လက်တွေ့ ဖြစ်လာစရာမလိုပါ။
လူတစ်ယောက်ကနေ ကိုယ့်ကို မင်းဒါမလုပ်နိုင်ပါဘူးကွာ။ မင်းမှာ ဒါမရှိဘူး
ပိာုပာာမရှိဘူး။ မင်းက ရုပ်လည်းမချောဘူး လို့ ပြောပါလိမ့်မည်။ သူပြောသော
အရာသည် ကိုယ့်လက်တွေ့ ဖြစ်လာစရာမလိုပါ။ အငြင်းမပွားချင်ရင် ပြောနေတုန်း
ပာန်ပြနားထောင်လိုက်ပါ။ ပြီးရင် လုံးဝကို ခေါင်းထဲက ထုတ်ပစ်ပါ။
ကိုယ့်ရည်မှန်းချက်ကို သူများကနေ မင်းဒါမဖြစ်နိုင်ပါဘူးကွာ လို
့လာတားဆီးခွင့်မရှိပါ။ ကိုယ့်ရည်မှန်းချက်သည် ကိုယ့်ပိုင်သောအရာဖြစ်သည်။
ကိုယ်သာလျင် ရွေးချယ်နိုင်သည်။ အရာမှန်သမျှကို ကိုယ်ကထိန်းချုပ်သည်။
ကိုယ့်ရည်မှန်းချက် အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းသည် ကိုယ့်တွင်ပေါ်သာ
မူတည်သည်။ ကိုယ့်ရည်မှန်ချက်ကို ကိုယ်ကာကွယ်ပါ။ ကိုယ့်ရည်မှန်းချက်ကို
ကိုယ့်ပာာကိုယ် ဖြစ်အောင်လုပ်ပါ။
Action plan ( အလုပ်လုပ်ဖို့ အတွက် ဘာလုပ်ရမလဲဆိုတာ အစီအစဉ်ဆွဲခြင်း )
ကိုယ့်ရည်မှန်းချက်ကို အောင်မြင်ရန်အတွက် ငါဘာလုပ်ရမလဲဆိုတာတွေကို
ချရေးပါ။ Wishful thinking ( ဖြစ်ရင်ကောင်းမှာပဲ ဆိုသည့်အတွေး ) နှင့်
သေချာ အစီအစဉ်ဆွဲပြီး လေ့လာထားပြီး ငါလုပ်မယ်ဆိုသော ရည်မှန်းချက်တို
့နှစ်ခုသည် မတူပါ။ ဒုတိယတစ်ခုတွင် ဘာလုပ်ရမလဲဆိုတာ တိတိကျကျ သိနေလို
့ဖြစ်ပါသည်။ အတွေးတစ်ခုထဲက ရည်မှန်းချက်ကိုမအောင်မြင်စေနိုင်ပါ။ ဘ၀သည်
အလုပ်လုပ်ခြင်းတွင်ပဲ တည်ရှိသည်။
ဥပမာ- ငါဒီကောင်မလေးကို ကြိုက်တယ် သူ
ငါ့ရည်းစားဖြစ်ရင်ကောင်းမှာပဲ ဆိုပြီးတွေးတိုင် ထိုကောင်မလေးသည်
ကိုယ့်ရည်းစားဖြစ်လာမှာမပာုတ်ပါ။
အရင်သူ့ ကို စကားသွားပြောရမယ်။
ဖုန်းနံပါတ်တောင်းရမယ်။ သူမ ကိုယ့်ကို ကြိုက်လာအောင်လုပ်ရမယ်။
သူရှိတဲ့နေရာတွေ သွားပြီး သူ့ ကိုစောင့်ရမယ်။ အ၀တ်အစားကောင်းတွေ ၀တ်ရမယ်။
သူကြိုက်တာတွေ ၀ယ်ပေးရမယ်။ သူ့ ကို နေ့ လည်စာ ၊ ညစာ ၀ယ်ကျွေးရမယ်။
မိန်းကလေးတွေကြိုက်တဲ့ လက်ကိုင်အိတ် ၊ ဒေါက်ဖိနပ် စတာတွေဝယ်ပေးရမယ်။ သူ
ကငြင်းရင်တောင် အရှုံးမပေးပဲ ဆက်ပြီးတော့ သူ့ ကို ကြိုးစားနေရမယ်။ အလုပ်တွေက
အများကြီးပါ။ လုပ်မှ ဖြစ်တာ။ တွေးရုံ နဲ့ ဖြစ်မလာဘူး။ ရည်မှန်းချက်
အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် အလုပ်လုပ်ခြင်းတွင်သာ မူတည်ပါသည်။
လူတိုင်းတွေးနိုင်သည်။ သို့ သော် လူတိုင်း ရည်မှန်းချက်အောင်မြင်သည်အထိ
အကြာကြီးအလုပ်မလုပ်နိုင်ပါ။ အလုပ်လုပ်ရင်တောင် ခဏလေးကြိုးစားပြီး
အခက်အခဲတစ်ခုနှစ်ခုတွေ့ တာနှင့် နောက်ဆုတ်သွားပါသည်။
ကျော်ထွန်း
No comments:
Post a Comment