Monday, October 30, 2017

Pre Wedding အခြေပြုဓါတ်ပုံ ဘယ်လိုရိုက်မလဲ...

ဓါတ်ပုံရိုက်ကူးခြင်းကို စတင်တော့မယ် ဆိုရင် အရင်ဆုံး သိနားလည်သင့်တာက ဓါတ်ပုံပညာပါ။ ဒီနေရာမှာ နှစ်ပိုင်းခွဲ လေ့လာထားကြမယ်လို့ ယုံကြည်ပါတယ်..။
(၁) အနုပညာဆိုင်ရာ ဓါတ်ပုံပညာ
(၂) အတက်ပညာဆိုင်ရာ ဓါတ်ပုံပညာ လို့ သတ်မှတ်ထားနိုင်ပါတယ်။

အနုပညာဆိုင်ရာ ဓါတ်ပုံပညာထဲက မင်္ဂလာအကြိုဓါတ်ပုံရိုက်ကူးခြင်းများကို စဉ်းစားမှာဖြစ်လို့ သူ့ကို အရင်တွေးမြင်သင့်တာကို အပိုင်းခွဲ လေ့လာကြရအောင်ဗျာ..။
(က) နောက်ခံရှုခင်းအခြေပြု ရိုက်ကူးခြင်း
(ခ) ၀တ်စုံအလှအခြေပြု ရိုက်ကူးခြင်းလို့ သတ်မှတ်နိုင်ပြီး
နှစ်ခုစလုံးမှာ Indoor & Outdoor ဆိုပြီး ထပ်မံ ခွဲခြားရိုက်ကြပြန်ပါတယ်။
ဒါကြောင့် ရိုက်ကူးတော့မယ်ဆိုရင်..
Indoor ထဲမှာ အထူးပြုလုပ်ချက်များ ထည့်သွင်းဖန်တီးထားသော နောက်ခံအသားပေးပြီး ရိုးရာဝတ်စုံ ၊ ခေတ်ပေါ်ဝတ်စုံ နဲ့ ရိုက်လို့ ရသလို....
Outdoor မှာ ခေတ်သစ်ဟန် (သို့) ခေတ်ဟောင်းဟန် (သို့) အထူးပြုပြင်ဖန်တီးထားသော နောက်ခံအသားပေးပြီး ရိုးရာဝတ်စုံ ၊ ခေတ်ပေါ်ဝတ်စုံ ဆိုပြီး ရိုက်လို့ ရပြန်ပါတယ်...။
အဲ့တော့ဗျာ.... ၀တ်စုံလည်း စဉ်းစားထားပြီးသား ရှိပြီ... နောက်ခံလည်း စီစဉ်ထားပြီးပြီဆိုရင်... စုံတွဲဟန်တွေ ထပ်မံလေ့လာထားရပြန်ပါမယ်...။
ဒါတွေကတော့ အနုပညာဆိုင်ရာ ဓါတ်ပုံပညာကို အခြေပြုပြီး စဉ်းစားမိတာတွေပါ..။
နောက်တစ်ခုကတော့...
အတက်ပညာဆိုင်ရာ ဓါတ်ပုံပညာပါ။ သူကတော့ သုံးသင့်သော Lens များကို သိထားသင့်သလို အရိပ်များ အရောင်များကိုလည်း သိထားသင့်ပြန်ပါတယ်..။ အများစုကတော့ Lens များကို 50 mm,85 mm , 70-200 mm Prime Lens များ အသုံးပြု ရိုက်ကြသလို Wide Lens များနဲ့လည်း ရိုက်ကြတာကို လေ့လာ သိရှိကြမှာပါ။ ရှိတာနဲ့လည်း ဖြစ်အောင် ရိုက်လို့ ရပါတယ်နော်...။ မရှိလို့ မရိုက်ရဘူးလို့ မထင်စေချင်ပါ။
ဟုတ်ပြီ..ဒါတွေကို သိထားသင့်သလောက် သိထားတယ်ဆိုရင်..... အရေးကြီးတာတွေ စီစဉ်ရပါတော့မယ်..။
(၁) အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ကြိုတင်တိုင်ပင်ထားခြင်း
(၂) အချိန်သတ်မှတ်ထားခြင်း
(၃) ရာသီဥတုအခြေအနေကြောင့် တစ်စုံတစ်ခု ပြောင်းလဲရမည်ဆိုရင် Plan (1) Plan (2) စသည်ဖြင့် စီစဉ်ထားခြင်း
(၄) မိတ်ကပ်၊ ၀တ်စုံ၊နေရာကြိုတင်တွက်ချက်ထားခြင်း
(၅) ရိုက်ကူးရေးတွင် လိုအပ်သော ဓါတ်ပုံဆိုင်ရာအထောက်အကူပစ္စည်းများ ပြင်ဆင်ထားခြင်း
(၆) မင်္ဂလာမောင်မယ်များနှင့် ရင်းနှီးစွာ ပြောဆိုဆက်ဆံထားခြင်း
(၇) ငွေကြေးဆိုင်ရာ ကိစ္စရပ်များ အပြီးအပြတ် ဆွေးနွေးထားခြင်း
စတာတွေ လိုအပ်မယ်လို့ ယူဆပါတယ်ခင်ဗျာ...။
အိုကေ... ဒါတွေလည်း ပြင်ဆင်ပြီးပြီဆိုရင်.... မင်္ဂလာမောင်မယ်များကို ဘုရင်နှင့်ဘုရင်မများကို ဂရုစိုက်သကဲ့သို့ ဂရုစိုက်ရမည်ဖြစ်ပြီး တတ်စွမ်းနိုင်သမျှသော ဓါတ်ပုံဆိုင်ရာ အနုပညာ အတတ်ပညာများ အသုံးချပြီး ရိုက်ကူးပေးရပါတော့မည်ဖြစ်ပါတယ်..။
နောက်ဆုံးအချက်ကတော့ ရိုက်ကူးစဉ်ကာလက လိုအပ်လာသော လိုအပ်ချက် အားနည်းချက်များကို ပြင်ဆင် ပြုပြင်ပေးရပါလိမ့်မယ်။ ရှင်းရှင်း ပြောရရင် Photoshop ထဲမှာ... အကောင်းဆုံး ပြန်လည် ပြင်ဆင်ရပါ လိမ့်မယ်..။ လိုအပ်လာနိုင်တဲ့ Pose များကိုတော့ လက်လှမ်းမီသလောက် ဖော်ပြထားပါတယ်..။ ဒါကြောင့် ဒီစာစုကို ဖတ်ရှုပြီးချိန်မှာ မိတ်ဆွေ သူငယ်ချင်းများ အကျိုးရှိမယ်ဆိုရင်.....
ရေးသားမျှဝေပေးရကျိုးနပ်ပါတယ်လို့ ပြောရင်း....
#ဓါတ်ပုံဆရာတစ်ယောက်ရဲ့မြင်ကွင်းများ မှ ရေးသားတင်ဆက်လိုက်ရပါတယ်ခင်ဗျာ...။
ဓါတ်ပုံများကို Pinterest မှ ယူပါသည်။ Facebook ထဲမှာ လေ့လာချင်တယ်ဆိုရင်.... Pre Wedding Society Group ကို Add ထားပြီး လေ့လာနိုင်ပါတယ်ခင်ဗျာ..။

No comments:

Post a Comment