Monday, October 30, 2017

ဒေါင်​​ဒေါင်​မြည် မန်​​နေဂျာတိုင်းနားလည်​တဲ့ စီမံခန့်ခွဲမှု သဘောတရားကြီး (၁၄) ခု

စီမံခန့်ခွဲမှု သဘောတရားတွေ၊ မူတွေဟာ စီမံခန့်ခွဲသူ မန်နေဂျာတွေအတွက် ဆုံးဖြတ်ချက်တွေချမှတ်တဲ့အခါမှာ၊လုပ်ငန်းတာဝန်တွေကို ပြီးမြောက်စေတဲ့နေရာမှာ ဘယ်လိုတွေဆောင်ရွက်သင့်တယ်ဆိုတဲ့ လမ်းညွှန်မှုတွေကိုပေးနေပါတယ်။
တကယ်တော့ စီမံခန့်ခွဲမှု သဘောတရားတွေဟာ လက်တွေ့လုပ်ငန်းနယ်ပယ်တွေမှာ ဖြစ်ပျက်ခဲတဲ့ အကြောင်းအရာတွေ၊ ဖြစ်ရပ်တွေအပေါ်မှာ အသေအချာ လေ့လာစမ်းစစ်မှုတွေ လုပ်ခဲ့ပြီးမှ ရရှိလာတဲ့ ရလဒ်တွေပဲဖြစ်ပါတယ်။
သတ္တုတွင်း အင်္ဂျီနီယာတစ်ဦးဖြစ်တဲ့ ပြင်သစ်နိုင်ငံသား Henri Fayol ဟာ သူ့ရဲ့
General and Industrial Management ဆိုတဲ့စာအုပ်ကို ၁၉၁၆ ခုနှစ်မှာရေးသားခဲ့ပြီး စီမံခန့်ခွဲမှုနှင့်ပတ်သက်တဲ့ မူကြီး (၁၄) ခုရှိတယ်လို့ ဆိုထားပါတယ်။ Fayol ပြောတဲ့ စီမံခန့်ခွဲမှု မူကြီး (၁၄) ခုဟာ အလုံးစုံအတွက် မပြည်စုံဘူးဆိုရင်တောင် ခေတ်သစ်စီမံခန့်ခွဲမှုနယ်ပယ်မှာ လက်ရှိအထိကျင့်သုံးလို့ အကျိုးရှိနေတုန်း ပဲဖြစ်ပါတယ်။ Fayol ရဲ့ စီမံခန့်ခွဲမှု မူကြီး (၁၄)ခုကအောက်ပါအတိုင်းဖြစ်ပါတယ်။
(1) Division of Work
ပထမဦးဆုံး မူကြီး တစ်ခုကတော့ လုပ်ကိုင်ရမယ့် လုပ်ငန်းတာဝန်တွေကို သေးငယ်တဲ့ လုပ်ငန်းတာဝန်လေးတွေအဖြစ် ခွဲခြမ်းစိပ်ဖြာပြီး အထူးပြုလုပ်ငန်းတာဝန်တွေ ထမ်းဆောင်စေတဲ့ မူပဲဖြစ်ပါတယ်။ Work Specialization အပေါ်အဓိက အလေးထားပြီး တူညီတဲ့အလုပ်တွေကို ထပ်ကာထပ်ကာလုပ်စေပါတယ်။ ဒီလိုလုပ်ခြင်း အားဖြင့် ၀န်ထမ်းတွေရဲ့ အထူးပြုလုပ်ငန်းတစ်ခုမှာ ကျွမ်းကျင်မှုတွေတိုးလာ စေရုံသာမက ကုန်ထုတ်စွမ်းအားတွေတိုးတက်လာစေပြီး စွမ်းဆောင်ရည်ပြည့်ဝမှု Efficiency ဖြစ်စေပါတယ်။ ဒါပေမဲ့လဲ တူညီတဲ့အလုပ်တစ်ခုတည်းကိုပဲ ထပ်ကာထပ်ကာ လုပ်နေရတဲ့အတွက် ကြာလာရင်ဝန်ထမ်းတွေပျင်းလာ တတ်ပါတယ်။ အလုပ်တွေခဏခဏ ပျက်လာတတ်သလို လုပ်ငန်းခွင် မတော်တဆမှုတွေလဲ များလာတတ်ပါတယ်။ Division of work မူကြီးဟာ လုပ်ငန်းတာဝန် ဒီဇိုင်းသတ်မှတ် တဲ့အခါမှာ Job Design လုပ်တဲ့အခါမှာသုံးတဲ့ Work Simplification ကိုရည်ညွှန်းတယ်လို့ဆိုလိုနိုင်ပါတယ်။
(2) Authority and Responsibility
ဒုတိယမြောက်မူကတော့ ကျပ်ပြားစေ့ တစ်စေ့ရဲ့ ခေါင်းနှင့်ပန်းလို တွန့်တွဲပြီး အတူတကွရှိနေပါတယ်။ လုပ်ပိုင်ခွင့် အာဏာ Authority ကတော့ရှင်းပါတယ်။ လက်အောက်ငယ်သား ၀န်ထမ်းတွေအပေါ်မှာ လုပ်ငန်းတာဝန်တွေသတ်မှတ်ပေးလို့ ရတယ်။ လုပ်ငန်းတာဝန်တွေနှင့်ပတ်သက်ရင်လဲ ဆုံးဖြတ်ပိုင်ခွင့်ရနေတာပဲဖြစ်ပါတယ်။ တာဝန်ယူမှု Responsibility ကတော့ လုပ်ငန်းတာဝန်တွေကိုစွမ်းဆောင်လိုက်လို့၊ ဆုံးဖြတ်ချက်တွေကို ချမှတ်လိုက်လို့ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဟာ ကောင်းသော်ရှိ မကောင်းသော်ရှိ လက်ခံတတ်တဲ့ တာဝန်ယူတာကိုဆိုလိုတာပဲ ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်တွေ ဘယ်လိုပဲရှိရှိ ဘယ်လောက်ပင်တော်နေတဲ့ စီမံခန့်ခွဲသူ မန်နေဂျာတွေဖြစ်နေပါစေ တာဝန်ယူတတ်မှု မရှိပါက ဆားမပါတဲ့ဟင်းတစ်ခွက်လို ဖြစ်နေပါလိမ့်မယ်။
(3) Discipline
တတိယမြောက်မူကတော့ လုပ်ငန်းခွင်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနှင့် ပတ်သက်ပြီး ရိုကျိုးလိုက်နာတာတွေ၊ လုပ်ငန်းအတွင်းမှာရှိတဲ့ လုပ်ဖေါ်ကိုင်ဘက် အချင်းချင်း အပြန်အလှန်ရိုသေလေးစားမှုတွေပဲဖြစ်ပါတယ်။ ကောင်းမွန်တဲ့ စည်းမျဉ်းစည်းကမ်း လိုက်နာမှုတွေဟာ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုစွမ်းရည်တွေ ရှိကြောင်းဖေါ်ပြနေ သလိုဖြစ်ပါတယ်။
(4) Unity of Command
Unity of Command ဆိုတာကတော့ ၀န်ထမ်းတစ်ဦးချင်းစီဟာ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်တဲ့နေရာမှာ စီမံခန့်ခွဲသူ၊ ကြီးကြပ်သူ တစ်ဦးရဲ့ လမ်းညွှန်ပေးတာမျိုး တာဝန်ပေးတာမျိုးပဲရှိရမယ်လို့ပြောထားခြင်းပဲဖြစ်ပါတယ်။ ဆိုလိုတာက စီမံခန့်ခွဲသူ တစ်ဦးထက်ပိုပြီး အစီအရင်ခံတင်ပြနေရရင် ဆရာများ သားသေတဲ့ အဖြစ်မျိုး ဖြစ်တတ်လို့ပါပဲ။
(5) Unity of Direction
လုပ်ငန်းတာဝန်တွေကိုထမ်းဆောင်တဲ့နေရာမှာ လက်အောက်ငယ်သား ၀န်ထမ်းတွေအနေနဲ့ တူညီတဲ့ အဖွဲ့အစည်းဆိုင်ရာရည်မှန်းချက် တစ်ခု တိတိကျကျ ရှိဖို့လိုအပ်ပါတယ်။ တိကျတဲ့ရည်မှန်းချက် ချမှတ်ပြီးရင်လည်း အကောင်အထည်ဖေါ် လုပ်ဆောင်မယ့် အစီအစဉ် Action Plan ဟာ သတ်သတ်မှတ်မှတ်ရှိရပါမယ်။ ဒါမှသာ မှောင်သောလမ်းမှာ စမ်းတ၀ါးဝါး အခြေအနေတွေ မရှိဘဲ ထိရောက်တဲ့ ရလဒ်တွေကို ရယူနိုင်မှာဖြစ်ပါတယ်။
(6) Subordination of Individual Interest
စီမံခန့်ခွဲသူတွေအနေနဲ့ တစ်ဦးတစ်ယောက်အကျိုးထက် လုပ်ငန်းအဖွဲအစည်း အကျိုးကို အလေးပေးဖို့လိုအပ်ပါတယ်။ ပုဂ္ဂိုလ်ရေးရာ စဉ်းစားတွေခေါ်မှုတွေထက် လုပ်ငန်းအဖွဲ့အစည်းအတွက် ရှေးရှုဖို့လိုအပ်ပါတယ်။
(7) Remuneration
ဝန်ထမ်းတွေကို လုပ်ခ၊ လစာတွေနဲ့ပတ်သက်ပြီး သင့်တင့်မျှတမှုရှိရှိ ပေးဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ လုပ်ခ၊ လစာတွေဟာ ၀န်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအားကို တိုးစေနိုင်တဲ့ အဓိကကျတဲ့ လှုံ့ဆော်မှုတစ်ခုဖြစ်နေလို့ပါပဲ။ ၀န်ထမ်းတွေဟာ ပေးဆပ်လိုက်တဲ့ လုပ်အား (ကာယ၊ ညာဏ) နှင့် ပြန်လည်ရရှိတဲ့ Reward နှစ်ခုရဲ့ ညီမျှမှုကို ချိန်ခွင်လျှာလို ချိန်တတ်ကြပါတယ်။ သင့်တင့်လျောက်ပတ် တဲ့ လုပ်ငန်းစွမ်းဆောင်ရည် ရှိပေမယ့် သင့်တင့်လျောက်ပတ်တဲ့ လုပ်ခ၊ လစာ ပြန်လည်မရပါက ၀န်ထမ်းတွေရဲ့ ကုန်ထုတ်စွမ်းအားကို ထိခိုက်လာနိုင်ဖွယ် ရှိပါတယ်။
(8) The Degree of Centralization
ဗဟိုကချုပ်ကိုင်မှုအတိုင်းအတာဟာ လုပ်ငန်းအရွယ်အစားအပေါ်မှာမူတည်နိုင်ပါတယ်။ ဗဟိုချုပ်ကိုင်မှု များရင်တော့ အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့က လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေကို အမြဲတမ်းနီးပါး ချုပ်ကိုင်ချယ်လှယ်တတ်ကြတယ်။ ဆုံးဖြတ်ပိုင်ခွင့်တွေ မပေးထားတတ်ကြဘဲ လုပ်ငန်းစဉ်တွေကို နှောင့်နှေးသွားစေတတ် ပါတယ်။ မိမိလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းမှာ အရာရာတိုင်းကို ဗဟိုက ချုပ်ကိုင်နေတာ လား၊ အကန့်အသတ်ဘောင်တစ်ခုအတွင်းမှာ လုပ်ပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်တွေပေးထား တာလား ဆိုတာအပေါ်မူတည်ပြီး စီမံခန့်ခွဲမှုပုံစံတွေကို ပြောင်းလဲရတာမျိုးလဲ ရှိတတ်ပါတယ်။ စီမံခန့်ခွဲသူတွေအနေနဲ့ လုပ်ငန်းရဲ့ ဖွဲ့စည်းပုံနှင့် လုပ်ပိုင်ခွင့်အ၀ိုင်း အ၀န်းကို သိရှိနေဖို့ လိုအပ်ပါတယ်။
(9) Scalar Chain
ဒီမူမှာတော့ အမြင့်ဆုံးစီမံခန့်ခွဲ့မှုအဖွဲ့က စလို့ အောက်ဆုံးဝန်ထမ်းအထိ အဆင့်ဆင့် လုပ်ပိုင်ခွင့်အတိုင်းအတာနှင့်ဆက်ဆံမှု line of authority ကိုရည်ညွှန်းတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ လက်အောက်ငယ်သား ၀န်ထမ်းတစ်ယောက်အနေနဲ့ အရေးပေါ်ကိစ္စရပ်တွေ ကြုံတွေ့လာတဲ့အခါ ဘယ်အထက်လူကြီးဆီကို အစီအရင်ခံတင်ပြ ရမလဲဆိုတာတွေကို သတ်မှတ်ပေးပါတယ်။
(10) Order
ဝန်ထမ်း၊ ကုန်ကြမ်း၊စက်ပစ္စည်း စတာတွေကို စနစ်တကျစီမံနိုင်ခြင်းနှင့်သက်ဆိုင်တဲ့ မူပဲဖြစ်ပါတယ်။ ဥပမာ ၀န်ထမ်းတစ်ဦးအတွက် တိကျတဲ့နေရာတစ်ခု ရှိနေသင့်တာမျိုး ဖြစ်ပါတယ်။ တခါတလေမှာ ၀န်ထမ်းတွေအနေနဲ့ တိကျတဲ့နေရာ သတ်မှတ်ချက်တစ်ခု မရှိလို့၊ မရလို့ ဟိုလိုလို ဒီလိုလို ဖြစ်နေတတ်ပါတယ်။
(11) Equity
Equity ဆိုတာ ညီတာမဟုတ်ဘူး။ မျှတာကိုဆိုလိုတာပဲဖြစ်ပါတယ်။ စီမံခန့်ခွဲသူ မန်နေဂျာတွေအနေနဲ့ ၀န်ထမ်းတွေအပေါ်မှာ ကျောသားရင်သားမခွဲခြားဘဲ မျှတတဲ့ ဆက်ဆံမှုမျိုးရှိဖို့လိုအပ်ပါတယ်။ အမျိုးတော်လို့၊ ဆရာ့သား၊ ဆရာ့သမီး ဖြစ်နေလို့ ဆိုတာတွေဟာ လုပ်ငန်းခွင်အတွင်းမှာ ရှိတဲ့ ၀န်ထမ်းတွေရဲ့ သွေးစည်းမှုကို ခြောက်လှန့်စေမယ့် အရာတွေပဲဖြစ်ပါတယ်။
(12) Stability of Tenure of Personnel
ဝန်ထမ်းအထွက်နှုန်းများတာဟာ အများအားဖြင့် ကောင်းမွန်တဲ့ လက္ခာဏာ တစ်ခုမဟုတ်ပါဘူး။ စီမံခန့်ခွဲသူတွေအနေနဲ့ အစီအစဉ်ကျနတဲ့ ၀န်ထမ်းရေးရာ စီမံကိန်းတွေရေးဆွဲထားဖို့လိုအပ်ပြီး ၀န်ထမ်းအရေအတွက် လိုအပ်ချက်ဖြည့်ဆည်းဖို့ လိုအပ်လာတဲ့အခါမှာ အဆင်သင့်ဖြစ်နေအောင် ပြင်ဆင်ထားရပါမယ်။ ၀န်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာပေးအပ်ထားတဲ့လုပ်ငန်းတာဝန်နှင့်ပတ်သက်ပြီး မရင်းနှီး မကျွမ်းကျင်သေးဘဲ မကြာခဏဆိုသလိုလုပ်ငန်းတာဝန် ပြောင်းလဲပေးအပ်တာကို ခံရရင်ဲ့ မျှော်မှန်းထားတဲ့ ကောင်းမွန်တဲ့ လုပ်ငန်းစွမ်းဆောင်ရည် ရဖို့ အင်မတန်ခက်ခဲပါတယ်။
(13) Initiative
ဝန်ထမ်းတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေ ဦးစွန့်လုပ်ဆောင်လိုစိတ်တွေကို အသုံးချပြီး လုပ်ငန်းအတွက် အားသာချက်တွေတိုးပွားလာအောင် နည်းလမ်းအသစ်တွေ တိုးပွားလာအောင်လုပ်ဆောင်နိုင်ဖို့လိုအပ်ပါတယ်။ ၀န်ထမ်းတွေရဲ့ တီထွင်ဖန်တီး နိုင်စွမ်းတွေ အတွေးအခေါ်အသစ်တွေဟာ လုပ်ငန်းအကျိုးအတွက်အရေးကြီးတဲ့ တစိတ်တပိုင်းအနေနဲ့တည်ရှိနေပါတယ်။
(14) Esprit de Corps
Fayol ရဲ့နောက်ဆုံးမူကတော့ စီမံခန့်ခွဲသူ မန်နေဂျာတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာရှိတဲ့ ၀န်ထမ်းတွေ၊ အသင်းအဖွဲတွေရဲ့ စိတ်ဓါတ်ရေးရာတွေ ကို တိုးတက်ကောင်းမွန်အောင် ဖန်တီးပေးဖို့လိုအပ်ပါတယ်။ အသင်းအဖွဲစိတ်ဓါတ်နှင့် စည်းလုံးညီညွတ်မှုရှိလာပါက အပြန်အလှန်လေးစားမှုတွေ၊ နားလည်မှုတွေရှိလာနိုင်ပြီး လုပ်ငန်းတာဝန်တွေကိုလဲ အချိန်မှန် ဆောင်ရွက်ပြီးစီးနိုင်မှာပဲဖြစ်ပါတယ်။
ဖော်​ပြခဲ့တဲ့ Fayol ရဲ့ စီမံခန့်ခွဲမှု မူကြီး (၁၄) ချက်ဟာ လက်တွေ့အသုံးချရာတွင် အလွန်အသုံးဝင်ပေမယ့် ဘယ်လောက်အထိ စွမ်းဆောင်ရည်ပြည့်ပြည့်၀၀နှင့် ထိရောက်မှုရှိရှိ Efficient and Effective အောင်မြင်သလဲဆိုတာဟာလဲ အသုံးချတဲ့သူရဲ့ ကိုယ်ရည်ကိုယ်သွေး ထက်မြက်မှုအပေါ်မှာလည်း မူတည်နိုင်ပါတယ်။
Ref; Principles of Management by Ellen A. Benowitz, M Ed

စက်ဘီးနဲ့ ခရီးထွက်ရင် ကျန်းမာကြံ့ခိုင်ရေးအတွက် သိသင့်တဲ့ အချက် (၁၀) ချက်

စက်ဘီးစီးတယ်ဆိုတာ ကျန်းမာရေးကောင်းမွန်ဖို့အတွက်၊ စိတ်လက်ပေါ့ပါးလန်းဆန်းစေဖို့ အတွက်၊ ကမ္ဘာကြီးကို ရှုထောင့်တစ်မျိုးကနေ မြင်နိုင်ဖို့အတွက်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အထောက်အကူဖြစ်စေဖို့အတွက် စသဖြင့်.. စသဖြင့် ရည်ရွယ်ချက်တွေ အများကြီး ရှိပါတယ်။
တစ်ကယ်တော့ စက်ဘီးနဲ့ ခရီးရှည်ထွက်ဖို့ဆိုတာ ကိုယ်က အရင်ဆုံးကျန်းမာကြံ့ခိုင်နေဖို့ လိုသလို၊ ခရီးစဉ်တစ်လျောက် ကျန်းမာကြံ့ခိုင်နေဖို့လဲ ပိုလို့အရေးကြီးပါတယ်။ ခရီးရှည်လို့ဆိုရာမှာ အနည်းဆုံး ရက်ပေါင်း (၃၀) လောက် ဆက်တိုက်သွားတာမျိုးကိုဆိုလိုတာပါ။ ဒါကြောင့် စက်ဘီးနဲ့ ခရီးထွက်ရင် ကျန်းမာကြံ့ခိုင်ရေးအတွက် သိသင့်တဲ့ အခြေခံအချက် (၁၀) ချက်ကို လိုက်နာသင့်ပါတယ်။
၁။ အရင်ဆုံး လေ့ကျင့်ပါ
ခရီးရှည်တစ်ခုစတင်ဖို့ အစီအစဉ်ရှိတယ်ဆိုရင် အရင်ဆုံး ပုံမှန်လေ့ကျင့်ခန်းလုပ်ထားဖို့ လိုပါတယ်။ ကိုယ်အသုံးပြုမယ့် ဘီးရဲ့ လက်ကိုင်အနေအထား၊ ဖင်ထိုင်ခုံ စတာတွေနဲ့ ကိုယ်နဲ့ လိုက်လျော ညီထွေ ဖြစ်နေဖို့လိုပါတယ်။ အထူးသဖြင့် ဖင်ထိုင်ခုံတွေဟာ ကိုယ့်အတွက် သက်တောင့်သက်သာ ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် စက်ဘီးနဲ့ကိုယ် အသားကျအဆင်ပြေနေစေဖို့ စက်ဘီးစီးလေ့ကျင့်ခန်းတွေ ပုံမှန် လုပ်သင့်တယ်။ အကြံပြုလိုတာကတော့ တစ်ရက်ကို ၁၀ မိုင်နှုန်းလောက်နဲ့ တစ်ပါတ် ၃ ရက်လောက် ပုံမှန်နင်းသင့်ပြီး တစ်ပါတ် ကို တစ်ရက်တော့ Day Return Trip မိုင် ၅၀ ပါတ်လည်လောက် သွားသင့်ပါတယ်။ အနည်းဆုံး ဒီလို ပုံမှန် ၃ လ နီးပါးလေ့ကျင့်ခဲ့မယ်ဆိုရင်တော့ ခရီးရှည် မိုင် ၁၀၀၀ လောက်အတွက် တစ်လ၀န်းကျင်အတွင်းသွားနိုင်ဖို့ အဆင်ပြေနိုင်ပါမယ်။ တချို့ကတော့ ကြိုတင်လေ့ကျင့် စရာမလိုဘူးလို့ ယူဆကြပါတယ်။ သွားရင်းလာရင်း အသားကျ အဆင်ပြေသွားမယ်လို့ ယူဆကြပုံပါပဲ။ ခရီးမထွက်ခင်ထဲက စနစ်တကျ စက်ဘီးစီးနင်းခြင်းပညာအခြေခံနဲ့ မှန်ကန်တဲ့ စက်ဘီးဖွဲ့စည်းပုံ အနေအထားတို့ ရှိရင်တော့ ကြိုတင်လေ့ကျင့်စရာမလိုဘူးဆိုတဲ့ အယူအဆ မှန်ကောင်း မှန်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနည်းငယ်ကျန်းမာရေးကောင်းသူအတွက်ဆိုရင်တောင် စနစ်တကျစက်ဘီး နင်းမယ်ဆိုရင် ခရီးရှည်ထွက်နိုင်တဲ့ သက်လုံ ရရှိနိုင်ပါတယ်၊ ဒါပေမယ့် မြီးညှောင်ရိုးတွေနာကျင်ခြင်း၊ ပုခုံးနှင့် လက်ဖနောင့်နာကျင်ခြင်း၊ ဇတ်ကြောတတ်ခြင်း တို့ သက်သာနိုင်ဖို့တော့ ကြိုတင်ပုံမှန် လေ့ကျင့်ခြင်းက အကောင်းဆုံးပါပဲ။
၂။ ရေများများသောက်ပါ
ရေအသက်တစ်မနက်ဆိုတဲ့စကားအတိုင်း ရေဟာ အရမ်းအရေးကြီးပါတယ်။ ကိုယ်ရေမဆာ ခင်မှာ သောက်ပါ။ စက်ဘီးနဲ့ ခရီးသွားရင် အနည်းဆုံး ရေဗူး နှစ်ဗူး (နှစ်လီတာ) တော့ ဆောင်သွားပါ။ ရေဗူးလွယ်အိတ်တွေလဲ ရှိပါတယ်။ နောက်တစ်ကြိမ် ရေပြန်ဖြည့်နိုင်မယ့် အကွာအဝေးကို ချင့်ချိန်ပြီး ယူသွားနိုင်ရင် ပိုကောင်းပါတယ်။ လူသူဝေးတဲ့ အရပ်တွေသွားမယ်ဆိုရင်တော့ အရေးပေါ် ရေသန့် ကရိယာတွေ ဆောင်သွားနိုင်ရင် ပိုကောင်းပါတယ်။ စက်ဘီးသမားတစ်ယောက်ဟာ စက်ဘီးနဲ့ ခရီးထွက်နေချိန်မှာ ချွေးအရမ်းမထွက်ဘူးဆိုရင်တောင် ရေ (၆) လီတာလောက် သောက်ဖို့လိုအပ်ပါတယ်။ ရေသန့်ဗူးဝယ်ဖြည့်ခြင်းကတော့ ကောင်းပါတယ် တည်ငြိမ်တဲ့ ရေအရေအသွေးရနိုင်တဲ့အတွက် သောက်ရေကြောင့် ၀မ်းပျက်ဝမ်းလျောဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။။ ဒါပေမယ့် သဘာဝချစ်မြတ်နိုးလို့ စက်ဘီးစီးတဲ့သူတွေအတွက်တော့ စိတ်ထဲ ခိုးလိုးခုလုဖြစ်စရာကိစ္စတစ်ခု ဖြစ်စေတာမို့ အားမပေးပါဘူး။ သောက်ရေသီးသန့်အတွက်ဆိုရင်တောင် တစ်ရက်ကို ရေသန့်ဗူးခွံ (၆) ခု ပတ်ဝန်းကျင်ကို အမှိုက် ဖြစ်စေပါပြီ။ ရေသန့်ဗူးအများစုက ပတ်ဝန်းကျင်ကို အထိခိုက်ဆုံးဖြစ်တဲ့ ပလက်စတစ်နဲ့ ပြုလုပ်ထားတာမဟုတ်ပါလား။ ဒါကြောင့် အတတ်နိုင်ဆုံး ရောက်ရာဒေသက ရေကို ရေစစ်အသုံးပြုပြီး ပြန်ဖြည့်အသုံးပြုစေချင်ပါတယ်။
၃။ ကျန်းမာရေးအတွက် အထောက်အကူဖြစ်တဲ့ အစားအစာစားပါ
ပုံမှန်အားဖြင့်တော့ စက်ဘီးနဲ့ ခရီးသွားမယ်ဆိုရင် တစ်နေ့ကို ကယ်လိုရီ ၆၀၀၀ လောက် ပျမ်းမျှ ကုန်ပါတယ်။ ဒါကြောင့် ကယ်လိုရီ များများရနိုင်မယ့် အစားအသောက်တွေ စားဖို့လိုပါမယ်။ စက်တပ်ယာဉ်တွေအတွက် စက်သုံးဆီလိုအပ်သလို စက်ဘီးသမားတွေအတွက်လဲ ကယ်လိုရီဟာ စက်သုံးဆီနဲ့ အလားသဏ္ဌန်တူပါတယ်။ ကျွန်တော်တို့ မြန်မာတွေစားလေ့ရှိတဲ့ ထမင်းကလည်း ကယ်လိုရီ ကြွယ်ဝပါတယ်။ အကြိုက်ဆုံးနဲ့ အလွယ်ကူဆုံး ၀ယ်ရ သယ်ရ အဆင်ပြေတဲ့ အစားအစာက ငှက်ပျောသီးပါ။ ငှက်ပျောသီးက ကယ်လိုရီကြွယ်ဝသလို အင်အားအတွက် အထောက်အကူဖြစ်တဲ့ ကာဗွန်ဟိုက်ဒရိတ်ဒြပ်ပေါင်းလည်း ကြွယ်ဝပါတယ်။ မြန်မာနိုင်ငံမှာတော့ စက်ဘီးသမားအများစုက နောက်ကျောဘက်အိတ်ကလေးတွေထဲမှာ ငှက်ပျောသီးဆောင်သွားလေ့ရှိပါတယ်။ နောက်ထပ် ကယ်လိုရီကို အလွယ်ကူဆုံး သယ်ယူဖို့ အသက်သာဆုံးနဲ့ အများဆုံး ဖြည့်စည်းပေးနိုင်မယ့် အစားအစာတွေက ပဲဝေဖာ၊ နှမ်းဝေဖာ၊ သစ်စေ့၊ ချောကလက်နက်၊ ပဲနီလေး၊ စတာတွေပါပဲ။ နောက်ပြီး အားကစားသမားတွေ အတွက် သီးသန့်ထုတ်ထားတဲ့ Energy Bars တွေလည်း မြန်မာနိုင်ငံမှာ အလွယ်တကူ ရရှိနိုင်နေပါပြီ။
၎။ မမျှော်မှန်းနိုင်တဲ့ ရာသီဥတုအတွက် ကြိုတင်ပြင်ဆင်ပါ
နွေရာသီမှာ ခရီးထွက်မယ်ဆိုရင်တော့ တတ်နိုင်သလောက် စောစောထွက်ဖို့ အကြံပြုပါရစေ။ နေအရမ်း ပြင်းလာရင် အရိပ်ကောင်းကောင်းတစ်ခုမှာ နားလိုက်တာ အကောင်းဆုံးပါပဲ။ နေ့လယ် ၁၁ နာရီလောက်ကနေ ညနေ ၃ နာရီလောက်ထိ အေးဆေးနားနေရင်း ညနေပြန်နင်းဖို့ အားမွေးတာပေါ့။ နောက်ပြီး UV အကာအကွယ်ပေးတဲ့ ၀တ်စုံတွေ၊ လိုရှင်းတွေ မျက်မှန်တွေ အသုံးပြုဖို့လိုပါမယ်။ ဆောင်းရာသီမှာ ခရီးထွက်မယ်ဆိုရင်တော့ နေရောင်အစပြုချိန်မှ စနင်းတာကောင်းမယ်။ နှင်းကြောင့် ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်းမမြင်ရတာထက် အရှိန်ပြင်းပြင်းမောင်းလာမယ့် ယာဉ်တွေမြင်သာ အောင် နှင်းကွဲမီးတွေလိုအပ်ရင်ထွန်းသင့်ပါတယ်။ နောက်ပြီး နေမ၀င်ခင် တစ်နာရီလောက်မှာ နားခိုမယ့်နေရာ ရောက်နေသင့်ပါပြီ။ နေ၀င်တာမြန်သလို အအေးဒဏ်ကလဲ ကြီးစိုးလာနိုင်လို့ အိပ်ဖို့အတွက် ကြိုတင်ပြင်ဆင်ချိန်မရှိရင် သက်တောင့်သက်သာ အိပ်ဖို့ အဆင်မပြေနိုင်လို့ နောက်နေ့တွေ အတွက် အင်အားလျော့ပါးစေပါတယ်။ မိုးတွင်းကာလ ခရီးထွက်မယ်ဆိုရင်တော့ စက်ဘီးနင်းဖို့လုပ်ထားတဲ့ မိုးကာအကျီတွေဝတ်သင့်ပြီး Tour Bag တွေနဲ့ အပိုစက်ကရိယာတွေအတွက် မိုးစိုခံဖြစ်ဖို့ အရေးကြီး ပါတယ်။ လေပြင်းတိုက်ခိုက်ခြင်းဟာ စက်ဘီးသမားတွေအတွက် အကြီးမားဆုံး အနှောက်အယှက်ပါပဲ။ အထူးသဖြင့် လေဆန်ကိုနင်းရချိန်မှာဆို မသက်သာလှပါဘူး။ အကောင်းဆုံးက လေပြင်းကျချိန်မှာ ခိုင်ခံတဲ့အမိုးအကာအောက် ၀င်ရောက်နားခိုခြင်းဟာ အကောင်းဆုံးပါပဲ။ ခိုင်ခံတဲ့ အဆောက်အဦ ရှာမတွေ့ဘူးဆိုရင် မြေကျင်း၊ ရေမရှိတဲ့မြောင်းအဟောင်းတွေဟာ အကောင်းဆုံး နားခိုရာပေါ့။ စက်ဘီးသမားအများစုဟာ စက်ဘီးစီးနေရင်း ရာသီဥတုကြောင့် နေမကောင်းတာ ဖြစ်လေ့မရှိပါဘူး။ ဒါပေမယ့် နားနေချိန်မှာတော့ လုံခြုံနွေးထွေးစွာ နေနိုင်ဖို့ အထူးအရေးကြီးပါတယ်။
၅။ သန့်ရှင်းရေးပြုလုပ်ပါ။
စက်ဘီးနဲ့ ခရီးထွက်တာဆိုတော့ကာ အမြဲတမ်း ရေချိုးခန်းထဲမှာ ချိုးဖို့မျှော်လင့်ဖို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတလေ ချောင်းထဲမှာ၊ တစ်ခါတလေ ကန်ထဲမှာ၊ တစ်ခါတလေ အများသုံး ရေကန်တွေထဲမှာ ဖြစ်နိုင်ပြီး တစ်ခါတစ်လေဆို ရေပါတ်ပဲတိုက်တဲ့ အနေအထားတောင် ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်နေ့လုံး စက်ဘီးစီးလာရတော့ ချွေးတွေ ဖုန်တွေနဲ့ ညစ်ပေနေမှာ အသေအချာပါပဲ။ ကိုယ်လက် သန့်ရှင်းမှု မရှိရင် ကောင်းမွန်စွာအိပ်စက်နိုင်ခြင်းမရှိသလို ကျမ်းမာရေးအတွက်လည်း ဆိုးကျိုးများနိုင်လို့ တတ်နိုင်သလောက် ရေချိုး သန့်ရှင်းရေး လုပ်ဖို့လဲ လိုပါတယ်။ မိမိကိုယ်တိုင်သာမက မိမိရဲ့ စက်ဘီး၊ အသုံးအဆောင်တွေကိုလဲ တတ်နိုင်သမျှ ပြန်လည် သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ အထူးသဖြင့် ဘရိတ်တွေပြန်စစ်ခြင်း၊ ချိန်းဆီထိုးခြင်း၊ ကယ်ရီယာနပ်တွေစစ်ဆေးခြင်း၊ တာယာတွေစစ်ဆေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။
၆။ တောင်ပေါ်ရောဂါအတွက် ပြင်ဆင်ထားပါ။
အကယ်လို့ စက်ဘီးနဲ့ ခရီးသွားမယ့်သူဟာ မြေပြန့်သားဖြစ်ပြီး တောင်ပေါ်ဒေသတွေကို စက်ဘီးစီးဖို့ ပြင်ဆင် ထားတယ်ဆိုရင်တော့ ဒီအချက်ကို လိုက်နာပေးပါ။ အထူးသဖြင့် ပေ ၇၀၀၀ ကျော်တဲ့ဒေသတွေကို စက်ဘီးနင်းမယ်ဆိုရင် တောင်ပေါ်ရောဂါတွေ ခံစားရတတ်ပါတယ်။ တောင်ပေါ်ရောဂါဆိုတာက Altitude Sickness လို့ခေါ်ပြီးတော့ လက္ခဏာတွေကတော့ အသက်ရှုကျပ်၊ မောပန်း၊ မအီမသာ၊ နှလုံးခုန်မမှန်၊ ပျို့အန်ခြင်း စတဲ့ ဝေဒနာတွေဖြစ်ပါတယ်။ သာမန်အားဖြင့်တော့ အခိုက်အတန့်သာ ဖြစ်လေ့ရှိပြီး ခဏအနားယူလိုက်လို့ ဒေသနဲ့ အသားကျသွားရင် ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် ဝေဒနာက ဆိုးလာပြီဆိုရင်တော့ ရက်အနည်းငယ်လောက် ဒေသနဲ့ အံ့ဝင်ဂွင်ကျဖြစ်သွားအောင် အနားယူခြင်း သို့မဟုတ် အမြင့်ပေနည်းတဲ့နေရာကိုရွှေ့ပြောင်းခြင်းတို့ အမြန်ဆုံးပြုလုပ်သင့်ပါတယ်။ လိုအပ်ရင် ဆေးသောက် ဆေးခန်းသွားတာမျိုးလုပ်ပေးပါ။ ကဖင်းဓါတ်ပါတဲ့ အစားအစာတွေ အရက်သေစာသောက်စားခြင်းကို ရှောင်ကျဉ်ပါ။ ရေများများသောက်ပါ။ လေများများလည်ခြင်းကလဲ ရောဂါသက်သာစေပါတယ်။
၇။ မပင်ပန်းခင် အနားယူပါ။
စက်ဘီးနဲ့ခရီးသွားပြီးဆိုရင်တော့ စက်ဘီးသမားတိုင်းဟာ အနားယူဖို့ လိုအပ်မှာ အသေအချာ ပါပဲ။ အမြဲတမ်းသတိထားဖို့က သင်ဆက်သွားဖို့၊ ထပ်ခံစားဖို့ ခရီးတွေကျန်နေသေးတယ်ဆိုတာပါပဲ။ အဲ့အတွက် လုံလောက်တဲ့ အနားယူမှု လိုအပ်ပါတယ်။ ဘယ်အချိန်မှာ အနားယူမလဲ၊ သင် ပင်ပန်းလာပြီ၊ ကိုယ်လက်တွေ တောင့်လာပြီလို့ မထင်ခင်လေးမှာ အနားယူဖို့ကြိုးစားပါ။ ကိုယ်လက်တွေ ကိုက်ခဲလာမှ အရမ်းပင်ပန်းလာမှ အနားယူမယ်ဆိုရင် ကောင်းမွန်စွာ အနားယူလို့ ရမှာမဟုတ်တာတော့ သေချာပါတယ်။ စက်ဘီးနဲ့ခရီးသွားခြင်းဆိုတာဟာ သွားချင်တဲ့ ပန်းတိုင်ရောက်တာနဲ့ ခရီးစဉ်ပြီးဆုံးတာမဟုတ်ပါဘူး။ ဘေးအန္တရာယ်ကင်းကင်း အိမ်ပြန်ရောက်မှသာ ပန်းတိုင်ပြန်ရောက်ပြီလို့ ဆိုနိုင်ပါတယ်။ မဖြစ်ဖြစ် အောင်သွားမယ်ဆိုတဲ့ စိတ်ဓါတ်ဟာကောင်းပေမယ့် အန္တရာယ်ဖြစ်လောက်တဲ့အထိ ကြိုးစားရုန်းကန်တာ မကောင်းပါဘူး။ ဒါကြောင့် အရေးကြီးဆုံးက မပင်ပန်းခင် အနားယူလိုက်ပါ။
၈။ အရေးပေါ်ဆေးပစ္စည်းတွေ ယူသွားပါ။
သင်ခရီးသွားချိန်မှာ အချိန်မရွေး ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ အနည်းဆုံးတော့ အရက်ပျံ၊ ဆေးနီလေး၊ ပိတ်စကျဲကျဲ၊ ပါတ်တီးစ၊ ဒဏ်ကြေလိမ်းဆေး၊ အကြောကပ်ပလာစတာ၊ ဆေးပလာစတာ၊ ရှုဆေး စတာတွေ ဆောင်သွားဖို့ လိုပါလိမ့်မယ်။ နောက်ပြီး စက်ဘီးနဲ့ ခရီးရှည်ထွက်တဲ့သူတိုင်း ဖြစ်လေ့ရှိတာကတော့ ၀မ်းပျက်၊ ၀မ်းလျောခြင်းပါပဲ။ ဒါကြောင့် ကိုယ်နဲ့အဆင်ပြေမယ့် ဆေးဝါးတွေ ကြိုတင်ယူသွားသင့်ပါတယ်။ သွားမယ့်ဒေသမှာ ဖြစ်လေ့ရှိတဲ့ ရောဂါတွေ၊ ဒုက္ခပေးလေ့ရှိတဲ့ အင်းဆက်ပိုးမွှားတွေအကြောင်း ကြိုတင်စုံစမ်းပြီး သင့်တော်တဲ့ဆေးဝါးတွေ ဆောင်ယူသွားခြင်းကလည်း ခရီးစဉ်ချောမွေ့ဖို့ အထောက်အကူကောင်းတစ်ခုပါပဲ။ ကိုယ့်ကျန်းမာရေး တင်မကပဲ စက်ဘီးကျန်းမာရေးအတွက် ကျွတ်အပို၊ ကျွတ်ဖာတဲ့ ပစ္စည်းကရိယာ၊ ချိန်းဆီ၊ Multi Maintenance Tools လေးတွေ ယူသွားဖို့ မမေ့ပါနဲ့။
၉။ အကြောလျော့ပါ။
အကောင်းဆုံး အမြန်ဆုံး အကြောလျော့ခြင်းက အပျင်းကြောဆန့်ခြင်းပါ။ အကြောလျော့ လေ့ကျင့်ခန်းကို စက်ဘီး စမနင်းခင်နဲ့ စက်ဘီးစီးနားချိန်တွေမှာ အနည်းဆုံး အချိန် ငါးမိနစ်လောက် ပေးပြီးလုပ်သင့်ပါတယ်။ ကြိုတင်အကြောလျော့ထားခြင်းနဲ့ နားချိန်မှာ အကြောလျော့ခြင်းက ကိုယ်လက် ကိုက်ခဲခြင်းအတွက် အကောင်းဆုံး ဖြေဆေး၊ ကြိုတင်ကာကွယ်ဆေးတွေပါပဲ။ စက်ဘီးခရီးစဉ်မစတင်မီ ကိုယ်နဲ့လိုက်ဖက်မယ့် အကြောလျော့ခြင်းပုံစံမျိုး လေ့လာထားတာ အကောင်းဆုံးပါပဲ။ သိပ်အရေးမကြီး ဘူးလို့ ထင်ရပေမယ့် လက်တွေ့မှာ အကြောလျော့လေ့ရှိတဲ့သူက ဒဏ်ရာရသက်သာလေ့ရှိပါတယ်။
၁၀။ ခံစားရင်ခုန်ပျော်ရွှင်ပါ
စက်ဘီးနဲ့ ခရီးထွက်ပြီဆိုထဲက သင်ဟာ လောကကြီးကို အပြုသဘောနဲ့ မြင်တတ်တဲ့သူ တစ်ယောက်ဆိုတာ သေချာသလောက် ဖြစ်နေပါပြီ။ ဒါကြောင့် ခရီးစဉ်အတွင်းမှာ အရာရာကို အပြုသဘောနဲ့ မြင်ပါ၊ ကြည့်ပါ၊ ခံစားပါ။ စက်ဘီးဖြင့်ခရီးရှည်ထွက်ခြင်းဟာ ကာယစွမ်းအားသာမက စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေပါ ကြံ့ခိုင်သန်မာဖို့ လိုသလို စက်ဘီးဖြင့်ခရီးရှည်ထွက်ခြင်းကြောင့်လဲ ကာယစွမ်းအား ဥာဏစွမ်းအားတွေ တိုးတတ်လာစေပါတယ်။ စက်ဘီးနဲ့ ခရီးထွက်ခြင်းမှာ တစ်နေ့ ဘယ်လောက်ထိ သွားမယ်၊ ဘယ်နေရာမှာ နားမယ်၊ ဘယ်နေရာထိရောက်ရမယ်ဆိုတဲ့ အစီအစဉ်တွေ အတိုင်းသွားတာထက် ကျွန်တော်ကတော့ နင်းနိုင်သလောက်နင်းမယ်၊ ရပ်ချင်တဲ့နေရာ ရပ်မယ်၊ နားချင်တဲ့နေရာနားမယ်၊ သဘာဝကို ခံစားမယ်၊ သဘာဝနဲအတူ နေထိုင်မယ်၊ အဲ့လိုစိတ်ဓါတ်တွေနဲ့ ခရီးထွက်တာ ပိုပြီးနှစ်သက်ပါတယ်။ လွတ်လပ်မှုနဲ့အတူ သဘာဝတရားကြီးကို စီးမျောချင်ပါတယ်ဆိုမှ နေ့စဉ်တိကျတဲ့အစီအစဉ်တွေကြား မှာ မွန်းကျပ်မနေချင်တာကတော့ သဘာဝကျမယ်ထင်ပါတယ်။
ကဲ မိတ်ဆွေ….
စဉ်းစားပါ…..
ဘ၀မှာ ကိုယ့်အတွက်၊ မိသားစုအတွက်.. လေးလေးနက်နက် အလုပ်တွေလုပ်ပါ.. ကြိုးစားပါ…
တစ်ခါတစ်လေ.. ကိုယ့်ပါတ်ဝန်းကျင်အတွက်.. ကိုယ့်နိုင်ငံအတွက်.. ကမ္ဘာမြေကြီးအတွက် ကြီးကြီးကျယ်ကျယ်တွေ လုပ်ပါ..
ဒါပေမယ့်…
တစ်ချိန်ချိန်မှာတော့ သဘာဝကြီးကို ခံစားပြီး.. သဘာဝကြီးထဲကို စီးဆင်းနိုင်ပါစေ.. ပေါ့ပါးတဲ့ လေးနက်မှုတွေနဲ့အတူ စက်ဘီးစီးကြပါစို့
ref. internet

ပတ်ဝန်းကျင်ထိန်းသိမ်းရေး စနစ်တခု (Leave no trace)

မန်မာနိုင်ငံမှာ Adventure ခရီးစဉ်တွေကို လူစိတ်ဝင်စားမှု မြင့်တက်လာလျက်ရှိပါတယ်။
ကားနဲ့ တစ်မျိုး၊ ဆိုင်ကယ်နဲ့တဖုံ၊ ခြေလျင်နဲ့ တစ်သွယ်၊ စက်ဘီးလည်း ပါသပေါ့။ အဲ့အတွက်လည်း နေရာသစ်တွေရှာကြ ဖွေကြ ဈေးကွက်ချဲ့ထွင်ကြပေါ့။ စိတ်မကောင်းစရာတစ်ခုက လူသိများသွားတဲ့ နေရာဒေသတစ်ခုဟာ ပျက်စီးခြင်းလမ်းကြောင်းပေါ် ရောက်သွားတတ်တာပါပဲ။ အဓိက က ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ အားနည်းမှုတွေကြောင့်ပါပဲ။ ခြေလျင်တောင်တက်အသင်းတချို့ကလွဲလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စနစ်တကျလိုက်နာသူတွေ ရှားပါတယ်။ Adventure Trip မှ စိတ်ဝင်စားတယ်ဆိုသူတွေအတွက်
ဗဟုသုတအလို့ငှါ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စနစ်တခု (Leave no trace) မိတ်ဆက်ပေးပါရစေ။ ဖတ်သိကြားဖူးသလောက်သာ ဝေမျှတာမို့ ကွဲလွဲချက် မှားယွင်းမှုတွေပါရင် ပညာရှင်တွေက ထောက်ပြဝေဖန်ပေးပါအုံး။
#Leave_No_Trace
LNT မှာ အဓိက ခုနှစ်ချက်ရှိပါတယ်။
1. Plan ahead & prepare
ခရီးမစတင်မီ အဲ့နေရာနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေ ဓလေ့ထုံးစံတွေ ရိုးရာတွေကို ကြိုတင်လေ့လာပြင်ဆင်ပါ။ ကြိုတင်ပြင်ဆင်တဲ့အတွက် အပိုတွေယူစရာမလိုတော့ အမှိုက်တွေနည်းမယ်၊ လိုတာတွေမရှိတော့ တွေ့ရာဖျက်ဆီးယူသုံးစရာ မလိုဘူး။ နောက်ပြီး သူ့ဓလေ့ကို နှောက်ယှက်ရာ မရောက်ဘူးပေါ့။
2. Travel & camp on durable surfaces
တောတွင်းစခန်းချရတော့မယ်ဆို ရှိပြီးသားနေရာတွေမှာ စခန်းချပါ။ တက်နိုင်သလောက် နေရာသစ်မှာ စခန်းချခြင်း၊ လမ်းအသစ်တွေက သွားခြင်းမပြုလုပ်ပါနဲ့။ နေရာသစ်ရှာရမယ်ဆိုရင် ပတ်ဝန်ထိခိုက်မှု အနည်းဆုံးဖြစ်မယ့် နေရာမှာ စခန်းချပါ။ လမ်းအသစ်တွေအတွက် စခန်းချစရာနေရာတွေအတွက် အပင်တွေရှင်းလင်းတာဟာ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ မရောက်ပါဘူး။
3. Dispose of waste properly
စွန့်ပစ်ပစ္စည်းတွေကို သတ်မှတ်နေရာမှာသာ စွန့်ပစ်ပါ။ နေရာသီးသန့်မရှိရင်တော့ မြေကြီးထဲ ၆ သို့မဟုတ် ၈ လက်မထိ ကျွင်းတူးပြီးမြှုပ်ပေးပါ။ မြစ်ချောင်းတွေနဲ့ အနည်းဆုံး ပေ ၂၀၀ ကျော် ဝေးပါစေ။ အထူးသဖြင့် ပလပ်စတစ်ပစ္စည်းတွေဆိုရင် ပစ်စရာနေရာမရှိပါက အိမ်ထိသာ ပြန်သယ်ခဲ့ပါ။
4. Leave what you find
ခရီးသွားရင်း တွေ့တဲ့ သဘာဝအလှအပတွေ၊ အမှတ်တရအရာဝတ္ထုတွေကို နှလုံးသားနဲ့ပဲ ခံစားပါ။ ယူငင်ခြင်း၊ ဖျက်ဆီးခြင်း၊ အမှတ်တရစာတွေရေးခြင်း၊ အမှတ်တရ ကျောက်တုံးတွေ စီခြင်း၊ တစုံတရာပြောင်းလဲခြင်း စတာတွေ မလုပ်ဖို့ အရေးကြီးပါတယ်။ ပန်းလေးတစ်ပွင့်တောင် မခူးဖြစ်ဖို့ လိုအပ်ပါတယ်။
5. Minimize use & impacts of fire
သဘာဝအခြေခံ ခရီးသွားတယ်ဆိုထဲက တချိန်ချိန်တော့ wild camping တောတွင်းစခန်းချခြင်းဆိုတာ ကြုံရမှာပေါ့။ အဲ့လိုအချိန်တွေမှာ စားသောက်ဖို့ မီးဖိုရတော့မယ်ဆိုရင် သယ်ရလွယ်တဲ့ Stove တွေသုံးဖို့ပါပဲ။ stove အဆင်မပြေမှ နီးစပ်ရာ သစ်ကိုင်းခြောက်သေးသေးလေးတွေစုပြီး မီးဘေးစိတ်ချရတဲ့နေရာမှာ မီးဖိုသင့်ပါတယ်။ LNT ဆိုထဲက တောထဲက သဘာဝအမှိုက်ကိုတောင် မထိခိုက်စေချင်တာပါ။ အသုံးပြုပြီးရင်လဲ စနစ်တကျ ပြန်ငြိမ်းသတ်ဖို့ မမေ့ပါနဲ့။
ကိုယ့်စားကျွင်းစားကျန်တွေကိုလည်း သေချာ သိမ်းဆည်းစွန့်ပစ်ပါအုံး။ တိရိစ္ဆာန်တွေအတွက် အန္တရာယ်များတယ်လေ။
6. Respect wildlife
သဘာဝအရိုင်းဆန်မှုတွေကို လေးစားတန်ဖိုးထားပါ၊ သဘာဝအတိုင်းနေတဲ့ တိရစ္ဆာန် တွေကို အနှောက်အယှက် ဖြစ်လောက်တဲ့ ချဉ်းကပ်စောင့်ကြည်မှုကနေ ရှောင်ကြဉ်ပါ။ မိမိအစားအစာများကိုလည်း လုံခြုံစွာသိမ်းဆည်းပါ၊ တိရစ္ဆာန် တွေစားမိရင် ဒုက္ခများ အကျင့်ပျက်စေပါတယ်။
7. Be considerate of other visitors
သဘာဝအလှတရားတွေခံစားချင်လို့ သဘာဝအခြေခံ အရိုင်းတောထဲ ခရီးနှင်နေတာမို့လား။ ဟုတ်ပါတယ်၊ အခြားသူတွေလည်း အဲ့လိုပါပဲ၊ ဒါကြောင့် သူတို့လည်း အနှောင်အယှက်မဖြစ်၊ ပတ်ဝန်းကျင် လည်း သဘာဝအတိုင်း အရိုင်းဆန်နေနိုင်အောင် ကြိုးပမ်းပေးပါ။
ဆုံးအောင်ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သဘောကျကျေနပ်ရင် ကိုယ့်ပတ်ဝန်းကျင်ကိုလည်း သင့်တော်သလို မျှဝေပေးပါ။ လိုအပ်ရင် မှားနေရင်လည်း ထောက်ပြဝေဖန်ပေးပါအုံး။
Ref. internet

ထူးခြားတဲ့ မိဘဆရာ အစည်းအဝေး တစ်ခု

တရုတ်ပြည်တောင်ပိုင်းမြို့ တစ်မြို့ မှာရှိတဲ့ မူလတန်းကျောင်းတစ်ကျောင်းမှာပါ။ မူလတန်း အတန်းလိုက် ကျင်းပတဲ့ မိဘဆရာ အစည်းအဝေးမှာပါ။
မနက် ( ၉ ) နာရီ၊ ကျောင်းသူကျောင်းသားများရော ကျောင်းသားမိဘများပါ တစ်ဖွဲဖွဲ ရောက်လာကြပါတယ်။ အစည်းအဝေး တက်ရောက်သူများအားလုံး လှလှပပ ၀တ်ဆင်လာကြတာကို တွေ့ရပါတယ်။ ကျောင်းသားမိဘအများစုဟာ ပညာတတ်များဖြစ်ကြပါတယ်။ ကျောင်းသားမိဘများ တက်ရောက်ကြောင်းလက်မှတ်ရေးထိုးကြရပါတယ်။ အချို့ မိဘများ ကျေကျေနပ်နပ် ထိုးကြသလို အချို့ မိဘများလည်း ဆရာမကို တစ်ခွန်းစ နှစ်ခွန်းစ ပြစ်တင်ပြီးမှ ထိုးကြတာလည်း ရှိပါတယ်။
“ ကျွန်မသား ဘာလို့ ဒီတစ်နှစ်မှာ အဆင့်ကျသွားတာလဲ၊ အဲဒါ ဆရာမတို့ ရှင်းပြဖို့လိုပါလိမ့်မယ်။” မိဘတစ်ဦးထံမှ စတင်လိုက်တဲ့ ပြစ်တင်မူပါ။
ဆရာမ ဘာမှ ပြန်မပြောပါ။ လာရောက်တဲ့မိဘများကို ဆက်လက်မှတ်ထိုးခိုင်းပါတယ်။ မနက် ( ၉ ) နာရီခွဲ၊ အစည်းအဝေး စတင်ခါနည်းလေးမှာ၊ အ၀တ်အစားဟောင်းနွမ်းပြီး၊ ဖုန်များပေတေနေတဲ့၊ အလုပ်ကြမ်းဝတ်စုံ ၀တ်ထားတဲ့ လူလတ်အမျိုးသားတစ်ဦး ၀င်လာပါတယ်။ နောက်ကျလို့ အားနာအပြုံးပြုံးပြီး “ ကျွန်တော် ဘယ်မှာ ထိုင်ရမလဲ ဆရာမ” လို့ မေးလိုက်ပါတယ်။
ဆရာမက ကြည့်လိုက်တာနဲ့ ဆောက်လုပ်ရေးခွင်ကနေ ရောက်လာတဲ့ အလုပ်သမားမှန်း ရိပ်မိပါတယ်။ “ ဒါနဲ့ ဒီမိဘက....” ၊ ဆရာမက ယဉ်ကျေးစွာမေးလိုက်ပါတယ်။
“ ကျွန်တော်က ကျောင်းသား “ကျိဟောက်” ရဲ့ အဖေပါ။”
ဆရာမက ထိုင်ခုံစီစဉ်ပေးဖို့ နည်းနည်းခက်သွားပုံရပါတယ်။ “ အော…ဟုတ်ကဲ့ ဟိုဒေါင့်မှာ လွတ်တဲ့ခုံ နေရာမှာ ထိုင်ပါရှင့်၊ တက်ရောက်ကြောင်း လက်မှတ်ထိုးပါရှင့်” ဆရာမက လက်မှတ်စာအုပ် ကမ်းပေးလိုက်ပါတယ်။
“ ကျွန်တော် စာမတတ်ဘူးဗျ၊ လက်မှတ်မထိုးတတ်ဘူး” လူလတ်က အားနာနာနဲ့ ဖြေလိုက်ပါတယ်။
“ အော၊ ကိစ္စမရှိပါဘူးရှင့်၊ ဦးသားကို ထိုးခိုင်းလိုက်ပါ့မယ်။ ”
၉ နာရီခွဲမှာ အစည်းအဝေး စဖြစ်ပါတယ်။ အတန်းပိုင် ဆရာမက ကျောင်းသားမိဘများ မအားလပ်တဲ့ ကြားထဲကနေ အစည်းအဝေး တက်ရောက်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း၊ စာသင်နှစ်ရဲ့ နောက်ဆုံး အစည်းအဝေးဖြစ်တဲ့အတွက် ဆရာမအနေနဲ့ ထွေထွေထူးထူး ပြောစရာမရှိကြောင်း၊ မိဘများ၊ အထူးသဖြင့်၊ အဆင့်ကောင်းကောင်းနဲ့ အောင်မြင်ထားတဲ့ ကျောင်းသူ ကျောင်းသားများရဲ့ မိဘများကို အိမ်မှာ သားသမီးရဲ့ ပညာရေး ဘယ်လိုအားပေးတယ်ဆိုတာ အတွေ့ အကြုံ ဖလှယ်ရန် မေတ္တာရပ်ခံ ကြောင်း ပြောကြားပါတယ်။
အစည်းအဝေး လုပ်လုပ်ရွရွ ဖြစ်သွားပါတယ်။ ဆရာမက ကျောင်းသူ “ လီပင်း” ရဲ့ ဖခင်ကို ထူးချွန်တဲ့ သားသမီး ပျိုးထောင်တဲ့ အတွေ့အကြုံကို စတင်စကားပြောခိုင်းပါတယ်။
“ လီပင်း” ရဲ့ ဖခင်က အိမ်မှာ စည်းကမ်းဘယ်လို ကြီးကြောင်း၊ စာတော်ဖို့အတွက် အချိန်ပို ဘယ်လိုသင်ပေးရကြောင်း၊ အိမ်စာလုပ်ဖို့ Guide ဘယ်လိုခေါ် ပေးရကြောင်း စသည်ဖြင့် ပြောကြားပါတယ်။ ဆွဲဆောင်စရာ ထွေထွေထူးထူး မရှိပါ။
နောက်မိဘ တစ်ဦးပြောပါသေးတယ်။ အကြောင်းအရာ သိပ်မကွာပါဘူး။ ဆရာမက အတန်းထဲမှာ “ ကျိဟောက်” စာအရမ်းထူးချွန်တဲ့အတွက် ကျိဟောက်ရဲ့ အဖေကို တစ်ခုခု ပြောပြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ အစတော့ ငြင်းပါသေးတယ်။ သားကလည်း “ တက်ပါအဖေ” လို့ပြောတော့မှ မ၀န့်မရဲနဲ့ အတန်းရှေ့ စင်ပေါ် ကိုတက်သွားပါတယ်။ ချောင်းနှစ်ချက် ဟန့်လိုက်ပါတယ်။ ဘာပြောရမလဲ လို့ စဉ်းစားနေပုံရပါတယ်။
ဆရာမက “ကျိဟောက်ရဲ့ ဖခင် အားပေးတဲ့အကြည့်နဲ့ ခေါင်းငြိမ့် ပြုံးပြပါတယ်။ “ ကျောင်းသားမောင်ကျိဟောက်ဟာ အတန်းထဲမှာ ဘာသာစုံ အထူးချွန်ဆုံးကျောင်းသားထဲမှာ ပါပါတယ်။ တစ်ခါမှလည်း ကျောင်းပျက်တာမျိုး၊ ကျောင်းနောက်ကျတာမျိုး မရှိခဲ့ပါဘူး၊ အခု သူ့ဖခင်က အိမ်မှာဘယ်လို ပျိုးထောင်သင်ကြားပေးသလဲ ဆိုတာကို ပြောပြမှာဖြစ်တယ်။ အားလုံးအားပေးကြပါ။ ”
အားလုံး အားပေးကြပါတယ်။
ကျိဟောက် ဖခင်က အဲလို စပြောပါတယ်။
“ ကျွန်တော်နဲ့ ကျွန်တော်သားဟာ အဖေတစ်ခု သားတစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ဆောက်လုပ်ရေး အလုပ်သမားပါ။ ကျွန်တော် ပညာမသင်ခဲ့တော့ စာမတတ်ပါဘူး၊”
“ ဒါကြောင့် ကျွန်တော့မှာ ပြောပြဖို့ အတွေ့အကြုံဆိုတာလည်း မရှိပါဘူး၊ကျွန်တော်က ကျွန်တော့သား အိမ်စာလုပ်တာကို ကြည့်တာကို အရမ်းဝါသနာပါတယ်။ နေ့တိုင်းအိမ်ပြန်လို့ ဘယ်လောက်ပဲ အလုပ်မောမော သူအိမ်စာလုပ်တာကို ထိုင်ကြည့်ပါတယ်။ တစ်ရက်ကျတော့ သားကမေးတယ်။
“ ဖေဖေက နားလည်းမလည်ပဲနဲ့ ဘာလို့ထိုင်ကြည့်နေတာလဲ၊ သွားအိပ်တော့လေ” တဲ့၊
ကျွန်တော်က သူ့ကို ပြန်ပြောပါတယ်။
“ ဖေဖေက နားမလည်တာမှန်တယ်။ ဒါပေမဲ့ သားစာလုပ်တတ်လား၊ မလုပ်တတ်ဘူးလားဆိုတာတော့ သိတယ်။ သားရေးတာမြန်ရင်၊ သားစာလုပ်တာ ဖြောင့်ဖြူးရင် သားစာရတယ်ဆိုတာ ဖေဖေသိတယ်။ အဲ..သားက ပန်ကာထဖွင့်လိုက်၊ ရေထသောက်လိုက်ဆိုရင် သားအခက်အခဲတွေ့ပြီဆိုတာ ဖေဖေသိတယ်။”
အခန်းတစ်ခုလုံး အပ်ကျတာတောင်မှ ကြားရလောက်တဲ့အထိ ငြိမ်သက်သွားပါတယ်။ သူကဆက်ပြောပါတယ်။
“ ကျွန်တော်က အလုပ်သမားဆိုပေမဲ့ အလုပ်များတယ်။ သားကို အချိန်ပေးပြီး မသင်ပေးတတ်ဘူး၊ သင်လည်း မသင်တတ်ဘူး၊ အားတဲ့အခါကျရင် စကားပြောပေးတယ်။ ကျွန်တော်သူ့ကို အမြဲတမ်း တစ်ခုခု မေးတယ်။
“ သား၊ တီဗွီထဲက နိုင်ငံတော်ခေါင်းဆောင်တွေလို နိုင်ငံခြားခဏခဏ မထွက်ချင်ဘူးလား”
“ ထွက်ချင်တာပေါ့ အဖေ” သားကအဲလိုဖြေပါတယ်။
“ အေး၊ ထွက်ချင်ရင် စာကောင်းကောင်းကြိုးစား”
ကျွန်တော်က မေးပါတယ်။ “ သားသူများလို အိမ်ကြီးကြီး မနေချင်ဘူးလား”
“ နေချင်တာပေါ့” လို့ သားက ခေါင်းငြိမ့်ပြီး ဖြေပါတယ်။
“ အဲလိုဆို စာကောင်းကောင်းကြိုးစား”
လမ်းမမှာ ပြေးလွှားနေတဲ့ အမဲရောင်၊ အရမ်းလှတဲ့ကားတွေ့ရင် ကျွန်တော်ကသူ့ကိုမေးတယ်။
“ သား အဲဒီကားမျိုး စီးချင်သလား”
စီးချင်တယ်လို့ သူဖြေပါတယ်။
“ စီးချင်ရင် စာကောင်းကောင်းကြိုးစား”
ကျွန်တော်က ပညာမတတ်တော့ လေးနက်တဲ့ဆုံးမစကားမပြောတတ်ဘူးလေ၊ တွေ့တဲ့ဟာနဲ့ပဲ သားကို အားပေးရပါတယ်။ ကျွန်တော် အရမ်းကျေနပ်ရင် သားဦးခေါင်းလေးကို ကိုင်တာလည်း အရမ်းဝါသနာပါပါတယ်။ သားက ကျွန်တော့နားမှာ ဖင်ထိုင်ထိုင်နေတတ်တယ်။ ကျွန်တော် အလုပ်လုပ်တာကို ထိုင်ကြည့်နေတတ်တယ်။ တစ်ခုခုပြောလိုက်၊ သူ့ခေါင်းလေးကိုကိုင်လိုက်နဲ့ အချိန်ကုန်နေတတ်တယ်။ တစ်ခါတစ်လေ သူက ကျွန်တော့ကို သောက်ရေ ခတ်ပေးတယ်။ အ၀တ်လျှော်ပေးတယ်။ ကျွန်တော်သူ့ကို မူန့်ဖိုးမပေးသလောက်ပါပဲ၊ အဲဒါကြောင့်သူ အင်တာနက် မဆော့တတ်ဘူး၊ အင်တာနက် ကဖေး မသွားတတ်ဘူး၊ မူန့်မ၀ယ်စားတတ်ဘူး၊ အားရင် အိမ်အလုပ်ကူလုပ်ပေးပါတယ်။
ကျွန်တော်တို့ ဆောက်လုပ်ရေးသမားတွေဟာ မတည်ငြိမ်တတ်ပါဘူး၊ အတွေ့အကြုံလည်း တကယ်မရှိပါဘူး၊ သားနဲ့ အတူနေရတာပျော်တယ်။ သူအိမ်စာလုပ်တာ ထိုင်ကြည့်တာ ပျော်တယ်။ သူ့ခေါင်းကလေး ကိုင်ရတာ ပျော်တယ်။ သူနဲ့ စကားပြောရတာ ပျော်တယ်။ အမြဲတမ်းသူ့ကိုမေးတယ်။ “ ငါ့သားကို ဒီလိုထူးချွန်အောင်သင်ပေးတဲ့ ကျောင်းကို ကျေးဇူးတင်ပြီးပြီလား၊ ဆရာဆရာမတွေကို ကျေးဇူးတင်ပြီးပြီလား၊ ဆရာဆရာတွေအားလုံးကိုရော ကျောင်းကိုရော ကျေးဇူးအထူးတင်ရှိပါတယ်။” အဲလိုပြောရင်း ကျိဟောက်ရဲ့ ဖခင်ဟာ အရိုအသေပေး အလေးပြုလိုက်ပါတယ်။
ကျန်တဲ့မိဘများ စိတ်တော်တော်ခိုက်သွားပုံရပါတယ်။ ပုံမှန်အားဖြင့် ထူးချွန်ရင်၊ အိမ်က ပံ့ပိုးလို့၊ မထူးချွန်ရင် ကျောင်းမကောင်းလို့၊ ဆရာဆရာမ ညံ့ဖျင်းလို့ အပြစ်တင်တတ်တဲ့မိဘများဟာ ကျိဟောက်ဖခင်ရဲ့ စကားနဲ့ အပြုအမူကြောင့် ပါးစပ်အဟောင်းသားဖြစ်ကုန်ကြပါတယ်။
ကျိဟောက်ဖခင်စကားအဆုံးမှာ အစည်းအဝေးတစ်ခုလုံး လက်ခုပ်သံညံသွားပါတယ်။ ထောက်ခံခြင်း၊ အားကျခြင်း၊ အားပေးခြင်း အပြင် ကိုယ့်ကိုယ်ကို ဆန်းစစ်ခြင်းလည်း ပါကောင်းပါနိုင်ပါလိမ့်မယ်။
သင်ကော ကလေးနဲ့အတူ အိမ်စာလုပ်ပါသလား၊
သင်ကော ကလေးဦးခေါင်းကို မကြာခဏ ပွတ်သပ်ပေးပါသလား၊
သင်ကော ကလေးနဲ့ စိတ်ချင်းဖလှယ် စကားပြောဖြစ်ပါသလား၊
Ref: WeChat

စက်ဘီးအကြောင်း ခုမှ စလေ့လာနေတဲ့ သူတွေအတွက်။

ခုပြောပြမှာကတော့ Mountain Bike (MTB) တွေကို ဘယ်လိုအမျိုးအစားသတ်မှတ်သလဲပေါ့။
စက်ဘီးအမျိုးအစားလို့ ပြောရရင်တော့ ပြောမဆုံးနိုင်ပါဘူး။ အဲ့ဒိထဲကမှ MTB တစ်ခုကိုရွေးပြီး အမျိုးအစား ခွဲထုတ်ရင်တောင် တော်တော်များပါသေးတယ်။ စက်ဘီးထုတ်တဲ့လုပ်ငန်းတွေက ကိုယ်ပိုင် ဒီဇိုင်းတွေ၊ နည်းပညာတွေနဲ့ အမျိုးကွဲတွေ အမျာကြီးထုတ်ကြတယ်။ အဓိက ကတော့ ဘီးရဲ့ Layout and Geometry (L&G) ပေါ်မူတည်ပြီး အခေါ်အဝေါ်တွေ သတ်မှတ်ကြတာပေါ့။ အကြမ်းဖျဉ်းအားဖြင့် ကွဲပြားတဲ့ ဒီဇိုင်းတွေနဲ့ အသုံးဝင်ပုံလေးတွေ အနည်းငယ် ရှင်းပြပါမယ်။
Hardtail bikes
Hardtail ဘီးတွေကိုတော့ ခုမှ စစီးတဲ့သူတွေကနေ ပရိုတွေ ပြိုင်ပွဲအထိ အသုံးများခဲ့တာပေါ့။ လွန်ခဲ့တဲ့ နှစ်များစွာအထိ Hardtail တွေက ပြီးပြည့်စုံတဲ့ ဘီးတွေဖြစ်ခဲ့တာပေါ့။ ခုထိလဲ လမ်းအရမ်းမကြမ်းတဲ့ MTB ပြိုင်ပွဲတွေအတွက် အကောင်းဆုံးပုံစံဖြစ်နေဆဲပါပဲ။ မြန်မာနိုင်ငံရဲ့ လမ်းတော်တော်များများအတွက်တော့ Hardtail တွေက ပြီးပြည့်စုံနေပါပြီ။ လက်ရှိ မြန်မာနိုင်ငံမှာတော့ Touring Bike တွေက ဈေးကြီးတာကြောင့် Hardtail တွေကိုပဲ Touring အတွက် အသုံးပြု တွင်ကျယ်လျက်ရှိပါတယ်။ Cross-country ပြိုင်ပွဲတွေမှာလဲ XC hardtail တွေနဲ့ အသုံးပြုတတ်ပါတယ်။
Cross-country race bikes
တကယ်လို့ လမ်းကြမ်းလည်း နင်းချင်တယ်၊ ပြိုင်ပွဲဝင်သလို အမြန်ဆုံး နှုန်းနဲ့လည်း နင်းချင်တယ်ဆိုရင်တော့ ဒီအမျိုးအစားကိုသာ ရွေးလိုက်ပါတော့။ XCR တွေကိုတော့ ၄ လက်မ အရှည် travel (travel ဆိုတာက fork မှာ အထက်အောက် ရွေ့လျားတဲ့ နေရာလေးပေါ့။ ပုံမှာပြထားပါတယ်) ကို အသုံးပြုလေ့ရှိပြီး ဖရိန်ဒီဇိုင်း (geometry) က steep angles (steep bike အကြောင်း နောက်မှ ထပ်ရှင်းပြပါမယ်၊ steep angle ဆိုတာ head angle ကိုခေါ်တာဖြစ်ပြီး များသောအားဖြင့် ၇၀ ဒီဂရီအထက် ရှိတတ်ပါတယ်)။ နောက်ပြီး Racing type တွေရဲ့ ထုံးစံအတိုင်း weight-forward position ဖြစ်အောင်တည်ဆောက်ထားပါတယ်။ XCR တွေကတော့ တောင်ကုန်းအမြင့်တွေမှာ လွယ်လွယ်ကူကူ ဟန်ချက်ထိန်းလို့ အကောင်းဆုံး စီးနိုင်ပါတယ်။
Cross-country trail bikes
ဒီဘီးအမျိုးအစားကတော့ trail စီးတဲ့သူတွေကြားမှာ ရေပန်အစားဆုံး အမျိုးအစားဖြစ်ပါတယ်။ သူကတော့ များသောအားဖြင့် ၅ လက်မ travel နဲ့ လာတတ်ပါတယ်။ ရပ်ကွက်ထဲပဲ စီးစီး၊ မြို့ထဲပဲစီးစီး၊ တောထဲပဲ စီးစီး သက်တောင့်သက်သာအဖြစ်ဆုံးလိုချင်တယ်ဆိုရင် ဒီဘီးမျိုးကို ရွေးချယ်လိုက်ပါ။
All-mountain bikes
ကဲ တောင်တတ်ခရီးကြမ်းတွေနင်းရင်း နည်းနည်းပါးပါး စတန့်ခုန်ချင်တယ်ဆိုရင်တော့ All-mountain ကို ရွေးချယ်လိုက်ပါ။ အခြား trail bike တွေထက် head angle ပိုနည်းပြီး ပိုတည်ငြိမ်တဲ့ ဒီဇိုင်းနဲ့ တည်ဆောက်ထားတာပါ။ သူကတော့ ပုံမှန်အားဖြင့် ၆ လက်မ travel နဲ့ လာလေ့ရှိပါတယ်။
Freeride bikes
တောင်ကုန်းတွေကနေ ဆင်းချင်တယ်။ တောကြမ်း ခရီးလဲ သွားချင်တယ်၊ စတန့်တွေလဲ ပြချင်တယ် ဆိုရင်တော့ Freeride ကို သာ ရွေးချယ်လိုက်ပါ။ FR တွေကို ၆ လက်မနဲ့ အထက် travel တွေအသုံးပြုလေ့ရှိပြီး Fork ring နှစ်ထပ်နဲ့ အသုံးပြုပါတယ်။
Downhill bikes
ကဲ တောင်ကုန်းအမြင့်ကြီးတွေကနေ ဆင်းချင်တယ်၊ အဝေးကြီးခုန်ပြချင်တယ်၊ အမြင့်ကြီးကနေ ခုန်ဆင်းချင်တယ်ဆိုရင်တော့ DH သာ အသင့်တော်ဆုံးပါ။ သာမန်အားဖြင့် ၈ လက်မ အထက် travel တွေနဲ့ လာလေ့ရှိပါတယ်။ ပေ ၄၀ လောက် အမြင့်ကနေ ခုန်ချတာတို့။ ပေ ၃၀ လောက် ကျယ်တဲ့ gap ကို အရှိန်နဲ့ ခုန်ပြတာတို့ ပြုလုပ်နိုင်ပါတယ်။
Dirt-jump hardtails
ကျောက်တုန်းတွေပေါ် ခုန်ပေါက်၊ pump track တွေ ဗျင်းချင်ရင်၊ လူတိုင်းငေးမယ့် Trial skills တွေ ပြချင်ရင် DJ ကလွဲလို့ ရွေးစရာမရှိပါဘူး။ Trial အတွက်လဲ သီးသန့် အမျိုးအစားတွေရှိသလို DJ မှာလဲ ဖရိန်ဒီဇိုင်း၊ ဆော့ချင်တဲ့ အမျိုးအစားပေါ်မူတည်ပြီး အမျိုးကွဲတွေ အများကြီး ရှိပါသေးတယ်။
ref : #MMTBS

Flash အကြောင်း

ကျွန်တော်တို့ နေ့ဖက်အလင်းရောင် တောက်ပနေတဲ့ အချိန်မှာ နောက်ခံ background ဝါးအောင် aperture အကျယ် f/1.4 - 2.8 ဝန်းကျင်လောက် ထားရိုက်တဲ့ အခါ ကင်မရာရဲ့ အမြင့်ဆုံး native flash sync speed တွေဖြစ်တဲ့ 1/200th (သို့) 1/250th Sec လောက် အမြန်နှုန်းကိုတင်ရိုက်ရင်တောင် အလင်းဝင်ရောက်မှုအားများပြီး ပုံက ဖြူလွန်း (Burn) သွားမှာပါ။
အဲဒီလို ရိုက်လို့ ကျွန်တော်တို့ ပုံတွေ overexposure ဖြစ်ပြီး ဘယ်လို လုပ်ရမှန်းမသိပဲ ခေါင်းကုတ် စဉ်းစားနေချိန်...
အနီးအနားမှာ တခြား ဓါတ်ဆရာ တစ်ဦးက ဒီနေရာမှာပဲ မော်ဒယ် တစ်ယောက်ကို အားကောင်းတဲ့ flash တွေနဲ့ပါ ထပ်ဖောက်ပြီး ရိုက်သွားတာ တွေ့ရင် ဒီဓါတ်ဆရာ ဘာကောင်လဲကွာ လာနောက်နေတာလား ဆိုပြီး တစ်ချက်လောက်တော့ လှမ်းရှိုးလိုက် မိမှာပါ။
တကယ်တော့ အဲဒီ ဓါတ်ဆရာက မော်ဒယ်တွေ လိုက်စား (အဲ) ရိုက်စား နေတဲ့ flash အကြောင်း နားလည်သူ ဆရာကောင် ဖြစ်မှာပါ :)
ဘာကြောင့်လဲဆို အဲဒီဓါတ်ဆရာက ကျွန်တော်တို့ ကင်မရာရဲ့ native flash sync speed က အမြင့်ဆုံး 1/200-1/250 Sec အမြန်နှုန်းလောက်ထိပဲ ထားရိုက်နိုင်တဲ့ အကန့်အသတ်ကို ဖောက်ထွက်ပြီး...
high-speed sync (HSS) function ပါတဲ့ flash နဲ့ ကင်မရာ အများစု ထားပေးနိုင်တဲ့ 1/4000-1/8000 လောက်ထိ အမြန်နှုန်းကို ထားရိုက်လိုက်တဲ့အတွက် အလင်းဝင်ရောက်မှုကို လျှော့ချ လိုက်နိုင်လို့ ကျွန်တော်တို့ သာမန် ရိုက်တဲ့ ပုံတွေလို overexposure မဖြစ်တော့ပါဘူး။
အဲဒီလို HSS mode ကို အသုံးပြုခြင်းဖြင့် shutter speed ကို မြင့်တင်ပြီး ပတ်ဝန်ကျင်က အလင်းရောင်ကို ကိုယ်လိုသလောက် လျှော့ချပေးနိုင် သလို ...
flash output ကို ထိန်းချုပ်ပေးတဲ့ flash exposure compensation ကို လိုသလို အတိုးအလျှော့ လုပ်ပေးနိုင်ပါတယ်။
ဒီလို ပတ်ဝန်ကျင် အလင်းရောင် (ambient light) ကိုလျှော့ကျသွားချိန်မှာ subject ကို လိုအပ်တဲ့ flash အလင်းရောင် ဖောက်ပေးလိုက်ခြင်းဖြင့် ပတ်ဝန်းကျင်ကနေ ခွဲထွက်လာတဲ့ လှပတဲ့ ရုပ်လုံးကြွ portrait ပုံတစ်ပုံကို အချိန်နာရီ မရွေး ဖန်တီးနိုင်ပါတယ်။
ကိုယ်က မော်ဒယ်တွေ၊ pre-wedding တွေရိုက်စားတော့မယ်ဆိုရင် ကိုယ့်ရဲ့ customer တွေ အဆင်ပြေတဲ့အချိန် ရိုက်ရမှာမို့ သဘာဝ အလင်းရောင် တစ်ခုတည်းပဲ အားကိုးနေပြီး reflector လေးတွေလောက် သုံးရုံနဲ့ အလုပ်မဖြစ်တော့ပါဘူး။
အလင်းရောင်ကို ကိုယ်တိုင်က လိုသလို ထိန်းချုပ် အသုံးချ နိုင်ဖို့ flash မီး အလင်းရောင်တွေလည်း လိုအပ်လာပါပြီ။
ဓါတ်ဆရာတွေ အကြားမှာလည်း (အများအားဖြင့် portrait) ပုံတွေ ရိုက်ကူးတဲ့ အခါ flash အကြောင်း ကောင်းကောင်း နားလည်ပြီး သဘာဝ အလင်းရောင် နဲ့ လိုသလို တွဲဖက် အသုံးချတတ်သူတွေရဲ့ ပုံတွေဟာ ပိုပြီး ထူးခြား လှပနေတတ်ပါတယ်။
တကယ်တော့ flash photography ဆိုတာ ဖန်တီးမှု အနုပညာ (Creative art) တစ်မျိုးပါပဲ။
-------:::::::-------
*On-camera flash (သို့) Speedlight*
Flash photography မှာ subject ကို အလင်းပေးဖို့ သုံးတဲ့ studio pack strobes၊ monolights၊ speedlights စသည်ဖြင့် strobe-light sources တွေအမျိုးမျိုးရှိပါတယ်။
Studio strobe (သို့) Monolight တွေက Speedlight တွေထက် flash အလင်းအား ပိုကောင်းကြပေမဲ့ ၎င်းတို့ကို အသုံးပြုဖို့ AC power (သို့မဟုတ်) ကြီးမားတဲ့ battery pack တွေလိုပါမယ်။
ဒီအတွက် သယ်ဆောင်ရလည်း ခက်ခဲတာ အမှန်ပါပဲ။
Speedlight တွေကတော့ ကင်မရာပေါ်မှာ တပ်ဆင် အသုံးပြုနိုင်တဲ့ external flash (strobe light) မီး တစ်မျိုးပါ။
အရွယ်အစား သေးငယ်ပေါ့ပါးပြီး သယ်ဆောင်ရ လွယ်ကူတဲ့ အပြင် စွမ်းဆောင်ရည်လည်း မြင့်တာကြောင့် ဓါတ်ဆရာတွေအကြား ရေပန်းစား အသုံးများပါတယ်။
Speedlight တွေဟာ AA battery တွေ အသုံးပြုရုံနဲ့ run နိုင်ပါတယ်။
တချို့မှာတော့ built-in rechargeable battery ပါပါတယ်။
External power source တွေ နဲ့ တွဲသုံးနိုင်ရင်တော့ ၎င်းရဲ့ performance ကို ပိုကောင်းစေပြီး...
Battery life ကိုလည်း ပိုမိုကြာရှည်ခံစေမှာပါ။
ဒါအပြင် flash တစ်ခုနဲ့ တစ်ခုကြား အားပြန်ဖြည့်ချိန် flash recycle time ကိုလည်း ပိုမြန်စေလို့ တစ်ပုံရိုက်ပြီး နောက်တစ်ပုံရိုက်ဖို့ စောင့်ရချိန် တိုတောင်းသွားပါမယ်။
Speedlight ဟာ On-camera flash ဆိုပေမဲ့ ကင်မရာပေါ်မှာပဲ တပ်ဆင်အသုံးပြုရတာ မဟုတ်ပဲ...
ကင်မရာနဲ့ ဝေးရာ ကိုယ်လိုချင်တဲ့ နေရာတွေကို light stand တွေ သုံး၍ဖြစ်စေ၊ တစ်ယောက်ယောက်ကို ကိုင်ခိုင်းထား၍ ဖြစ်စေ ရွှေ့ထားပြီးလည်း သုံးနိုင်ပါတယ်။
ဓါတ်ဆရာတွေအကြားမှာတော့ off-camera flash အနေနဲ့ အသုံးပြုတဲ့ နည်းက subject ကို လိုချင်တဲ့ ရှုထောင့်က အလင်းပေးနိုင်တဲ့ အတွက် ပိုပြီး အသုံးတွင်ကျယ် ပါတယ်။
-------:::::::-------
*Off-camera flash system*
ကျွန်တော်တို့ subject ကို လိုအပ်တဲ့ ရှုထောင့်ကနေ လျော်ကန်တဲ့ အလင်းရောင် ပမာဏ ပေးနိုင်ဖို့ off-camera flash system ကို သုံးကြပါတယ်။
တချို့ကင်မရာတွေမှာ in-camera (built-in) flash တွေပါပေမဲ့ အလင်းအား နည်းတာကြောင့် အကွာအဝေး တစ်ခုမှာ ရှိတဲ့ subject ကို လုံလောက်တဲ့ အလင်းရောင် မပေးနိုင်သလို...
သေးငယ်တဲ့ light source က လာတာကြောင့် အနီးကပ်ရိုက်လိုက်တဲ့ အခါမှာလည်း subject ပေါ် အလင်းပြင်းပြင်း (harsh light) (သို့) ဆွဲတောင်မှုမရှိတဲ့ (square flat light) တွေကျရောက် စေတာကြောင့် ကျွန်တော်တို့ လိုချင်တဲ့ ပြေပြစ်ပြီး သဘာဝကျတဲ့ အလင်းရောင် (soft light) ကို ရမှာမဟုတ်ပါဘူး။
ဒါ့အပြင် in-camera (built-in) flash တွေဟာ camera's optical axis နဲ့ တစ်တန်းတည်း နီးကပ်စွာ ရှိနေတာကြောင့် red eye effect ကိုလည်း ဖြစ်ပေါ်စေပါတယ်။
ဘာကြောင့်လည်းဆိုရင် flash ရဲ့ အလင်းရောင်ဟာ မျက်လုံးရဲ့ အနောက်ဘက် သွေးကြော အလွှာ (choroid) ရှိရာ fundus အပိုင်းကို ရောက်ရှိရာကနေ တစ်ဆင့် အလင်းပြန်လာလို့ ကင်မရာ lens ထဲဝင်ရောက်ပြီး ရိုက်လိုက်တဲ့ subject ရဲ့ မျက်လုံးထဲမှာ အနီရောင် ပေါ်လာတာပါ။
အနီရောင်ဖြစ်နေရတာက သွေးကြော အလွှာ (choroid) ထဲက သွေးရောင်ကြောင့်ပါ။
(အခုနောက်ပိုင်း ကင်မရာတွေမှာတော့ red-eye reduction တွေပါလာကြပါပြီ)
ဒီလို အထက်က အားနည်းချက်တွေကို off-camera flash တွေ အသုံးပြုခြင်းဖြင့် ဖြေရှင်းပေးနိုင်ပါတယ်။
Off-camera flash တွေကို ကင်မရာနဲ့ ဝေးကွာတဲ့ နေရာမှာ ထားသုံးလို့ ကင်မရာ lens ရဲ့ axis နဲ့ တစ်တန်းတည်း မဖြစ်တာကြောင့် red-eye effect ပြဿနာမျိုးလည်း မရှိတော့တဲ့အပြင် ပုံတစ်ပုံကို ကိုယ့်စိတ်ကြိုက် အလင်းရောင် ချိန်ညှိပေးနိုင်ပြီး ပိုမိုကောင်းမွန်လှပတဲ့ portrait ပုံတွေ ဖန်တီးနိုင်ပါတယ်။
------:::::::------
*Wireless Triggers*
Flash တွေကို ကင်မရာ နဲ့ ဝေးကွာတဲ့ နေရာမှာထားပြီး မတူညီတဲ့ ရှုထောင့် အမျိုးမျိုးက ဓါတ်ပုံ ရိုက်တဲ့အခါ flash နဲ့ ကင်မရာ အကြား ချိတ်ဆက်ပေးဖို့ wireless triggers တွေ လိုလာပါမယ်။
ဒီနေရာမှာ ရှည်လျားတဲ့ cable ကြိုးတွေကို အသုံးပြုနိုင်ပေမဲ့ ကရိကထများပြီး ရှုပ်ယှက်ခတ် နေမှာမို့ အသုံးပြုရ အဆင်မပြေပါဘူး။
Flash တွေကို ကြိုးမဲ့ ချိတ်ဆက်အသုံးပြုရမှာ အဓိက အသုံးပြုတဲ့ Optical၊ Infrared၊Radio ဆိုပြီး နည်းလမ်း သုံးခုရှိပါတယ်။
-Optical (optical slave)
အဝေးက flash တစ်ခုကို ကင်မရာကနေ ကြိုးမဲ့ အချက်ပြ လှမ်းဖောက်ရာမှာ optical slave က အခြေခံအကျဆုံး နည်းပါ။
နောက်ပိုင်း Flash တွေ အတော်များများမှာ built-in optical slave mode တွေ ပါလာကြပြီး...
အဲဒီ slave mode မှာ အလင်းကို ခံစားသိနိုင်တဲ့ light receptor တွေကို အသုံးပြုပါတယ်။
ဒါကြောင့် ကျွန်တော်တို့ ကင်မရာမှာ ပါတဲ့ built-in flash မီးကို အသုံးပြုရုံနဲ့ အဆင်ပြေတာမို့ တခြားအပို ပစ္စည်းတွေ ထပ်ဝယ်စရာ မလိုတော့ပါဘူး။
သဘောတရားက off-camera flash မှာပါတဲ့ အလင်း အာရုံခံ ကိရိယာ (light receptor) ဟာ ကျွန်တော်တို့ ကင်မရာက ထွက်လာတဲ့ built-in flash မီးကို ခံစားသိလိုက်ရတာနဲ့ တစ်ပြိုင်နက် ၎င်းရဲ့ flash မီးကို ထုတ်လွတ်ပေးပါတယ်။
သို့သော် ဒီနည်းဟာ စတူဒီယို အခန်းတွေထဲမှာ သုံးရတာ ပိုအဆင်ပြေပြီး...
အပြင်မှာ နေ့ဖက် အလင်းအားများတဲ့ အခါ ကျွန်တော်တို့ built-in flash က အားပျော့တဲ့ flash မီးကို light receptor က အာရုံခံရာမှာ အခက်အခဲရှိနိုင်ပါတယ်။
ဒီလိုပဲ ညဖက်မှာလည်း ပတ်ဝန်းကျင်က မီးအလင်းရောင်တွေ ဥပမာ ဖြတ်သွားဖြတ်လာကားမီးတွေ (သို့) အနီးနားက တခြားဓါတ်ဆရာတွေရဲ့ flash မီး တွေကြောင့် အလင်းအာရုံခံ ဆင်ဆာတွေ အမှားမှားအယွင်းယွင်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ဒီ optical slave က အရေးကြီးတဲ့ pre-wedding လို shooting တွေအတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ နည်းတော့ မဟုတ်ပါဘူး။
-Infrared
Infrared triggering (အနီအောက် ရောင်ခြည်သုံး အချက်ပြ ခလုတ်နှိပ်ခြင်း) က အလင်းရောင်သုံး optical triggering နဲ့ သဘောတရားခြင်း အတူတူပါပဲ။
ဒါပေမဲ့ infrared (အနီအောက်ရောင်ခြည်) receptor က built-in flash ကလာတဲ့ မြင်တွေ့နိုင်တဲ့ အလင်းရောင်မျိုးကို အာရုံခံတာမဟုတ်ပဲ...
မသိသာတဲ့ အချက်ပြ ရောင်ခြည် (Infrared signal) ကို အသုံးပြုတဲ့ အတွက် တခြားမီးရောင်တွေရဲ့ မှားယွင်းစွာ triggering လာလုပ် ခံရတာမျိုး မရှိတော့ ပါဘူး။
ဒါ့အပြင် ကိုယ့် ကင်မရာက built-in flash ရဲ့ မီးရောင်က subject ကို သွားသက်ရောက်မှု ပြဿနာမျိုးလည်း မရှိတော့ပဲ off-camera flash ရဲ့ အလင်းရောင်ကိုပဲ အနှောက်အယှက်မရှိ လိုသလို စိတ်ကြိုက် အသုံးပြုနိုင်မှာပါ။
ဒီနည်းကိုလည်း စတူဒီယိုတွေ အတွင်း အသုံးပြုတာက ပိုကောင်းပြီး အပြင်ဖက် ကျယ်ဝန်းတဲ့ နေရာတွေမှာတော့ ကင်မရာက transmitter နဲ့ flash ရဲ့ receiver တွေကြား ကောင်းမွန်တဲ့ ချိတ်ဆက်မှုရအောင် တစ်ခုနဲ့ တစ်ခု မြင်ကွင်း တစ်ဆက်တည်း (direct line-of-sight) ရှိနေမှသာ အဆင်ပြေပါတယ်။
နောက်ပိုင်း ကင်မရာနဲ့ flash တွေမှာ built-in infrared slaves တွေ ပါလာပါတယ်။ မပါရင်လည်း external transmitter နဲ့ receiver တွေ ဝယ်သုံးနိုင်ပါတယ်။ ဈေးသိပ်မကြီးပါဘူး။
-Radio
ရေဒီယိုလှိုင်းတွေ အသုံးပြုတဲ့ Radio slave mode ကတော့ ကင်မရာနဲ့ flash အကြား အကောင်းဆုံး ကြိုးမဲ့ ချိတ်ဆက်မှု စနစ် တစ်ခုပါ။
၎င်းက ရေဒီယိုလှိုင်းတွေကို အသုံးပြုတဲ့ အတွက် optical နဲ့ infrared တို့လို အလင်းရောက်ခြည် ထုတ်လွတ်မှု (transmission) မလိုအပ်ပါဘူး။
ဒါအပြင် ချိတ်ဆက်မှုအားကောင်းတဲ့ အတွက် transmitter နဲ့ receiver တွေဟာ မြင်ကွင်းတစ်ဆက်တည်းမှာ ရှိနေဖို့ မလိုပဲ...
flash တွေကို ကင်မရာနဲ့ အလွန်ဝေးကွာတဲ့ နေရာမှာ ထားပြီး ယုံကြည်စိတ်ချစွာ ဆက်သွယ် အသုံးပြုနိုင်ပါတယ်။
Professional ဓါတ်ဆရာတွေ အကြား အသုံးများတဲ့ PocketWizard လို transceivers တွေဟာ transmitter ရော receiver အတွက်ပါ နှစ်မျိုးလုံး သုံးလို့ရတဲ့ အပြင် flash တွေ အများအပြားကို group တွေ channel တွေ ခွဲပြီး တစ်ပြိုင်နက် ထိရောက်စွာ ချိန်ဆက် အသုံးပြုနိုင်တဲ့ အတွက် အလွန်ပဲ ရေးပန်းစားပါတယ်။
၎င်း transceiver တွဟာ ကင်မရာနဲ့ flash တွေရဲ့ exposure compensation တွေကိုလည်း တိုက်ရိုက်ချိန်ညှိပေးနိုင်တဲ့ အတွက် အလွန်ပဲ အသုံးတည့်ပါတယ်။
ပြောစရာတစ်ခုကတော့ ဈေးလည်း အဆမတန် ကြီးတာပါပဲ။
-------:::::::-------
တကယ်လို့ ကိုယ့်မှာ အထက်ကလို wireless triggers တွေမရှိဘူးဆိုရင်လည်း တခြား နည်းလမ်းတွေ ရှိပါတယ်။
-Bouncing light
Off-camera flash တွေကို camera hot shoe မှာပဲ တပ်ပြီး subject ရဲ့ မျက်နှာဆီ တည့်တည့် ချိန် ဓါတ်ပုံရိုက်တဲ့အခါ ပြင်းရှတဲ့ အလင်း harsh light ကြောင့် မလှပတဲ့ အပြင် သဘာဝကျတဲ့ အလင်းရောင်ကို ရဖို့ မလွယ်ပါဘူး။
သို့သော် Flash head တွေ အများစုဟာ အထက်အောက်၊ ဘယ်ညာ လိုသလို လှည့်ပေးပြီး အသုံးပြုနိုင်ပါတယ်။
ဒါကြောင့် flash အကြောင်း နားလည်တဲ့ ဓါတ်ဆရာတွေဟာ flash ကို subject ဆီတည့်တည့် မချိန်ပဲ အနီးနားက နံရံ (သို့) အပေါ် မျက်နှာကြက်တွေဘက် လှည့်ပြီး အဲဒီကနေမှ တစ်ဆင့် flash ကိုပြန်ကန်ထွက်လာစေ တဲ့ အတွက် ပိုပြီး ပြေပြစ်တဲ့ အလင်းရောင် (bouncing light) ကို ရရှိစေပါတယ်။
-Flash brackets and Cables
နောက်တစ်နည်းကတော့ flash ကို ကင်မရာ lens axis ရဲ့ ဘေးဖက် (သို့) အပေါ်၊ အောက် ဖက်တွေကို အနည်းငယ် ပိုဝေးကွာအောင် ဆန့်ထုတ်ပေးနိုင်တဲ့ L-type bracket၊ Straight bracket နဲ့ Camera rotating bracket တွေသုံးနိုင်ပါတယ်။
ကင်မရာနဲ့ flash အကြား ဆွက်သွယ်မှုကိုတော့ သီးသန့်ပြုလုပ်ထားတဲ့ cable တွေနဲ့ ချိတ်ဆက်ပေးနိုင် ပါတယ်။
-------:::::::-------
*TTL (through the lens)*
Flash photography မှာ TTL (through the lens) အသုံးပြု နိုင်တဲ့ flash တွေ ရေပန်းစားလာပါတယ်။
TTL ဆိုတာ flash ရဲ့ automatic mode ဖြစ်ပြီး ကင်မရာရဲ့ auto mode အလုပ်လုပ်ပုံနဲ့ ဆင်တူပါတယ်။
ကင်မရာ shutter ကိုနှိပ်လိုက်တဲ့အခါ TTL flash က အစကနဦး pre-flash ကို အရင် ထုတ်လွတ်ပါတယ်။
အဲဒီ pre-flash ရဲ့ အလင်းရောင်က subject ကိုရိုက်ခတ်ပြီး ပြန်ကန်ထွက်လာတဲ့ အလင်းပုံရိပ်ဟာ lens ကနေ တစ်ဆင့် ကင်မရာထဲ ဝင်ရောက်လာပြီး exposure meter ဆီ ရောက်ရှိပါတယ်။
အဲဒီအခါ exposure တိုင်းတာတဲ့ meter က subject ကို မှန်ကန်တဲ့ အလင်းရောင်ရစေဖို့ exposure ကို ဘယ်လောက်ကြာကြာ ဖွင့်ပေးရမလဲကို တွက်ချက် ချိန်ညှိပေးပါတယ်။
ခေတ်ပေါ် TTL စနစ်က ကင်မရာ နဲ့ flash တွရဲ့ exposure settings တွေကို လိုသလို ထိန်းချုပ်ပေးနိုင်ပါတယ်။
ဒါကြောင့် TTL ကိုသုံးခြင်းဖြင့် ကျွန်တော်တို့ manual mode မှာလို ကိုယ်တိုင်က လိုက်တွက်ချက်ပြီး အရင်စမ်းသပ် ရိုက်ကြည့် နေရသေး တတ်လို့ ဖြစ်ပေါ်လာတဲ့ အချိန်နှောင့်နှေးမှု ပြဿနာမျိုး မရှိတာ့ပဲ...
အချိန်လု ရိုက်ရတဲ့ pre-wedding ဓါတ်ဆရာတွေအတွက် အလွန်အသုံးဝင်ပါတယ်။
သူ့ရဲ့ အားနည်းချက်က ကျွန်တော်တို့ ကင်မရာကို auto mode မှာထားရိုက် သလိုမျိုးပါ။
ဥပမာ subject ကို နောက်ခံ အနက်ရောင် background (သို့) အဝတ်အစား နဲ့ တွဲရိုက်တဲ့ အခါ background ကို metering တွက်ချက်မိလို့ subject ကို flash အလင်းအား ပိုပေးမိပြီး ဖြူလွန်းသွားတာမျိုး...
Background (သို့) အဝတ်အစား အဖြူနဲ့ တွဲရိုက်တဲ့အခါ မှာလည်း မှားရွင်းပြီး flash အလင်းအား လျှော့ပေးလို့ subject မဲသွားတာတွေဖြစ်တတ်တာပါ။
-------:::::::-------
*Manual mode*
Manual mode ကို အသုံးပြုခြင်းရဲ့ ကောင်းကြိုးကတော့...
ပတ်ဝန်းကျင် အလင်းရောင် နဲ့ subject ပေါ်ကျရောက်မဲ့ အလင်းရောင် နှစ်ခု ရဲ့ အချိုးအစား ပမာဏ (ratio) တွေကို ကိုယ်လိုချင် သလို ထိန်းချုပ်ပေးနိုင်မှာ ဖြစ်လို့...
ပုံတစ်ပုံကို ကိုယ့် စိတ်ထဲ ရှိတဲ့ အတိုင်း အလင်းအမှောင် ပေးပြီး ဖန်တီးနိုင်မှာပါ။
သို့သော် Manual flash အသုံးပြုတဲ့ အခါမှာတော့ subject ကို လျော်ကန်တဲ့ အလင်းရောင် ရစေဖို့...
ကျွန်တော်တို့ flash ရဲ့ guide number (GN) ပေါ်မူတည်ပြီး subject နဲ့ အကွာအဝေး၊ flash power level နဲ့ ကင်မရာရဲ့ settings တွေကို ကိုယ်တိုင် တွက်ချက် ချိန်ညှိပေးဖို့ လိုပါတယ်။
Guide number (GN) ဆိုတာ flash power ကို ဖော်ပြတဲ့ ကိန်းဂဏန်း တစ်ခုပါ။
GN မြင့်လေ flash power ပိုအားကောင်းလေပါပဲ။
Guide number တစ်ခုဟာ iso 100 မှာ exposure တစ်ခု ရဲ့ f/stop ကို ပေးထားတဲ့ အကွာအဝေးနဲ့ မြောက်ထားတဲ့ ရလဒ်ဖြစ်ပါတယ်။
ညီမျှခြင်း အားဖြင့်...
GN = f/number x distance ပါ။
ဥပမာအားဖြင့်...
သင်က Guide number 100 ရှိတဲ့ flash တစ်ခု နဲ့ ၂၅ ပေ အကွာက subject ကို ဓါတ်ပုံရိုက်မယ်ဆိုရင် မှန်ကန်တဲ့ exposure ရဖို့ ညီမျှခြင်းအားဖြင့်
100 = f/number x 25
100/25 = f/ number
4 ရပါတယ်။
(ဟုတ်လားတော့ မသိဘူး :)
ဒါကြောင့် f/4 ကို သုံးဖို့ လိုပါလိမ့်မယ်။
ဒီလိုပဲ subject က ပေ ၅၀ အကွာမှာ ရှိရင် f/2 သုံးဖို့လိုပြီး...
၅ ပေ အကွာ ဆိုရင်တော့ အနီးစပ်ဆုံး f/22 မှာ ထားရိုက်ဖို့ လိုပါမယ်။
GN ကို ISO 100 မှာ ဖော်ပြထားတာ ဖြစ်တဲ့ အတွက် တကယ်လို့ ပိုမြင့်တဲ့ ISO 800 မှာထားသုံးမယ် ဆိုရင် ပေ ၅၀ အကွာအဝေးက subject အတွက်ဆိုရင် aperture 5.6 မှာ ထားရိုက်ရပါမယ်။
အထက်ပါ တွက်ချက်မှုတွေမှာ flash ကို အားအပြည့် (full power) အသုံးပြုထားတာပါ။
အကယ်၍ battery life ကို save လုပ်ချင်လို့ ဖြစ်စေ၊ recycle time ကို ပိုမြန်ချင်လို့ ပဲ ဖြစ်ဖြစ် (ဒါမှမဟုတ်) subject နဲ့ အနီးကပ်ထားရိုက်ချင်တဲ့ အခါမျိုးမှာ flash output ကို လျှော့ချ အသုံးပြုနိုင်ပါတယ်။
ဒီလို့ flash power ကို လျှော့ချ အသုံးပြုတဲ့အခါ ညီမျှခြင်းရဲ့ တစ်ဖက်က အခြား variables တွေကိုလည်း လိုက်ပြောင်းပေးဖို့ လိုပါမယ်။
ဥပမာ ISO 100 မှာ GN 100 ရှိတဲ့ flash နဲ့ ၂၅ ပေ အကွာအဝေးက subject ကို flash power အပြည့်ရဲ့ လေးပုံ တစ်ပုံ 1/4 ပဲ သုံးမယ်ဆိုရင် aperture f/2 မှာ ထားရိုက်ရပါမယ်။
(ယခင် ဥပမာမှာ အား အပြည့်နဲ့ ရိုက်တုန်းက f/4 ပါ)
(နောက်ထပ် သိရမှာက aperture နဲ့ flash power output က အပြန်အလှန် ဆက်နွယ်နေတာပါ)
အဲဒီလို တွက်ချက်မှုတွေ ကိုယ်တိုင် မလုပ်ချင်ရင် လည်း တခြားနည်း ရှိပါတယ်။
ဒါကတော့ light meter ကို အသုံးပြုတာပါ။
Light meter ဆိုတာ flash ရဲ့ အလင်းရောင်ကို အာရုံခံပြီး ထားရမဲ့ exposure value တွေကို တွက်ချက်ပေးတာပါ။
အသုံးပြုပုံက light meter ကို ရိုက်မဲ့ subject နားမှာကပ်ပြီး flash တစ်ချက် အစမ်းဖောက်ကြည့် ရပါမယ်။ subject နားကျရောက်လာတဲ့ အဲဒီ flash အလင်းရောင်ကို meter ကဖတ်ပြီး exposure value ကို တွက်ပေးပါတယ်။ ဥပမာ ကျရောက်လာတဲ့ flash အားပေါ်မှုတည်ပြီး aperture ဘယ်လောက်နဲ့ ရိုက်ရမလဲ ဆိုတာ သတ်မှတ်ပေးတာပါ။
Sekonic light meter တွေက pro တွေအကြား အသုံးများပြီး ဈေးလည်းကြီးပါတယ်။
-------:::::::-------
*Light Modifier*
Speedlight ဟာ အချင်း လေးလက်မ လောက်သာရှိတဲ့ သေးငယ်တဲ့ light source ဖြစ်တဲ့အတွက် သူ့ချည်းပဲ သုံးရင် အလင်းပြင်းပြင်း hard light ကိုပဲ ရမှာပါ။
ဒါကြောင့် ပြေပြစ်တဲ့ အလင်းရောင် (soft light) ရရှိဖို့ flash ခေါင်း ရှေ့မှာ light modifier တွေတပ်ဆင်ပေးခြင်းဖြင့် အလင်းရောင် ပြန့်ကားထွက်လာပြီး ကြီးမားတဲ့ light source ရအောင် ဖန်တီး နိုင်ပါတယ်။
Light modifier အမျိုးအစား အမြောက်အများ ရှိပြီး တစ်မျိုးစီတိုင်းက subject ကို မတူညီတဲ့ flash အလင်းရောင် တွေနဲ့ ထူးခြားကွဲပြားတဲ့ ပုံတွေကို ဖန်တီးပေးနိုင်ပါတယ်။
အသုံးများတဲ့ light modifier တွေကို အောက်မှာ တစ်ခုခြင်း ဖော်ပြသွားပါမယ်။
(ပုံ နဲ့ တွဲကြည့်မှ ပိုနားလည်နိုင်မှာမို့တစ်ခုချင်းစီရဲ့ ပုံတွေကိုလည်း တွဲတင်ပေး လိုက်ပါတယ်)
---------->
-Softbox
Softbox တွေက နူးညံ့ ပြေပြစ်တဲ့ soft light ကို ဖန်တီးပေးတာကြောင့် အလွန် ပေါ်ပြူလာ ဖြစ်ပြီး အသုံးများတဲ့ light modifier တစ်ခုပါ။
Softbox အရွယ်အစားကြီးလေ ပိုပြီ ပြေပြစ်ညင်သာတဲ့ flash မီးအလင်းရောင် soft light ကိုရလေပါပဲ။
ဒီ Softbox တွေက flash မီး အလင်းရောင်ကို ကိုယ်လိုချင်တဲ့ နေရာဆီ ဦးတည်ပေးနိုင်လို့ single နဲ့ couple portrait တွေရိုက်ရာမှာ အသုံးများပါတယ်။
ဓါတ်ဆရာ အများစုဟာ သဘောတရားတူတဲ့ shoot-through ထီးဖြူ (umbrella-white-shoot-through) ထက် Softbox တွေကို professional ပိုဆန်တဲ့ ဟန်ရှိတယ် ယူဆလို့ ပို အသုံးများကြပါတယ်။
-Beauty Dish
Beauty dish က အလင်းတန်း (beam of light) ကို ဖန်တီးပေးပါတယ်။
၎င်းကို light stand တွေပေါ်တင်ပြီး ခေါင်းအထက်ဖက် အမြင့်ကနေ မော်ဒယ် အပေါ်ကို အလင်းတန်း ကျရောက်စေပါတယ်။
Beauty dish တွေရဲ့ အလင်းအားက ပြင်းပြီးအထူးသဖြင့် မော်ဒယ်ရဲ့ ယောက်ျား ပီသမှု ၊ dramatic ဆန်မှုတွေကို ဖော်ကျူးရာမှာ သုံးတတ်ကြပါတယ်။
၎င်းမှာ diffusing sock တွေ တပ်သုံးရင်တော့ ပိုပြီး ပြေပြစ်တဲ့ အလင်းရောင်ကို ရနိုင်ပါတယ်။
---------->
-Strip Bank
၎င်းက ကျဉ်းမြောင်း ရှည်သွယ်တဲ့ အလင်းတန်း (strip of light) ကို ထုတ်လွတ်ပေးတဲ့ အတွက် side lighting (သို့) hair light တွေအဖြစ် အသုံးများပြီး...
Key light အဖြစ်တော့ အသုံးနည်းပါတယ်။
---------->
-Umbrella-white-shoot-through
Light modifier တွေကို အခုမှ ပထမဆုံး စတင် အသုံးပြုသူတွေ အတွက် ဒီထီးဖြူက အကောင်းဆုံးပါ။
အသုံးပြုရ လွယ်ကူတဲ့အပြင် ကိုယ်ရိုက်မဲ့ မော်ဒယ်အပေါ် ကောင်းမွန်ပြေပြစ်တဲ့ အလင်းရောင် ရရှိစေပြီး လှပတဲ့ portrait ပုံတွေ ဖန်တီးနိုင်မှာပါ။
လေတိုက်တဲ့ နေရာတွေမှာတော့ လွှင့်ပါသွားနိုင်တာမို့ ထိန်းသိမ်းရ ခက်နိုင်ပါတယ်။
---------->
-Octabank
Octabank တစ်ခု ရဲ့ အရွယ်အစားက လက်မ ၆၀ လောက်ရှိပြီး အလွန်ကြီးမားပါတယ်။
ဒါကြောင့် ၎င်းက ထွက်လာတဲ့ light source လည်းကြီးသွားပြီး subject ပေါ် အလွန် ညင်သာပြေပြစ်တဲ့ အလင်းရောင်ကို ကျရောက်စေပါတယ်။
၎င်းရဲ့ ကြီးမားတဲ့ အရွယ်အစားကြောင့် အဖြူရောင် နောက်ခံ background အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။
ပြဿနာက သယ်ဆောင်ရ၊ သိမ်းဆည်းရ ခက်တာပါပဲ။
---------->
-Parabolic Umbrella
ဒါကတော့ Octabank ထက်တောင် ပိုကြီးနေလို့ ဧရာမ light modifier လို့ ဆိုရ မလားပဲ။
၎င်းရဲ့ အလင်းပြန်နိုင်တဲ့ အတွင်းပိုင်းဟာ ကြီးမှား ကျယ်ပြန့်တဲ့ light source ကို ထုန်လွတ်ပေးလို့ လူအများအပြား ပါဝင်တဲ့ group လိုက် ဓါတ်ပုံတွေ ရိုက်တဲ့ အခါမှာ အသုံးဝင်ပါတယ်။
မော်ဒယ်တွေ ရိုက်တဲ့ အခါမှာတော့ တစ်ကိုယ်လုံးပေါ်ကို အလင်းဖြန့်ချ ပေးနိုင်လောက်အောင် သိပ်ကို အလင်းကျယ်ပြန့်လွန်းလို့ depth နဲ့ details တွေကို ဖန်တီးပေးတဲ့ shadow တွေပါ ပျောက်သွားမှာ စိုးရပါတယ်။
-------:::::::-------
*Lighting Setups*
Portrait ရိုက်ဖို့ အတွက် lighting setup တွေ ပြင်ဆင်တဲ့အခါမှာ key light၊ fill light နဲ့ back light၊ rim light၊ hair light စတာတွေကို သိထားရပါမယ်။
---------->
-One-light portrait
ပတ်ဝန်းကျင် အလင်းရောင် တစ်ခုခု (သို့)
နေဝင်ချိန်၊ နေထွက်ချိန်တွေမှာ Portrait ရိုက်တဲ့အခါ နေရောင်ခြည်ကို rim light၊ side light သို့ hair light အဖြစ် သုံးပြီး external flash light တစ်ခုထဲနဲ့ ရိုက်နိုင်ပါတယ်။
ပြင်ဆင် ပုံကတော့...
Flash အလင်းကို model ရဲ့ ဆံပင်ခွဲထားတဲ့ အခြမ်းဖက်ကို ရွှေ့ပြီး ကင်မရာနဲ့ ၄၅ ဒီဂရီ အကွာအဝေးလောက်မှာ ထားရပါမယ်။
ဒီနည်းက model ရဲ့ ဆံပင်မျက်နှာပေါ်ကျလာပြီး flash အလင်းကို ကာဆီးသလို မဖြစ်သွားအောင်ပါ။
Flash light ကို Model ရဲ့ ဦးခေါင်း အပေါ်ဖက် နားကနေ အောက်ကို အနည်းငယ်စောင်းပြီး ချိန်ထားပါမယ်။
Flash power ကိုတော့ ကိုယ်ရိုက်နေတဲ့ ပတ်ဝန်းကျင် အလင်းအားပေါ် မူတည်ပြီး ထားပေးရပါမယ်။
အရမ်းကြီး များသွားရင် hard shadow တွေပေါ်လာမှာမို့ သတိထားရပါမယ်။
---------->
-Butterfly Lighting
ဒီ lighting setup မှာ...
Flash light ကို model ရဲ့ အရှေ့တည့်တည့် ၅ ပေ အကွာလောက်မှာထားပါ။
ပြီးရင် light stand ပေါ် တင်ပြီး ၉ ပေ၊ ၁၀ ပေ လောက်အမြင်ကနေ အောက်ကို စောင်းချိန်ပေးပါ။
Butterfly lighting ကြောင့် model ရဲ့ မျက်နှာပြင်ပေါ် နှာခေါင်းအောက်မှာ အရိပ်ထင်နေနိုင်တဲ့ အတွက် reflector (သို့) အခြား flash light တစ်ခုကို fill light အဖြစ်သုံးပြီး ဖျောက်ဖျက်ပစ်နိုင်ပါတယ်။
သင့် close-up ရိုက်နေချိန် လိုအပ်ရင် model က reflector ကို အပေါ်ပင်ပြီး ကိုင်ထားနိုင်ပါတယ်။
---------->
-Rembrandt lighting
ဒီ lighting setup ကို မှန်မမှန် သိဖို့ကတော့ flash အလင်းပေးလိုက်တဲ့ မျက်နှာဘက် အခြမ်းရဲ့ ဆန့်ကျင်ဖက် ပါးအပေါ်ဖက်မှာ တြိဂံပုံ အလင်းရောင် အကွက်လေး ပေါ်နေတာကို တွေ့ရဖို့ပါ။
တပ်ဆင်ပုံကတော့...
Key light ကို ကင်မရာ နဲ့ ၄၅ ဒီဂရီလောက် အကွာ... Model နဲ့ က ၅ ပေလောက်ကွာပြီး အမြင့် ၆-၇ ပေလောက်မှာ ထားရပါမယ်။
Fill light ကိုတော့ key light ရဲ့ ဆန့်ကျင်ဖက်မှာ ထားပြီး...
၎င်းရဲ့ flash အားကို key light ထက် ထက်ဝက်လောက် အလင်းအား ပိုနည်းအောင် (သို့) subject နဲ့ နှစ်ဆ ပိုဝေးအောင် ထားပေးရပါမယ်။
ဒါမှသာ အားပိုပျော့တဲ့ fill light ရမှာပါ။
Flash ကို စမ်းသပ် ရိုက်ကြည့်ပြီး မီးအလင်းကို model အတွက် လိုအပ်သလို ချိန်ပေးရပါမယ်။
Fill flash နေရာမှာ reflector ကို အသုံးပြုလို့လည်း ရပါတယ်။
---------->
-Headshot Lighting
Model ကို အနက်ရောင် background နဲ့ တွဲရိုက်တဲ့ အခါ Headshot lighting က အရေးကြီးပါတယ်။
ဘာကြောင့်လည်းဆိုရင် တစ်ခါတစ်ရံ model ရဲ့ ဆံပင် အရောင်က နောက်ခံ background နဲ့ ရောနှော သွားတတ်ပါတယ်။
ဒါကြောင့် အဲဒီလို အခြေအနေတွေမှာ ဦးခေါင်းရဲ့ အသွင်အပြင်ကို နောက်ခံ background ကနေ ပြန်လည် ခွဲထုတ်ဖို့ hair light ကို သုံးရပါတယ်။
ပြင်ဆင်ပုံက...
Key light ကို ကင်မရာရဲ့ ဘေးဖက် ၄၅ ဒီဂရီ အကွာလောက်မှာထားပြီး model နဲ့ ၅ ပေ အကွာ အမြင့် ၆-၇ ပေ လောက်ကနေ ချိန်ပေးရပါမယ်။
Hair light ကိုတော့ model ရဲ့ အနောက်ဖက် ၄ ပေ အကွာ၊ light stand အပေါ် အမြင့် ၉-၁၀ ပေ လောက်မှာ ထားပေးသင့်ပါတယ်။
အလင်းရောင်ကို ဆံပင်တွေဆီ ချိန်တည့်ပေးနိုင်ဖို့ Softbox လိုမျိုးတွေကို သုံးသင့်ပါတယ်။
----------::::::::::----------
*အခြားသိသင့်သည့် အရာများ*
-တစ်ခါတစ်ရံ Hard light တွကို သုံးဖို့လိုလာတဲ့အခါ စုစည်းကျစ်လစ်တဲ့ အလင်းတန်းတွေ ထုတ်ပေးနိုင်တဲ့ Snoot၊ Grid တို့လို modifier တွေ အသုံးပြုနိုင်ပါတယ်။
-တချို့ flash တွေမှာ zoom function ပါဝင်ပါတယ်။
Flash zoom function ဟာ telephoto lens နဲ့ သဘောတရား တူပါတယ်။
Flash မှာ focal point ကိုချိန်ပေးခြင်းဖြင့် လိုချင်တဲ့ အကွာအဝေးဆီကို flash အလင်းရောင် ရောက်ရှိအောင် ပို့လွတ်ပေးနိုင်ပါတယ်။
သာမန် flash တွေရဲ့ မီးအလင်းရောင်ကတော့ ပြန့်ကားထွက်သွားလို့ အဝေးက subject ကိုထိမှန်အောင် မစွမ်းဆောင်နိုင်ပါဘူး။
-Flash အများစုရဲ့ မူလ Colour temperature က Daylight 5600K ဖြစ်ပါတယ်။
Flash အလင်းရောင်တွေကို colour gel တွေ အသုံးပြုပြီး လိုသလို အရောင်တွေ ပြောင်းပေးနိုင်ပါတယ်။
-နေ့ဖက်အလင်းအား များချိန် wide aperture နဲ့ ရိုက်ချင်သော်လည်း ကိုယ့်မှာ High speed sync ပါတဲ့ flash တွေ မရှိတဲ့အခါ အလင်းရောင်လျှော့ချဖို့ ND Filter တွေသုံးနိုင်ပါတယ်။
-Long exposure နဲ့ Rear curtain flash sync ကို တွဲရိုက်ခြင်းဖြင့် Dancer တွကို ရိုက်တဲ့အခါ အနောက်က ကျန်ခဲတဲ့ trail နဲ့ အတူ ပြတ်သားတဲ့ Dancer ရဲ့ ပုံရိပ်တွေကို ဖမ်းယူနိုင်မှာ ဖြစ်သလို...
ကားလမ်းမပေါ် က light trails တွေနဲ့ model ရဲ့ ပြတ်သားတဲ့ ပုံရိပ်တွေကို တစ်ပုံတည်းမှာ အတူတကွ ဖမ်းယူရရှိနိုင်ပါတယ်။
(ရိုက်နည်းကို လေ့လာနိုင်ဖို့ အောက်မှာ youtube video link တစ်ခုပါပါတယ်)
-Speedlight flash ဝယ်တဲ့အခါ Guide number၊ High speed sync (HSS) နဲ့ Auto flash mode (TTL) တွေနဲ့ အတူ ဘယ်လိုကင်မရာ နဲ့ compatible ဖြစ်သလဲဆိုတာတွေကို မဝယ်ခင် သေချာ မေးစမ်းသင့်ပြီး ကိုယ်သုံးရတာနဲ့ အဆင်ပြေမယ့် flash ကို ဝယ်ယူသင့်ပါတယ်။
Manual only flash တွေက ဈေးသက်သာပြီး...
HSS နဲ့ TTL mode တွေ ပါတဲ့ flash တွေက ဈေးကြီးကြပါတယ်။
Canon နဲ့ Nikon ထုတ် flash တွေက ဈေးကြီးကြပါတယ်။
တချို့ Third party flash တွေက ဈေးသက်သာပြီး စွမ်းဆောင်ရည်လည်း ကောင်းမွန်ကြလို့ လူသုံးများကြပါတယ်။
အဲဒီထဲက Yongnuo ထုတ် flash တွေဟာ ဈေးသက်သာပြီး လူကြိုက်များကြပါတယ်။
-----:::::-----
စာအရှည်ကြီး ဖတ်ရတာ ပျင်းကြမှာ သိပေမဲ့ တကယ် လေ့လာချင်တဲ့ ဝါသနာ ရှင်တွေ ဖတ်မိပါက စုံစုံလင်လင်လေး သိသွားစေချင်တဲ့ စေတနာပါ :)
ချစ်ခြင်းများစွာဖြင့်
အလင်းစက်
-မှီငြမ်း link တချို့
https://www.google.com.sg/…/photogr…/buying-guide/speedlight
https://www.google.com.sg/…/camera-flash-systems-wedding-ph…
http://www.exposureguide.com/high-speed-sync-flash.htm
https://petapixel.com/…/simple-demo-shows-power-high-speed…/
https://improvephotography.com/flash-photography-basics/
http://www.techradar.com/…/flash-photography-made-easy-mast…
https://youtu.be/BzUlR4J9-G4
https://youtu.be/7QpHmD6s-GU
https://youtu.be/q5pXhWr-sY4
https://youtu.be/XyGa7z4GQ2U
https://youtu.be/nq2r5sxO-8g
https://youtu.be/ThTNDfK_kyY
https://youtu.be/hR4DW7dXOsk

ရေသန့်အင်ဂျင်နီယာ၏ အခြေခံမှတ်စု (၁၀၀)

A. INTERNAL SANITARY FIXTURES INSTALLATION SYSTEM
၁။ အိမ်သာအိုး ( Water Closet )အတွက် အနည်းဆုံး လိုအပ်သော ဧရိယာမှာ 90cm × 120 cm ဖြစ်သည်။
၂။ လက်ဆေးခွက် (Wash Basin)အတွက် အနည်းဆုံး လိုအပ်သည့် ဧရိယာမှာ 90cm ×95cm ဖြစ်သည်။
၃။ ရေချိုးရေပန်း (Shower) တစ်လုံးအတွက် အနည်းဆုံးလိုအပ်သော ဧရိယာမှာ 90cm ×130 cm ဖြစ်သည်။
၎။ ရေချိုးကန် (Bath Tub) တစ်လုံးအတွက် အနည်းဆုံးလိုအပ်သော ဧရိယာမှာ 85cm ×185 cm ဖြစ်သည်။
၅။ ဆီးသွားခွက် (Urinal) တစ်လုံးအတွက် အနည်းဆုံးလိုအပ်သော ဧရိယာမှာ 70cm ×95 cm ဖြစ်သည်။
၆။ လက်ဆေးခွက် (Wash Basin) ၏နှုတ်ခမ်းသည် ကြမ်းပြင်မှ အမြင့်( 76cm မှ 80 cm) အတွင်း ရှိရပါမည်။
၇။ ရေချိုးရေပန်း (Shower) အားကြမ်းပြင်မှ အမြင့်( 190 cm) တွင်တပ်ဆင်ရပါမည်။
၈။ ရေချိုးကန် (Bath Tub) ၏အပေါ်နှုတ်ခမ်းသည် ကြမ်းပြင်မှ အမြင့်( 45cm မှ 54 cm) အတွင်း ရှိရပါမည်။
၉။ ဆီးသွားခွက် (Urinal) ၏အောက်နှုတ်ခမ်းသည် ကြမ်းပြင်မှ အမြင့်( 60 cm ) တွင် တပ်ဆင်ရပါမည်။
၁၀။ အရှေ့တိုင်းသုံးအိမ်သာ (I.W.C Pan)၏ ကြမ်းခင်းသည် အိမ်သာအိုး (Pan)သို့ 2% Slope ဖြင့် ပြုလုပ်ထားပေးရမည်။
၁၁။ အိမ်သာရေဆွဲအိုး (Flush Cistern) သို့ ရေဖြည့် ကြာမြင့် ချိန်သည် ၂ မိနစ်ထက် အပိုစေရ။
၁၂။ ရေချိုးခန်းအပါအ၀င် သန့်စင်ခန်း (Bath & WC) တို့၏ ကြမ်းခင်းတွင် ရေဆင်းပေါက် (Floor Drain)အား (50 mm မှ 100mm) အချင်း တပ်ဆင်ရမည်။
၁၃။ ရေချိုးခန်းအပါအ၀င် သန့်စင်ခန်း ကြမ်းခင်း (Bath & WC Floor)အား ရေဆင်းပေါက် (Floor Drain) သို့ 2% Slope ဖြင့် ပြုလုပ်ထားပေးရမည်။
၁၄။ ရေချိုးရေပန်း (Shower) တစ်ခုတွင် လူတစ်ဦးသုံးစွဲနိုင်ရန် ရေအေး ပမာဏမှာ (၃၀ လီတာမှ ၄၀ လီတာ)ဖြစ်သည်။
၁၅။ ရေချိုးရေပန်း (Shower) တစ်ခုတွင် လူတစ်ဦးသုံးစွဲနိုင်ရန် ရေပူ ပမာဏမှာ (၂၀ လီတာမှ ၃၀လီတာ)ဖြစ်သည်။
၁၆။ သန့်စင်ခန်းတစ်ခု၏ လေ၀င်လေထွက်ပေါက် (Ventilation)သည် ၄င်းသန့်စင်ခန်း ကြမ်းခင်း ဧရိယာ၏ အနည်းဆုံး 1/20 ဧရိယာရှိရပါမည်။
၁၇။ သန့်စင်ခန်းအတွင်း ကြည့်မှန် (Glass Mirror) အား ကြမ်းခင်းမှ အမြင့် 120 cm တွင် တပ်ဆင်ရပါမည်။
၁၈။ သန့်စင်ခန်း၏ တံခါးအား အတွင်းသို့ ဖွင့်သည့် အနေအထား (Door Swings into Toilet)ဖြင့် တပ်ဆင်ရပါမည်။
၁၉။ လက်ကိုင်တန်း(Hand Raila)နှင့် ဆပ်ပြာခွက် (Soap Holder) အား ကြမ်းခင်းအထက် (150 cm) အမြင့် တွင် တပ်ဆင်ရပါမည်။
၂၀။ မျက်နှာသုတ်ပုဝါတန်း (Towel Rail) အား ကြမ်းခင်းအထက် (130 cm) အမြင့် တွင် တပ်ဆင်ရပါအမည်။
၂၁။ သန့်စင်ခန်းသုံး ပစ္စည်းများ (Sanitary Fixtures) တပ်ဆင်ရာတွင် တစ်ခုနှင့် တစ်ခု ဘေးဘက်အကွာအဝေး (10 cm to 25 cm) ရှိရပါမည်။
၂၂။ သန့်စင်ခန်းသုံးပစ္စည်းများ (Sanitary Fixtures) ၏ အရှေ့ဘက် (Infront of any Sanitary Fixture) နေရာ (Open Space) သည် အနည်းဆုံး 60 cm ရှိရပါမည်။
B. SOIL, SULLAGE AND SEWERAGE DISPISAL SYSTEM
၂၃။ အိမ်သာအိုး (Water Closet) မှ အထွက်ပိုက်သည် အနည်းဆုံး 100 mm Ø ရှိရမည်။
၂၄။ Bath Tub, Bidet, Basin နှင့် Sink တို့မှ အထွက်ပိုက်သည် အနည်းဆုံး 40 mm Ø ရှိရမည်။
၂၅။ Urinal မှ အထွက်ပိုက်သည် အနည်းဆုံး 50 mm Ø ရှိရမည်။
၂၆။ 100 mm Ø အထွက်ပိုက်သည် (Discharge Pipe )အတွက် အနည်းဆုံး 1.65 % ရှိရမည်။
၂၇။ 40 mm Ø အထွက်ပိုက် (Discharge Pipe)အတွက် အနည်းဆုံး 2.5% Slope ရှိရမည်။
၂၈။ 50 mm Ø အထွက်ပိုက် (Discharge Pipe)အတွက် အနည်းဆုံး 2.5% Slope ရှိရမည်။
၂၉။ အနံ့ထုတ်ပိုက် (Ventilating Pipe)၏ ထိပ်ဖျားအ၀သည် အမိုး(Roof) အထက် အနည်းဆုံး 50 cm အမြင့်တွင် ရှိရမည်။
၃၀။ အနံ့ထုတ်ပိုက် (Ventilating Pipe) ၏ ထိပ်ဖျားအ၀သည် အဆောက်အဦ နံရံရှိလေ၀င်ပေါက် (ဥပမာ-တံခါး၊ ပြတင်းများ)မှ အလျားလိုက်အကွာအဝေး အနည်းဆုံး 3မီတာ ရှိရပါမည်။
၃၁။ တစ်ရက်လျှင်သုံးစွဲသော ရေပမာဏ၏ ၈၀% သည် (Waste Water ) အဖြစ် (Sewer Line)သို့ ၀င်ရောက်သည်ဟု တွက်ချက်သည်။
၃၂။ ပြင်ပမိလ္လာ (ရေဆိုး)လိုင်း External Sewer Line အား အနည်းဆုံး 150 mm Ø ထားရပါမည်။
၃၃။ Sewer Line ၏ Slope အား Self-Clenaing Velocity = 0.6 m/sec အနည်းဆုံး ရအောင်ထားရပါမည်။
၃၄။ Sewer Line ၏ Slope အားရွေးချယ်သည့်အခါ Velocity သည် 1.2 m/sec ထက်မများရပါ။
၃၅။ Sewer Line အဖြောင့် (Straight run) ပေါ်တွင် လူဝင်ကန် (Manhole)များ အား 30 m မှ 40 m အကွာအဝေး တွင် တစ်လုံးစီထားရှိရပါမည်။
၃၆။ Sewer Line ၏လားရာ (Direction) ပြောင်းလဲသည့်အခါတိုင်း အရွယ်အစား (Size) ပြောင်းလဲသည့်အခါ တိုင်း ၊ အနိမ့်အမြင့် ပြောင်းလဲသည့်အခါတိုင်း Manhole ထားရပါမည်။
၃၇။ Inspection Chambers 400 mm × 400 mm Size အတွက် အနက်သည် 60 cm ထက်မပိုရ။
၃၈။ Manholes 600 mm × 600 mm Size အတွက် အနက်သည် 1 m ထက်မပိုရ။
၃၉။ Manholes 900 mm × 600 mm သို့မဟုတ် 100mm Ø အတွက် အနက်သည် 1.75 m ထက်မပိုရ။
၄၀။ Manholes 1200 mm × 750 mm သို့မဟုတ် 1200mm Ø အတွက် အနက်သည် 2.5 m ထက်မပိုရ။
၄၁။ အနက် 2.5 m ထက်ပိုသော Manhole များအတွက် အနည်းဆုံးအရွယ်အစားမှာ 1400 mm × 900 mm သို့မဟုတ် 1400mm Ø ဖြစ်ရပါမည်။
C. WATER SUPPLY SYSTEM
၄၂။ ယေဘုယျအားဖြင့် တစ်ထပ်အဆောက်အဦအတွက် ရေဖိအားအမြင့် လိုအပ်ချက် (Head Required )မှာ 7 m ဖြစ်ပြီး နှစ်ထပ်အဆောက်အဦ အတွက် အမြင့်လိုအပ်ချက်မှာ 12m ဖြစ်ပါသည်။
၄၃။ များသောအားဖြင့် မြေပြင်ရေလှောင်ကန် (Ground Tank) အား ၂ ရက် သို့အဟုတ် ၃ ရက်စာ အသုံးပြုမည့် ရေပမာဏ သိုလှောင်နိုင်ရန် ဆောက်လုပ်ကြသည်။ အငယ်ဆုံး အရွယ်အစားအနေဖြင့် တစ်ရက်စာ သုံးစွဲရန် လုံလောက်သော ရေပမာဏဖြင့် သိုလှောင်ရပါမည်။
၄၄။ အမြင့်ရေလှောင်ကန် (Elevatd Roof Tank of Overhead Tank) များအား လူနေအိမ်သုံးအတွက် နေ့တစ်ဝက် (1/2 day)စာ သုံးစွဲနိုင်ရန် လုံလောက်သောပမာဏဖြင့် သိုလှောင်ရန် ပြုလုပ်ရပါမည်။
၄၅။ အမြင့် ရေလှောင်ကန် (Elevated Roof of Overhead Tank)များအား အများပြည်သူသုံး အဆောက်အဦများ (ဥပမာ-ဆေးရုံ၊ ဟိုတယ်၊ စသည်) အတွက် တစ်ရက်စာ (One day Storage) သုံးစွဲရန် လုံလောက်သော ပမာဏဖြင့် သိုလှောင်ကန်ပြုလုပ်ရပါမည်။
၄၆။ Water Closet (or) Wash Basin တစ်လုံးအတွက် ရေသုံးစွဲမှု ပမာဏအား တစ်ရက်လျှင် 180 Litres နှုန်းဇြင့် တွက်ချက်ပါသည်။
၄၇။ Shower (or) Urinal (or) Sink တစ်လုံးအတွက် ရေသုံးစွဲမှု ပမာဏအား တစ်ရက်လျှင် 200 Litres နှုန်းဖြင့် တွက်ချက်ပါသည်။
၄၈။ Bath Tub (or) Sink တစ်လုံးစီသို့ ရေဝေပိုက်အား 20 mm သုံးစွဲနိုင်သည်။
၄၉။ Shower (or) Wash Basin (or) Water Closet တစ်လုံးစီသို့ ရေဝေပိုက်အား 15 mm သုံးစွဲနိုင်ပါသည်။
၅၀။ Overhead Tank သို့ရေဖြည့်ရန် ကြာမြင့်ချိန် (Filling Time) သည် သိုလှောင်အချိန် (Storage Time)၏ ¼ ဖြစ်ရမည်။
၅၁။ Overhead Tank သို့ရေတင်သော ပိုက်လိုင် (Pumping Main)အတွင်း ရေစီးနှုန်း (Velocity) အား အနည်းဆုံး 1.5 m/sec မှ အများဆုံး 3 m/sec အထိရှိစေရမည်။
D. SEPTIC TANK & SOAK PIT
၅၂။ Soak Pit (မိလ္လာရေစိမ့်ကန်) သည် သောက်သံးရေ အရင်းအမြစ် (Water Source) နေရာ နှင့် အနည်းဆုံး 20 m ကွာဝေးရပါမည်။
၅၃။ Soak Pit (မိလ္လာရေစိမ့်ကန်) ၏ အောက်ခြေ (Bottom) သည် မြေအောက်ရေမျက်နှာပြင် (Ground Water Table)၏ အထက် အနည်းဆုံး 1 m အကွာတွင် ရှိရပါမည်။
၅၄။ မိလ္လာကန် မှ အနယ်အနှစ် ခပ်ထုတ်ခြင်း (De-sluding of septic tank) အား အများအားဇြင့် တစ်နှစ်လျှင် တစ်ကြိမ် ပြုလုပ် ပေးရပါမည်။
၅၅။ Septic Tank ၏ အလျား နှင့် အနံ အချိုးမှာ 2:1 အဖြစ် ထားရပါမည်။
၅၆။ အလျား 4 m ထက် ငယ်သော Septic Tank များအား Single Chamber Septic Tank (တစ်ကန်တည်းပါသော မိလ္လာကန်) အဖြစ် အသုံးပြုလေ့ရှိပါသည်။
၅၇။ အလျား 4 m ထက် ကြီးသော Septic Tank များအား Double Chamber (၂ ကန်ပါသော) Septic Tank အဖြစ် အသုံးပြုလေ့ရှိသည်။
၅၈။ Double Chamber Septic Tank တွင် ပထမတန်း (Inlet Chamber) သည် စုစုပေါင်းအလျား၏ (2/3 length) ရှိရမည်ဖြစ်သည်။ ဒုတိယကန်သည် အလျား၏ 1/3 length ရှိရမည် ဖြစ်သည်။
၅၉။ Septic Tank ၏ အနက်သည် အများဆုံး 2 m သာရှိရပါမည်။
၆၀။ Septic Tank အ၀င် နံရံမှ 1/5 Length အကွာတွင် မိလ္လာမျက်နှင်ပြင် (liquid level) အောက် 30 cm ရှိနံရံ အတား (Baffle Wall) တစ်ခုပြုလုပ်ပေးရမည်။ ၄င်းသည် အနည်ထိုင်ရန် နေရာ (Sedimentation Zone) ဖြစ်သည်။
၆၁။ မိလ္လာရည်မျက်နှာပြင် Liquid Level) နှင့် Septic Tank အမိုး (Cover Slab) ၏ အကွာအဝေး (Free Board) မှာ အနည်းဆုံး 30 cm ရှိရမည်။
၆၂။ အ၀င်တီ (Inlet Dip tee) သည် အနည်းဆုံး 100 mm Ø ဖြစ်ပြီး Liquid Level အထက် 8 m မှ ၀င်၍ Liquid Level အောက် 30 cm မြှုပ်နေရပါမည်။
၆၃။ ပထမ Inlet Chamber မှ ဒုတိယ Chamber သို့ ရေကူးပိုက်သည် Liquid Level အောက် 30 cm တွင် ရှိရမည်ဖြစ်ပြီး၊ Baffle Wall သည် Liquid Level အထက် 20 cm အမြင့် ရှိရပါမည်။ ရေကူးပိုက်၏ အရွယ်အစားမှာ အနည်းဆုံး 100 mm ရှိရပါမည်။
၆၄။ ဒုတိယ Chamber မှ Soak Pit သို့ အထွက် တီ (Out Let Dip tee) သည် အနည်းဆုံး 100 mm Size ရှိ၍ Liquid Level နှင့် အညီတွင် ထွက်ပြီး၊ Dip Tee ၏ အောက်ဖက် အ၀သည် Liquid Level အောက် 40 cm တွင် ရှိရပါမည်။
၆၅။ Vent Pipe (အနံ့ထုတ်ပိုက်) သည် အနည်းဆုံး 50 mm ရှိ၍ အမြင့်မှာ Cover အထက် အနည်းဆုံး 2.5 m ရှိရပါမည်။
၆၆။ Soak Pit အတွက် အသုံးပြုမည့် မြေနေရာ၏ ရေစိမ့်ဝင်နှုန်း (Percolation Rate) အား စမ်းသပ်၍ Soak Pit အတွင်း ၀င်ရောက်မည့် ရေဆိုးပမာဏအား တွက်ချက်၍ လိုအပ်သောမျက်နှာပြင်ဧရိယာအား အောက်ပါပုံသေနည်းဖြင့် တွက်ချက်ရပါသည်-
လိုအပ်သောမျက်နှာပြင် ဧရိယာ = တစ်ရက်ဝင်မည့်ရေဆိုးပမာဏ(Lit/day)
တစ်ရက်စိမ့်ဝင်နှုန်း (Lit/m2/day)
၆၇။ Soak Pit ၏ အောက်ခြေဧရိယာ (Bottom Area) အား ထည့်သွင်းစဉ်းစားရန် မလိုပါ။
E. FIRE FIGHTING SYTEM
(A) Hose Reel
၆၈။ ပိုက်ပျော့ခွေ (Hose Reel) ဖြင့် မီးငြိမ်းသတ်ခြင်း စံနစ်သည် ကနဦး မီးဘေးအန္တရာယ် ကာကွယ်ခြင်း (1st Aid for Extinguishing Fire) သာဖြစ်သည်။
၆၉။ Hose Reel တစ်ခွေ၏ အလျားမှာ 18 m မှ 25 m အထိရှိသည်။
၇၀။ Hose Reel အရွယ်အစားမှာ 20 mm Ø သို့မဟုတ် 25 mm Ø ဖြစ်သည်။
၇၁။ Hose Reel ထိပ်တွင် တပ်ဆင်မည့် Nozzle သည် 8 mm Ø မှ 13 mm Ø ဖြစ်သည်။
၇၂။ Hose Reel တစ်ခွေသည် ကြမ်းခင်းဧရိယာ 800 m2 အတွက် လုံလောက်သည်။
၇၃။ Nozzle မှ အထွက် ရေပမာဏမှာ 0.5 Lit/sec ထက်မနည်းရပါ။
၇၄။ Nozzle မှ အထွက် ရေဖိအား( Pressure) မှာ 200 Kpa (100 Kpa=14.7 lb/in2) လိုအပ်ပါသည်။၎င်း ဖိအား ပမာဏကြောင့် Nozzle မှာ ထွက်သော ရေသည် ဒေါင်လိုက်အမြင့် (Vertical Height) 5 m တက်ပြီး၊ အလျားလိုက် အကွာအဝေး (Horizontal diatance) 8 m ထွက်ပါသည်။
၇၅။ Hose Reel သို့ပေးပို့သော ပင်မရေဝေပိုက်လိုင်း (Supply Main) သည် 40 mm Ø ထက်မငယ်ပါ။ အများအားဖြင့် 15 m အမြင့် အဆောက်အဦးအတွက် 50 mm Ø ပိုက်သုံး၍ 15 m အထက်မြင့်သော အဆောက်အဦ အတွက် 65 mm Ø ပိုက်သုံးပါသည်။
၇၆။ မီးသတ်ရေလှောင်ကန် (Fire Ground Tank) ၏ ရေလှောင်ပမာဏ (Capacity) မှာ Hose Reel ၂ ခု တစ်ပြိုင်တည်း ၂ နာရီကြာ အသုံးပြုနိုင်မည့် ပမာဏဖြစ်ရမည်။
2 Nos. × 0.5 Lit/sec× 60 min ×60 hour× 2 Hours = 7.2 m3 ~
1000
Say 10 m3 Storage Tank For fire Fighting
(B) Fire Hydrant
၇၇။ အဆောက်အဦ အတွင်းတပ်ဆင်သော် Wall Mounted Fire Hydrant နှင့် အဆောက်အဦ ပြင်ပ တွင် တပ်ဆင်သော PillE Type or Stand Post Type Fire Hydrant ဟူ၍ နှစ်မျိုးရှိသည်။
၇၈။ Internal အသုံးပြုသော Wall Mounted Type အား Hotels, Museums, Hospitals, Banks, Factories အစရှိသော အဆောက်အဦ ကြီး များအတွင်း တပ်ဆင်သည်။
၇၉။ Internal Hydrant အား Building Area 1000m2 ထက်ငယ်လျှင် အနည်းဆုံး (၁)လုံး၊1000m2 မှ 5000m2 အတွင်းအနည်းဆုံး (၂)လုံး၊ 5000m2 မှ 10000m2 အတွင်းအနည်းဆုံး (၂)လုံးနှင့် 10000m2 နှင့်အထက် 5000m2 တိုးတိုင်း အနည်းဆုံး (၁)လုံး ထပ်မံတပ်ဆင်ပေးရပါမည်။
၈၀။ ပြင်ပမီးသတ်ငုတ် (External Fire Hydrant)အား အဆောက်အဦမှ 6 m အကွာအဝေးတွင် တပ်ဆင်ပြီး၊ မီးသတ်ငုတ်တစ်လုံးနှင့် တစ်လုံး အကွာအဝေးမှာ 150 m ထက်မပိုရပါ။
၈၁။ Hydrant တစ်ခုမှ ရေထွက်ပမာဏသည် အနည်းဆုံး 4 Litre/sec ရှိရပါမည်။
၈၂။ Hydrant Nozzle မှ ထွက်မည့် Pressure သည် အနည်းဆုံး 2 Kg/cm2 ရှိရပါမည်။
၈၃။ ပင်မရေတွန်းပိုက်လိုင်း(Pumping Main)သည် အဆောက်အဦ အမြင့် 45m အတွက် 100 mm Ø ဖြစ်ပြီး၊ 45m ထက်မြင့်သော အဆောက်အဦအတွက် 150 mm Ø သုံးစွဲရပါမည်။
၈၄။ မီးသတ်ရန် ရေလှေင်ကန် (Storage Tank for Fire Fighting) ၏ ပမာဏ ကို Fire Fighting 2 Nos. အနည်းဆုံး (၂)နာရီ ကြာ သုံးစွဲနိုင်ရန်တွက်ချက်ထားရှိပါမည်။
2 Nos. × 4 Lit/sec× 60 min ×60 hour× 2 Hours = 57.6 m3 ~
1000
Say 60 m3 Storage Tank For fire Fighting
F. GENERAL
၈၅။ လူနေအိမ် (Residential)တွင် လူတစ်ဦးအတွက် လိုအပ်သော ကြမ်းခင်းဧရိယာ (Floor Area) မှာ12.5 m2 ဖြစ်သည်။
၈၆။ ထိုင်ခုံ အသုံးပြုသော အစည်းအဝေးခန်းမများတွင် လူတစ်ဦးအတွက် လိုအပ်သော ကြမ်းခင်းဧရိယာမှာ 0.6 m2 ဖြစ်သည်။
၈၇။ စိုက်ခင်းများ (Horticulture) အတွက် ရေလိုအပ်ချက်မှာ 2 to 3 Litres/sq.m/day ဖြစ်သည်။
၈၈။ ကျွဲ၊နွား၊ မြင်းများ အစရှိသော တိရိစ္ဆာန်များအတွက် ရေလိုအပ်ချက်မှာ အများဆုံး 60 Litres/day/head ဖြစ်သည်။
၈၉။ လူတစ်ဦးတစ်ရက် ရေချိုးရန် လိုအပ်သော ရေပမာဏမှာ ၅၅ လီတာဖြစ်သည်။
၉၀။ လူတစ်ဦးတစ်ရက် အ၀တ်လျှော်ရန် လိုအပ်သော ရေပမာဏမှာ ၂၀ လီတာဖြစ်သည်။
၉၁။ လူတစ်ဦးတစ်ရက် ရေဆွဲအိုးသုံး အိမ်သာ အသုံးပြုရန်လိုအပ်သော ရေပမာဏမှာ ၃၀ လီတာဖြစ်သည်။
၉၂။ လူတစ်ဦးအတွက် တစ်ရက်ချက်ပြုတ်ရန် လိုအပ်သော ရေပမာဏမှာ ၅ လီတာဖြစ်သည်။
၉၃။ လူတစ်ဦးသောက်သုံးရန် လိုအပ်သော ရေပမာဏမှာ ၅ လီတာဖြစ်သည်။
၉၄။ လူတစ်ဦးအတွက် ဆေးကြောသန့်စင်ရန် လိုအပ်သော ရေပမာဏမှာ ၂၀ လီတာဖြစ်သည်။
၉၅။ မြို့ရေပေးရေးတွင် လူနေအိမ် သုံးစွဲရန် (Domestic Purpose) လူတစ်ဦး တစ်ရက်လျှင် လိုအပ်သော ရေကမာဏမှာ ၁၃၅ လီတာဖြစ်သည်။
၉၆။ မြို့ရေပေးရေးတွင် စက်ရုံသုံးရန် (Industrial Usage) လူတစ်ဦးတစ်ရက်လျှင် လိုအပ်သော ရေပမာဏမှာ ၁၀ လီတာဖြစ်သည်။
၉၇။ မြို့ရေပေးရေးတွင် အများပြည်သူသုံးရန်(Public Use) လူတစ်ဦးတစ်ရက်လျှင် လိုအပ်သော ရေပမာဏမှာ ၁၀ လီတာဖြစ်သည်။
၉၈။ မြို့ရေပေးရေးတွင် စီးပွါးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ သုံးရန် (Business and Trade Use) လူတစ်ဦး တစ်ရက်လျှင် လိုအပ်သော ရေပမာဏမှာ ၂၀ လီတာဖြစ်သည်။
၉၉။ မြို့ရေပေးရေးတွင် စွန့်ပစ်ရန်နှင့် ဆုံးရှုံးသွားသော (Waste and Losses) ရေပမာဏမှအား လူတစ်ဦးလျှင် ၅၅ လီတာနှုန်းဖြင့် တွက်ချက်ပါသည်။
၁၀၀။ ရေတစ်ဂါလံတွင် ကျောက်ချဉ် (Alum) ပါဝင်နှုန်းမှာ အမျာဆုံး 2 grains( 2 grains per gallon) သာဖြစ်သည်။ (7000 grains= 1 lb)

လျှာလိမ်သွားစေသော အင်္ဂလိပ်စကားများ

လျှာလိမ်သွားစေတယ် ဆိုတာကတော. စကားလုံး များဟာ ကြည်.လိုက်ရင်
အင်မတန်ရိုးရှင်းပြီး တကယ်တမ်း အမြန် ပြောကြည့်တဲ့အခါ အဓိပ္ပာယ်ရှိပြီး အမြန်ပြောဖို့ အင်မတန်ခတ်ခဲစေတက်ပါတယ်။ ဥပမာ
မြန်မာစကားမှာဆိုရင်
-ရွှံပေါ်ရှဥ့်ပြေး ရှဥ့်မွှေး ရွှံ့မလူး
-တုံးအောက်က ဖား ပြားတဲ့ ဖားကပြား ဖောင်းတဲ့ဖားက ဖောင်း
-တောင်ပေါ်ကရှမ်းကလေး လျှော်ထမ်းလို့ပြေး တိုတဲ့လျှော်ကတို ရှည်တဲ့လျှောက်ကရှည်
ထိုကဲ့သို့ပါပဲ အင်္ဂလိပ်စကားမှာလည်း ရှိပါတယ် ကဲ ကြိုးစားကြည့်လိုသူများ အောက်ပါအတိုင်း ပြောကြည့်ရင်း လျှာသွက် အာသွက်နိုင်ကြကြပါစေ
.
1.She sells sea shells on the sea shore
2. I wish to wish the wish you wish to wish, but if you wish the wish the witch wishes, I won't wish the wish you wish to wish.
3. Sounding by sound is a sound method of sounding sounds.
4. A sailor went to sea to see, what he could see. And all he could see was sea, sea, sea.
5. Purple Paper People, Purple Paper People, Purple Paper People.
6. If two witches were watching two watches, which witch would watch which watch?
7. I thought a thought but the thought I thought wasn't the thought I
thought. I thought if the thought I thought had been the thought I
thought, I wouldn't have thought so much.
8. Once a fellow met a fellow in a field of beans, said a fellow to a fellow. If a fellow
asks a fellow, Can a fellow tell a fellow what a fellow means?
9. Mr. Inside went over to see Mr. Outside. Mr. Inside stood outside and called to Mr. Outside inside.
10. Mr. Outside answered Mr. Inside from inside and Told Mr. Inside to come
inside. Mr. Inside said "NO", and told Mr. Outside to come outside.
11. Mr. Outside and Mr. Inside argued from inside and outside about going
outside or coming inside. Finally, Mr. Outside coaxed Mr. Inside to
come inside then both Mr. Outside and Mr. Inside went outside to the
riverside.
12. She sells sea shells on the sea shore. The shells that she sells are sea shells I'm sure.
13. The owner of the inside inn was inside his inside inn with his inside outside his inside inn.
14. If one doctor doctors another doctor does the doctor who doctors the
doctor, doctors the doctor the way the doctor he is doctoring doctors?
Or does the doctor doctors the way the doctor who doctors doctor?
15. When a doctor falls ill another doctor doctors the doctor. Does the
doctor doctoring the doctor doctors the doctor in his own way or does
the doctor doctoring the doctor doctors the doctor in the doctor's way.
16. We surely shall see the sun shine shortly. Whether the weather be fine, or whether the weather be not, Whether the weather be
cold Or whether the weather be hot, We'll weather the weather Whatever
the weather, Whether we like it or not.
17. Whether the weather is hot or whether the weather is cold. Whether the weather is
either or not, It is whether we like it or not.
18. Nine nice night nurses nursing nicely.
19. A flea and a fly in a flue Said the fly "Oh what should we do", said
the flea. “Let us fly”, said the fly to the flea. So they flew through
a flaw in the flue.
20. If you tell Tom to tell a tongue-twister his tongue will be twisted as tongue-twister twists tongues.
21. Mr. See owned a saw and Mr. Soar owned a seesaw. Now See's saw sawed
Soar's seesaw Before Soar saw See, Which made Soar sore. Had Soar seen
See's saw Before See sawed Soar's seesaw; See's saw would not have
sawed Soar's seesaw. So See's saw sawed Soar's seesaw. But it was sad
to see Soar so sore just because See's saw sawed Soar's seesaw.
22.If you understand, say "understand”. If you don't understand, say “don’t understand". But if you understand and say "don't understand".
How do I understand that you understand? Understand!
Credit- Original Source

အဖွဲ့အစည်းများအတွင်း ပါဝါအားပြိုင်မှုများနှင့် အလုပ်လုပ်ခြင်း

အဖွဲ့ အစည်းဖွံ့ ဖြိုးတိုးတက်ရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းများတွင် အဖွဲ့ အစည်း အတွင်းအပြင်ရှိ ပံ့ပိုးသူများ မလွဲမသွေ တွေ့ ကြုံရမည့် အရာမှာ အဖွဲ့ အစည်း အတွင်းရှိ ပါဝါအားပြိုင်မှုများနှင့် လွှမ်းမိုးရန် ကြိုးပမ်းအားထုတ်ကြသော အရှုံးအနိုင် ဗိုလ်လုပွဲများ ဖြစ်ပါသည်။ ထိုပါဝါအားပြိုင်များကြားထဲတွင် ပံ့ပိုးကူညီသူများ မည်သို့ အလုပ်လုပ်ကြပါမည်နည်း။ ယင်းပါဝါအားပြိုင်မှုများက ပံ့ပိုးကူညီသူ၊ အတိုင်ပင်ခံများနှင့် မည်သို့ ပတ်သက်နေပါသနည်း။ အတွင်းပိုင်းရှိ လူအစုအဖွဲ့ များ၏ လှုပ်ရှားမှုများ အပြန်အလှန်သက်ရောက်မှုများကြောင့် သူ့ အလိုလျောက် ဖြစ်ပေါ်နေသော ယင်းအားပြိုင်မှုများ မိမိနှင့် မသက်ဆိုင်ဟု ထင်ပါသလား။ မဟုတ်ပါ။ အရေးကြီးပါသည်။
နောက်ခံသီအိုရီများအရ ပါဝါဆိုသည်မှာ အခြားသူများအား မိမိတို့ အလိုရှိသော ရလဒ်များရအောင် လှုပ်ရှားလုပ်ကိုင်နေစေသော သြဇာလွှမ်းမိုးမှုဟု အဓိပ္ဗါယ် ဖွင့်ဆိုပါသည်။ ထို့ ကြောင့် ပါဝါသည် ကောင်းသည့် အပြုသဘောဆောင်သော အင်အားကို ဖော်ဆောင်နိုင်သကဲ့သို့ အာဏာရှင်ပုံစံ မိမိလိုရာကို မောင်းနှင်ပြီး အဖွဲ့အစည်း၏ အကျိုးစီးပွားထက် တစ်စုံတစ်ဦး၏ အကျိုးစီးပွားသို့ ရှေ့ ရှုသွားနိုင်သည့် ဆုတ်ယုတ်မှုသဘောကိုလည်း ဖော်ဆောင်နိုင်စွမ်း ရှိပါသည်။
အဖွဲ့ အစည်းတိုင်းတွင် ပါဝါအားပြိုင်မှုများ အမြဲရှိပါသည်။ အဖွဲ့ အစည်းပင် မဆိုထားနှင့် အတူတကွ အလုပ်လုပ်ကြသော တစ်ဦးထက်ပိုသော လူတစ်စုတွင်ပင် အချင်းချင်းကြား လွှမ်းမိုးရန် ကြိုးပမ်းကြသော အားပြိုင်မှုများမှာ သိသိသာသာသော်လည်းကောင်း၊ မသိမသာသော်လည်းကောင်း အမြဲရှိတတ်ပါသည်။ ယင်းအားပြိုင်မှုတိုင်းသည် ကောင်းသော၊ အပြုသဘောဆောင်သော ဘက်မျှသော အားပြိုင်မှုမျိုး ရှိခဲ့လျှင် ယင်းအဖွဲ့ သည် ပိုမိုဖန်းတီးတီထွင်နိုင်ပြီး စုပေါင်း အင်အားဖြင့် ပိုမိုတိုးတက်စေသော ရလဒ်များ ရနိုင်သော်လည်း၊ ပြင်းထန်လာသော လွဲမှားသည့် အမြဲတမ်း တစ်ဖက်သတ်ဆန်သော အားပြိုင်မှုမျိုး ဖြစ်ခဲ့ပါလျှင် မကျေနပ်ချက်များနှင့် တိုက်ခိုက်မှုများ၊ သို့ မဟုတ်လျှင် ဝန်ထမ်းအထွက်များပြီ မတည်ငြိမ်သော လူ့ စွမ်းအားအရင်းအမြစ်အဖြစ် တစ်ချိန်ုလုံး စုစည်းမရသည်အထိ ဖြစ်ပေါ်တတ်ကာ အဖွဲ့ ပျက်စီးရာသို့ တိုင်အောင် ဆို်က်ရောက်တတ်ပါသည်။ အလွတ်သဘောရှိတတ်သည့် မိတ်ဆွေ အပေါင်းအသင်းကြား တစ်ယောက်နှင့် တစ်ယောက်ကြား ဆက်ဆံရေးတွင်ပင် တဖက်သတ်ကျသော လွှမ်းမိုးချယ်လှယ်လိုမှုများ ပါလာလျှင်ပင် မည်သို့ ဖြစ်တတ်သည်ဆိုသည်မှာ လူတိုင်း ကြုံတွေ့ ဖူးသောအရာ ဖြစ်ပါသည်။
အဖွဲ့ အစည်းများအတွင်းတွင် ဝင်ရောက်လုပ်ကိုင်ကြရသော ပံ့ပိုးကူညီသူများသည် ယင်းပါဝါအားပြိုင်မှုများနှင့် ပတ်သက်လျှင် အမြင်ပွင့်ရပါမည်။ ပါဝါသည် မည်သည့် နေရာတွင် ရှိနေပါသလဲ။ ပုံမှန်ယူဆချက်အားဖြင့် ရာထူးကြီးသူများက ပါဝါကြီးတတ်ပါသည်။ အချို့ သော ပါဝါနှင့် ပတ်သက်သည့် သီအိုရီများအရ ရာထူးသည် ပါဝါကို ဖြစ်စေသော အရာ၊ ဆုပေးဒါဏ်ပေးနိုင်သော လုပ်ပိုင်ခွင့်သည် ပါဝါကို ဖြစ်စေသောအရာ၊ သတင်းအချက်အလက်နှင့် အဆက်အသွယ် ကောင်းများရှိခြင်းသည် ပါဝါကို ဖြစ်စေသော အရာ၊ ထူးခြားသော ကျွမ်းကျင်မှုရှိခြင်းသည်လည်း ပါဝါကိုဖြစ်စေသော အရာများ ဖြစ်သည်ဟု အဆိုရှိပါသည်။ ထိုပါဝါများထဲတွင် တစ်စုံတစ်ဦး၏ ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးကြောင့် လူအများ၏ ချစ်ခင်လေးစားခြင်းကိုခံရပြီး အများ၏ စံနမူနာပြအဖြစ် သြဇာ လွှမ်းမိုးနိုင်စွမ်းဖြင့် ပေါ်ပေါက်လာသော ပါဝါသည် အစွမ်းထက်သည့် ပါဝါတစ်မျိုး ဖြစ်သည်ကိုလည်း သာဓကများစွာဖြင့် သိရှိနိုင်ပါသည်။ ထို့ ကြောင့် အဖွဲ့အစည်းများထဲတွင် ပုံမှန်ယူဆချက်များအရ ပါဝါမည်သည့်နေရာတွင် ရှိနေပါသနည်းဟူသော မေးခွန်းမှာ အလုပ်သဘောတည်ရှိနေသော စနစ်ထဲတွင် ရှာဖွေရလွယ်သော်လည်း ယင်းအလုပ်သဘော တည်ရှိမှုများနှင့်အပြိုင် တည်ရှိနေတတ်သော ဆက်ဆံရေးအရ အလွတ်သဘော လွှမ်းမိုးသိမ်းပိုက်မှုများမှာမူ အချိန်ယူလေ့လာ ရှာဖွေရသော ကိစ္စဖြစ်ပါသည်။ အဖွဲ့ ငယ်များ၊ တစ်ဦးချင်း၏ သဘောထားများ၊ အစည်းအဝေးများ စသည့် ထိတွေ့ ဆက်ဆံမှုများ အချိန်အတန်ကြာလာမှ စိတ်ဝင်စားဖွယ် လေ့လာတွေ့ ရှိလာရသော ကိစ္စရပ် ဖြစ်ပါသည်။
သြဇာလွှမ်းမိုးချုပ်ကိုင်လိုမှု၊ စင်ပြိုင်ပါဝါထူထောင်လိုမှု၊ တစ်ဖက်မဟုတ် တစ်ဖက်သို့ ပါဝင်မှုနှင့် အခြားသူများအားလည်း မိမိပါဝင်သောဖက်သို့ သိမ်းသွင်းလိုမှု၊ မိမိအတွက် လိုအပ်သည့်ဖက်သို့ ယိမ်းယိုင်ကာ ပြင်လွယ်ပြောင်းလွယ် ပုံစံဖြင့် ပါဝါများကို ကစားတတ်မှု၊ မည်သည့် ပါဝါ၏ လွှမ်းမိုးမှုကိုမှ မလိုက် အဖြူထည်သက်သက်ပုံစံဖြင့် ကြားနေမှုသို့ မဟုတ် မည်သည့်ပါဝါအောက်သို့ မှမလိုက်ဘဲ တင်းခံကာ တတိယမြောက် အင်အားအဖြစ်ထူထောင်လိုမှု၊ စသည် စသည်အားဖြင့် အမျိုးမျိုးသော သက်ဝင် လှုပ်ရှားမှုများကို တွေ့ မြင်ကြရမည်ဖြစ်သည်။ ထိုသို့ ဆိုလျှင် ကျွနု်ပ်တို့ ဝင်ရောက်လုပ်ကိုင်သောအခါ ယင်းပါဝါလှုပ်ရှားမှု အမျိုးမျိုးကြားတွင် မည်သို့ ဆောင်ရွက်ကြပါမည်နည်း။ အဓိကကျသည့် ပထမဆုံးအချက်မှာ ကျွနု်ပ်တို့ ၏ ကိုယ်ပိုင်ရပ်တည်ချက် ဖြစ်ပါသည်။
အဖွဲ့အစည်းဖွံ့ ဖြိုးတိုးတက်ရေးသမားများ၏ အဓိက ကတိကဝတ်ထားသော လုပ်ငန်းမှာ အဖွဲ့ အစည်း၏ ရေရှည်ရပ်တည်နိုင်မှု၊ စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် လိုအပ်သော ရည်မှန်းချက်ပန်းတိုင်များကို ရယူနိုင်မှု၊ အဆင့်ဆင့်သော တိုးတက်မှုများကို အမြဲရယူနိုင်မှု၊ ပါဝင်သော အကျုံးဝင်ပတ်သက်သူများအားလုံး စိတ်ကျေနပ် ပျော်ရွှင်ဖွယ်ရာသော ပတ်ဝန်းကျင်ကောင်းကို အမြဲတမ်း ဖန်တီးပေးထားနိုင်မှု စသည့် အရည်အသွေးများပါဝင်နေသော ကျန်းမာဖွံ့ ဖြိုးသော အဖွဲ့ အစည်းဖြစ်ရေးပင် ဖြစ်ပါသည်။ ထိုကဲ့သို့သော အဖွဲ့အစည်းများ ပေါ်ပေါက်လာရေးအတွက် ဝင်ရောက်လုပ်ကိုင်သောအခါ ဦးတည်ရာ နေရာမှာမူ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ ၄င်းတို့ မှာ အဖွဲ့ အစည်းအတွင်း ပါဝင်သော ခေါင်းဆောင်များနှင့် လူသားအရင်းအမြစ်များ၏ ဖွံ့ ဖြိုးတိုးတက်မှုကို အာရုံထားခြင်း ဖြစ်နိုင်သလို ဖွဲ့စည်းအုပ်ချုပ်ပုံအရ ရှင်းလင်းထိရောက်ရန် ကူညီပေးခြင်းလည်းဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်ပါစေ နောက်ဆုံးပိတ်လိုအပ်ချက်မှာ အဖွဲ့ အစည်းတစ်ခုလုံး၏ ရေရှည် ဖွံ့ ဖြိုးတိုးတက်မှု ဖြစ်ပါသည်။ ထိုကြောင့် တစ်ခါတစ်ရံတွင် အလွန်အားကောင်းသော ပါဝါကြောင့် တစ်ဖက်သက်ဆန်သော လွှမ်းမိုးမှုမျိုး (အာဏာရှင်ဆန်မှုမျိုး ဖြစ်နိုင်သကဲ့သို့ ကိုးကွယ်ရာ သူရဲကောင်းဆန်မှုမျိုးလည်းဖြစ်နိုင်ပါသည်) ကြုံရသောအခါ အိုဒီသမားများ၏ အလုပ်တွင် ယင်းခေါင်းဆောင်များ၏ ပိုမိုအားကောင်း၍ ရေရှည်တည်တံ့သော အဖွဲ့အစည်းဖြစ်လိုမှု ကတိကဝတ်ပေါ်တွင် မေးခွန်းထုတ်ရခြင်းများ ပါဝင်လာနိုင်ပါသည်။
အဖွဲ့အစည်းများအတွင်း ပေါ်ပေါက်နေသော ပါဝါအားပြိုင်မှုများနှင့် အပြန်အလှန် လွှမ်းမိုးသက်ရောက်မှုများကြားတွင် အိုဒီသမားများအတွက် ယေဘုယျအားဖြင့် လွဲမှားသော အလွယ်တကူ ရွေးချယ်မှု (၃) ခုရှိတတ်ပါသည်။
၁။ ပထမလမ်းကြောင်းသည် အားကောင်းသော ပါဝါကို အသုံးချကာ မိမိတို့ လုပ်ဆောင်ရမည့် လုပ်ငန်းများကို လုပ်ဆောင်ပြီး ပြန်ထွက်လာတတ်ခြင်း။ များသောအားဖြင့် ယင်းနည်းလမ်းသည် လွယ်ကူသက်သာ ချောမွေ့ သော လုပ်ငန်းဖြစ်ပြီး ပံ့ပိုးသူအတွက် အသက်ရှုချောင်သည့်နည်းလမ်း ဖြစ်ပါသည်။ ဤနည်းလမ်းတွင် အားနည်းသော ပါဝါမရှိသော အားမပြိုင်နိုင်သောသူများက ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ၊ ၄င်းတို့ ၏ မတူသော အကြံဥာဏ်များ အားလည်း ပံ့ပိုးသူအနေဖြင့် သိလိုက်ရမည်တောင် မဟုတ်ပါပဲလျှက် အားလုံးက လိုက်ပါဆောင်ရွက်ပေးလိုက်ကြမည်ဖြစ်ပြီး အလုပ်ပြီးသွားနိုင်ပါလိမ့်မည်။ သူတို့အတွက် ထိုသို့ သော ဆောင်ရွက်မှုများက ရိုးနေ၍ ဖြစ်ပါသည်။ မိမိကိုလည်း ထူး၍ အပြစ်တင်နေတော့မည် မဟုတ်ပါ။ ပါဝါကြီးသူကလည်း သူ့အလိုအတိုင်း ဖြစ်မြောက်သွားသည့်အတွက် ပံ့ပိုးသူနှင့် ကောင်းသော ဆက်ဆံရေးထူထောင်ပြီး ကျေနပ်စွာ ပြီးမြောက်သွားပါလိမ့်မည်။ လတ်တလော လိုအပ်ချက်တစ်ခု ပြည့်စုံသွားနိုင်သော်လည်း အဖွဲ့အစည်း ရေရှည်ဖွံ့ ဖြိုးတိုးတက်မှုအတွက်မူ မသိနိုင်ပါ။ လက်ရှိပါဝါ ပိုမိုကြီးထွားကြောင်းသာလျှင် အများဆုံးဖြစ်နိုင်ချေရှိပါသည်။ ပြောင်းလဲမှုတစ်ခုကို အမှန်တကယ်ဖော်ဆောင်ရန် မဖြစ်နိုင်ပါ။ မိမိထားသော အဖွဲ့ အစည်းဖွံ့ ဖြိုးရေးဆိုင်ရာ ကတိကဝတ်ပေါ်တွင်လည်း ဖော်ဖျက်ရာ ကျပါသည်။
၂။ အားနည်းသော ပါဝါမရှိသောသူများအား လှုံ့ ဆော်အားပေး ကူညီဝိုင်းဝန်းပြီး လိုအပ်ပါက ထိပ်တိုက်ရန်ဆိုင်နိုင်ရန် အသင့်ဖြစ်သည်အထိ ကူညီမိတတ်ခြင်း။ ပံ့ပိုးသူသည် ပါဝါအားပြိုင်မှုအခြေအနေကို သုံးသပ်မိသည့် အချိန်မှစ၍ မိမိ၏ ကတိကဝတ်ထားမှုအရ မညီမျှသော ပါဝါအား ညီမျှအောင် လုပ်ရန်အတွက် အားနည်းသူများဖက်မှ ရပ်တည်ရင်ဆိုင်ပေးမည်ဟု စိတ်ခံစားချက်ပါသော ဆုံးဖြတ်ချက် ချမှတ်တတ်ပါသည်။ အိုဒီသမားများ၏ အားနည်းချက်သည် တစ်ခါတစ်ရံ မိမိစိတ်ခံစားမှုအရ ပေါ်ပေါက်လာသော လုပ်ချင်ကိုင်ချင်စိတ်များအား ကောင်းစွာစီမံရန် ပျက်ကွက်ခြင်း ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မညီမျှမှုများ အဖွဲ့ အစည်းတိုင်းတွင် ရှိပါသည်။ လွှမ်းမိုးနိုင်သူဖက်မှ လာသော သတင်းအချက်အလက်များအပြင် ရှုံးနိမ့်သူဖက်ခြမ်းမှ လာသော အချက်အလက်များအားလည်း အမြဲတမ်းရှာဖွေ ရစမြဲဖြစ်သည်။ ထို့အပြင် မိမိတို့ ၏ ကိုယ်ပိုင်ရပ်တည်ချက်နှင့် တန်ဖိုးထားမှုဖြစ်သော ပါဝါညီမျှခြင်းများနှင့် ပူးပေါင်းပါဝင်မှု၊ အာဏာခွဲဝေမှုတို့ ရှိသည့် သမမျှတ၍ ကျန်းမာသော အဖွဲ့ အစည်းဖြစ်ရေးကိုလည်း ကောင်းစွာသတိချပ်မိနေသည်။ ဤသို့သော အခြေအနေမျိုးတွင် စိတ်ခံစားမှုယှဉ်သော အလျင်လိုမှုနှင့် ကောင်းစွာ စီမံခန့် ခွဲမှုမရှိသော ဝင်ရောက်လုပ်ဆောင်မှုမျိုးသည် မိမိလုပ်ဆောင်သော အလုပ်၏ ရလဒ်ကို သက်ရောက်နိုင်ရုံမျှမက မိမိတို့ ထွက်သွားပြီး နောက်ပိုင်း ကျန်ရစ်မည့် အဖွဲ့ အစည်းအတွင်း ပိုမိုများပြားသော ပဋိပက္ခများကိုပါ ဖန်းတီးပေးလိုက်သကဲ့သို့ ဖြစ်သွားနိုင်ပါသေးသည်။ အိုဒီသမားတစ်ဦး၏ အခြေခံ စောင်းစည်းရမည့် ကျင့်ဝတ်သည် မိမိကြောင့် အဖွဲ့ အစည်းအတွင်း ပိုမိုဆိုးရွားသော သက်ရောက်မှုများ မပေါ်ပေါက်စေရန် ဖြစ်သည်။
၃။ မည်သည့် ဖက်မှ မည်သို့ မျှမထိခိုက်စေဘဲ မူလပုံစံမပျက်စေဘဲ ကြားနေပုံစံ အလုပ်လုပ်ကာ မိမိလုပ်ဆောင်ရမည့် တာဝန်ဝတ္တရားကို ဆောင်ရွက်ပြီး ပြန်ထွက်လာခြင်း
ယင်းနည်းလမ်းသည် အထိအခိုက်နည်းသည့် နည်းလမ်းဖြစ်သည်မှန်သော်လည်း အဖွဲ့ အစည်း၏ ပူးပေါင်းပါဝင်မှုကို ထဲထဲဝင်ဝင် ရနိုင်လောက်သော နည်းလမ်းမဟုတ်ပါ။ ယုံကြည်မှုအားနည်းတတ်ပါသည်။ အပေါ်ယံရလဒ်နှင့် ရေတိုအလုပ်ပြီးမြောက်မှုအတွက်သာ ဖြစ်နိုင်ပါသည်။ အမှန်တကယ် တိုးတက် ပြောင်းလဲမှုနှင့် မိမိတို့ ကတိကဝတ်ထားသော ဖွံ့ ဖြိုးတိုးတက်မှုအတွက် မျက်နှာလွှဲခဲ့သည့် အနေအထားမျိုး ဖြစ်သောကြောင့် နောင်တရကောင်းရနေနိုင်ပါသည်။
သို့ ဖြစ်ပါလျှင် မည်သို့ ဆောင်ရွက်သင့်ပါသနည်း။
ဤနေရာတွင် အရေးအကြီးဆုံး အချက်မှာ မိမိကိုယ်တိုင်၏ ပါဝင်မှုအား သတိမူမိခြင်း ဖြစ်ပါသည်။ အိုဒီသမားတစ်ဦးသည် အဖွဲ့ အစည်းများထဲသို့ ဝင်ရောက်လိုက်သည့် အခါတိုင်းတွင် မိမိတို့ နှင့် အတူတကွ ပါဝါ တစ်မျိုး မဟုတ်တစ်မျိုး ပါဝင်ပြီး ဖြစ်ပါသည်။ ယင်းပါဝါသည် လက်ရှိ အဖွဲ့ အစည်းအတွင်းတွင် ရှိပြီးသား ပါဝါ အားပြိုင်မှုများကြားတွင် ဝင်ရောက်စီးမျောမည့် နောက်ထပ်ပါဝါ တစ်မျိုး ဖြစ်နေသည်ကို မေ့ထား၍ မရပါ။ ယင်းပါဝါသည် အခြေအနေအရပ်ရပ် အရ အဖွဲ့ အစည်း တစ်ခုသို့ ဝင်ရောက်သော တစ်ကြိမ်နှင့် တစ်ကြိမ်အင်အား မတူညီနိုင်ပါ။ ခေတ္တခဏ ဝင်ရောက်လုပ်ကိုင်ပေးသော နည်းပညာပေးမှု လုပ်ငန်းလေးတစ်ခု အတွက် အဖွဲ့ အစည်းတစ်ခုအတွင်းသို့ ဝင်ရောက်သော ပါဝါနှင့်၊ ကြီးမားသော အပြောင်းအလဲကို ပံ့ပိုးပေးရန်အတွက် အရေးကြီးသော အခန်းကဏ္ဍမှ နည်းပညာအမျိုးမျိုးသုံးကာ ပါဝင်ရန် ဝင်ရောက်လုပ်ကိုင်ရခြင်းမျိုးမှ ပါဝါအင်အားတို့ မည်သို့ မျှ မတူညီနိုင်ပါ။ အနည်းဆုံး အဖွဲ့ အစည်းအတွင်းသို့ ဝင်ရောက် လုပ်ကိုင်ခွင့်ကို အပ်နှင်းခံရသည့်လုပ်ပိုင်ခွင့် ပါဝါရှိနေပါသည်။
အိုဒီသမားများသည် ခေတ္တခဏပင်ဖြစ်လင့်ကစား အဖွဲ့ အစည်းများကြားတွင် တတိယပါဝါ အဖြစ် (စတုတ္ထ၊ ပဉ္စမလည်း ဖြစ်နိုင်ပါသည်။) ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ ဝင်ရောက်လာ တတ်ကြပါသည်။ ယင်းပါဝါသည် လက်ရှိ အဖွဲ့ အစည်းအတွင်းရှိနေသော ပါဝါမညီမျှခြင်းများကြားတွင် ထိန်းညှိပေးမည့် နောက်ထပ် ပါဝါ တစ်ခု ဖြစ်စေရမည်ဖြစ်ပါသည်။ ထိန်းညှိသည်ဟု ဆိုရာတွင် ပဋိပက္ခ အသွင်ကို ဆောင်ရန် အလားအလာများသည့် အုပ်စုဖွဲ့ ခြင်းမျိုးမဖြစ်ပေါ်စေရန် အမြဲသတိချပ်နိုင်ရမည် ဖြစ်သည်။ ပိုမိုကြီးမားသော ပါဝါကို ခြိမ်းခြောက်သည့် အသွင်ဆောင်မိခြင်း၊ မိမိတို့ ၏ ဝင်ရောက်လုပ်ကိုင်နိုင်စွမ်း ပါဝါအား မိမိတို့ အလုပ်နှင့် မသက်ဆိုင်သော အခြားသော ကိုယ်ပိုင်အကျိုးစီးပွားများအတွက် အလွဲသုံးစားပြုမိခြင်း၊ အစရှိသည်တို့ အတွက် အမြဲတမ်း ကျင့်ဝတ်စောင့်ထိန်းကြရမည်ဖြစ်သည်။ အဓိက လုပ်ဆောင်ရန်မှာ အဖွဲ့ အစည်းတွင်း အမျိုးမျိုးတည်ရှိနေသော ပါဝါ အမျိုးမျိုးတို့ အား အသိအမှတ်ပြုကြောင်း ပြသရန်နှင့် ပါဝါအမျိုးမျိုးတို့ ၏ ပိုင်ရှင်အသီးသီးထံမှ လည်ကောင်း ပါဝါမရှိသော လူနည်းစုများထံမှလည်းကောင်း အကြံဥာဏ်များ၊ သတင်းအချက်အလက်များနှင့် ပူးပေါင်းပါဝင်မှုကို ရယူရန် ဖြစ်ပါသည်။ မိမိ၏ ပါဝါအားဖြင့် မိမိလုပ်ဆောင်ရမည့် လုပ်ငန်းကို အရင်းတည်ကာ ယင်းပါဝါပိုင်ရှင် အသီးသီးတို့ ဆုံရာ ပလက်ဖောင်းတစ်ခု ပေါ်ပေါက်လာအောင် ဆောင်ကြဉ်းပေးရမည်ဖြစ်သည်။ မိမိ၏ ဝင်ရောက်လုပ်ကိုင်မှု ပါဝါသည် ယခင်ရှိပြီးသော ပါဝါအားပြိုင်မှုများ အတွင်းတွင် အပြုသဘောဆောင်သော ဆုံမှတ်များ ပုံစံအမျိုးမျိုးဖြစ်ပေါ်လာစေရန်နှင့် အပြုသဘောဆောင်သော လှုပ်ရှားမှုများ ပိုမိုရှင်သန်အားကောင်းလာစေရန် အသုံးပြုရမည့် အရာဖြစ်ပါသည်။ မိမိပြန်လည်ထွက်ခွာချိန်တွင် ယင်းဆုံမှတ်များသည် အားကောင်းစွာကျန်နေခဲ့စေရန် အဖွဲ့ တွင်းနေသော ပါဝါများအား ကောင်းစွာ အသုံးပြုနိုင်ခဲ့ရမည် ဖြစ်ပါသည်။ ဤသို့ လုပ်ဆောင်ခဲ့ခြင်းအားဖြင့် ရေရှည်အတွက်ကြည့်သော ပြောင်းလဲမှုကို ကတိကဝတ်ထားသော၊ အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများဖြင့် အပြုသဘောဆောင်သော အားပြိုင်မှုများ ကျန်ရစ်ခဲ့မည် ဖြစ်ပါတော့သည်။
ချောစုဝင်း

ကိုယ့်ကိုကိုယ်တွင်ရင်းနှီးမြုပ်နှံခြင်း

ဘ၀တွင် တန်ဖိုးအရှိဆုံးရင်းနှီးမြုပ်နှံခြင်းသည် ကိုယ့်ကိုကိုယ်တွင် ရင်းနှီးမြုပ်နှံခြင်းဖြစ်သည်။
ကိုယ့်ရည်မှန်းချက်ကိုအောင်မြင်ရင် ကိုယ့်ရည်မှန်းချက်နှင့် ထိုက်တန်သော လူတစ်ယောက်ဖြစ်လာရမည်။ လူအသစ်တစ်ယောက်ဖြစ်လာရမည်။ လူအများစုသည် ရည်မှန်းချက်ကိုလိုချင်ပြီး ကိုယ့်ကိုကိုယ်ပြောင်းလဲဖို့ မကြိုးစားကြပါ။ ထိုရည်မှန်းချက်သည် အလုပ်ပိုကြိုးစားရမယ်ဆိုတာကို သိပေမဲ့ ကိုယ့်စိတ်က အလုပ်ပိုမလုပ်ချင်ရင် မအောင်မြင်နိုင်ပါ။ လိုချင်မှုတစ်ခုနဲ့ မရနိုင်ပါ။ လိုချင်မှုနဲ့ ထိုက်တန်သော လူတစ်ယောက်ဖြစ်လာရပါမည်။ ထိုအဆင့်နှင့် တန်းတူသော အရည်အချင်းတွေ ရှိလာရပါမည်။ Jim Rohnက လူအများစုသည် သူ တို့ လိုချင်သော ရည်မှန်းချက်များကို သူတို့ ကိုယ်သူတို့ မပြောင်းလဲပဲရအောင် ကြိုးစားကြပါသည်။ ထိုနည်းလမ်းသည် မအောင်မြင်ပါ။ အရင် ကိုယ့်ကိုကိုယ်ပြောင်းလဲပစ်ရမည်။ မြင့်မားသော ရည်မှန်းချက်ကို ရအောင်လုပ်ချင်ရင် ကိုယ့်ကိုကိုယ် စိတ်ဓာတ် ၊ အကျင့် ၊ နယ်ပယ်ဆိုင်ရာညဏ်ပညာ ၊ လုပ်ရဲသော သတ္တိ မြင့်မားလာအောင်လုပ်ရမည်။
တိုးတက်စေသည့် စာအုပ်များကိုဝယ်ပြီးဖတ်ခြင်း
ကိုယ့်ရည်မှန်းချက်အောင်မြင်လာအောင် အရင် စာအုပ်တွေဖတ်ရပါမည်။ စီးပွားရေးလုပ်ချင်ရင် ၊ ကုမ္ပဏီတစ်ခု ( ကိုယ်ပိုင် ကုမ္ပဏီဖြစ်ဖြစ် ၊ သူများကုမ္ပဏီဖြစ်ဖြစ် ) ခေါင်းဆောင် တစ်ယောက်ဖြစ်ချင်ရင် ထိုအရာနှင့်ပတ်သတ်သော စာအုပ်များကို ဖတ်သင့်ပါသည်။ ထိုစာအုပ်များကို စာအုပ်ဆိုင်သွားပြီး ဖတ်သင့်ပါသည်။ ဈေးကွက်စီးပွားရေးသည် အင်မတန်ကျယ်ပြန့် သည်။ အရင်က ကုမ္ပဏီကြီးတွေ ရှိရင်တောင် ကိုယ့်ကုမ္ပဏီက အသစ်အနေနှင့် ၀င်လာတာတောင် ပြိုင်ဘက်တွေထက် ပိုပြီးတီထွင်နိုင် ၊ ပိုပြီး ကုန်ပစ္စည်းကို ကောင်းအောင် စဉ်းစားနိုင်ရင် ၊ လုပ်နိုင်ရင် ၊ အလုပ်ပိုလုပ်နိုင်ရင် ပိုကောင်းတဲ့ ကုန်ပစ္စည်းတွေကို ထုတ်လုပ်နိုင်ပါသည်။ ဈေးဝယ်သူများသည် ကိုယ့်ကုမ္ပဏီက ကုန်ပစ္စည်းတွေကို ၀ယ်ပါလိမ့်မည်။ ထိုကဲ့သို့ သော စီးပွားရေးဆိုင်ရာ ညဏ်ပညာကို စာအုပ်ပေါင်းမြောက်များစွာဖတ်မှ သိနိုင်ပါလိမ့်မည်။ MBA လည်း တကယ်တမ်း တက်စရာမလိုပါ။ ကိုယ့်ပာာကိုယ် စာအုပ်ဖတ်ခြင်းသည် ကျောင်းတက်တာနှင့် မဆိုင်ပါ။ တကယ်တိုးတက်ချင်ရင် ကိုယ်လိုချင်သော ရည်မှန်းချက်အတိုင်း ဖြစ်ရင် လိုချင်သောရည်မှန်းချက်အရှိန်နဲ့ ကြိုးစားရပါမည်။ စာအုပ်ပေါင်းမြောက်များစွာကို ကိုယ့်ပာာကိုယ် ဖတ်ရှုရပါမည်။ ပိုသိရင် ပိုစဉ်းစားနိုင်သည်။ ပိုစဉ်းစားနိုင်ရင် သူများတွေမမြင်သော အရာတွေကိုညဏ်ပညာနှင့် သိလာသည်။ ထိုသိလာဖို့ စီးပွားရေးစာအုပ်တွေ ဖတ်မှရမည်။ စာဖတ်သူဖြစ်ချင်သော ရည်မှန်းချက်အတိုင်လည်း ဖတ်ရှုနိုင်ပါသည်။ ကိုယ် ဖြစ်ချင်သော နယ်ပယ်က စာအုပ်တွေကိုဖတ်ပါ။ ထိုနယ်ပယ်က နာမည်ကြီးသောသူတွေ ရေးသော စာအုပ်တွေကိုဖတ်ပါ။ စာအုပ်တွေကို ၀ယ်နိုင်ရင်ကောင်းပါသည်။ ကိုယ်အလုပ်လုပ်သော နေရာတွင် ထားရင်ကောင်းပါသည်။ ဖတ်ဖို့ လိုအပ်သည့်အခါ အလုပ်လုပ်သည့်နေရာတွင် ထားသောစာအုပ်စင်ကနေ တန်းယူလို့ ရပြီး ဖတ်လို့ ရပါသည်။ ဖတ်ပြီးရင် အသုံးချလို့ ရပါသည်။ Knolwdge is power. ( ဗပာုသုတသည် အင်အားရှိသည် ) လို့ ပြောပါသည်။ သို့ သော် သိပြီးအသုံးမချရင် ထိုဗပာုသုတသည် အင်အားမရှိတော့ပါ။ သိရုံနှင့်မရ။ ဆိုင်သောနေရာတွင် အသုံးချရမှ ထိုဗပာုသုတသည် အင်အားရှိသည်။
ကမ္ဘာပေါ်တွင် တတိယအချမ်းသာဆုံးသူ Warren Buffet သည် တစ်နေ့ ကို စာမျက်နှာ (၅၀၀)လောက်ဖတ်ပါသည်။ သူက စာဖတ်ရင် ပိုပြီးစဉ်းစားသည်။ စဉ်းစားတော့ စိတ်လိုက်မာန်ပါရွေးချယ်ချက်တွေ လုပ်တာနည်းသွားသည်ပာု ပြောပါသည်။
လူ့ ဘ၀ပာာ ရွေးချယ်ချက်တွေနဲ့ စုစည်းထားပါသည်။ ငါဒီနေ ဘာဝတ်ရင်ကောင်းမလဲဆိုတာကအစ လက်ထပ်သည်အထိ ငါသူ့ ကိုလက်ထပ်ရင်ကောင်းမလား စသည့် အရေးကြီးသော ရွေးချယ်ချက်တွေနဲ့ ဖွဲ့ စည်းထားပါသည်။ ကိုယ့်ဘ၀ ဒီနေ့ ပာာ ကိုယ်လုပ်ခဲ့တဲ့ ရွေးချယ်ချက်တွေအားလုံးဧ။် စုပေါင်းရလဒ်ဖြစ်ပါသည်။ နေ့ တိုင်း စာတွေအများကြီးဖတ်သွားသည့်အခါ ရက်တွေ လတွေကြာလာတော့ ကိုယ်သိတာတွေက ပိုပြီးများလာသည်။ ထိုအခါ ကိုယ် အသုံးချစရာတွေအများကြီးရှိလာပြီး ကိုယ့်ရည်မှန်းချက်အောင်မြင်နိုင်ပါသည်။
အကျင့်ကောင်း
လူတစ်ယောက်ဧ။် တစ်နေ့ တာသည် အကျင့်များဖြင့်ဖွဲ့ စည်းထားသည်။ မနေ့ ကလုပ်ခဲ့တာကို ဒီနေ့ လုပ်မည်။ အကျင့်တွေသည် အလိုလိုဖြစ်နေပြီး သူ့ အလိုလို လုပ်ပြီးသားဖြစ်နေသည်။ အကျင့်ရှိနေတာက လူ့ သဘာဝဖြစ်သည်။ သို့ သော် ဘယ်လို့ အကျင့်လဲဆိုတာက အင်မတန်အရေးကြီးသည်။ ရေရှည်တွင် ကိုယ့်ရည်မှန်းချက် အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းသည် အကျင့်ပေါ်တွင်မူတည်သည်။ ငါလိုချင်လိုက်တာ ဆိုသော ရည်မှန်းချက်တွေ ပြင်းထန်နေသော အချိန်သည် အမြဲတမ်းမရှိပါ။ တစ်ခါတစ်လေကျရင် ပြင်းထန်နေသော ခံစားချက်တွေမရှိပါ။ သို့ သော်ရည်မှန်းချက်ကိုရောက်အောင် သယ်ဆောင်ပေးမည့်အရာသည် အကျင့်ဖြစ်သည်။ ရည်မှန်းချက်ကို ရောက်အောင်ပို့ ပေးသော အကျင့်ကို ပြုစုပျိုးထောင်ပါ။ အကျင့်ကို ကိုယ်ကိုကိုယ်တိုင် တောင် ငြင်းဆန်လို့ မရပါ။
ကိုယ့်ဘ၀တွင် ရှိသော မကောင်းသောအကျင့်တွေရှိလားလို့ စဉ်းစားပါ။ ချရေးပါ။ ငါဒီနေ့ ပြောင်းလဲဖို့ ဘာလုပ်နိုင်လဲဆိုတာကို စဉ်းစားပါ။ ဒီနေ့ ကစလုပ်ပါ။ ကိုယ့်ဘ၀တွင် ကိုယ်အပြည့်အ၀ထိန်းချုပ်နိုင်သော အချိန်သည် အခု ဖြစ်သည်။ နောက်နေ့ မှ ဆိုသော အချိန်ဆွဲခြင်းနောက်ကို လိုက်စရာမလိုပါ။ အခုလုပ်ရမည်။ ဒီနေ့ သည် အင်မတန်အရေးကြီးသည်။ ဒီနေ့ တွင် ဖြစ်နေသောအရာများ ၊ ကိုယ်ရောက်နေသောအဆင့်သည် မနေ့ က ၊ အရင်တစ်ပတ်က ၊ အရင်တစ်လ ၊ အရင်နှစ်လက ၊ အရင်တစ်နှစ် တုန်းကတွင် ရွေးချယ်ခဲ့သော ရွေးချယ်မှုများ ၊ စဉ်းစားခဲ့သောအတွေးများ ၊ သတိရှိရှိ နှင့် သတိတောင်မပါခဲ့ဘဲ ပြုစုပျိုးထောင်ခဲ့သော အကျင့်များ ၊ အတွေးအကျင့်များ ၊ ရည်မှန်းချက်များ ၊ ဖတ်ခဲ့သောစာအုပ်များ ၊ တွေ့ ခဲ့သော ဆရာများပေါ်တွင်လည်း မူတည်သည်။ နောက်နေ့ ၊ နောက်တစ်ပတ် ၊ နောက်တစ်လ ၊ နောက်တစ်နှစ်သည်လည်း အခုလုပ်နေသောအရာများတွင် မူတည်သည်။ ကိုယ်ဘယ်ကို သွားချင်လဲ။ ကိုယ်ဘာဖြစ်ချင်လဲ။ ကိုယ်အခုဘာလုပ်ရမလဲ။ ကိုယ်အခုချိန်တွင် ဘာလုပ်နိုင်လဲ။ ကြီးကြီးကျယ်လုပ်မယ်ဆိုပြီး စဉ်းစားနေတဲ့သူတစ်ယောက်သည် အခုဘာလုပ်နိုင်တယ်ဆိုတာကို အခုစမလုပ်ရင် နောင်တွင်လည်း ထိုကြီးကြီးကျယ်ကျယ်ဆိုသောအရာများကို လုပ်နိုင်မည်မပာုတ်။
တိုးတက်စေသည့် မိန့် ခွန်းများကိုနားထောင်ခြင်း
ကျွန်တော် ရထားစီးတဲ့အခါ ကျွန်တော်လေးစားသော သူများပြောသောအရာတွေကို ဗီဒီယိုရိုက်ကူးထားသော ဗီဒီယိုများကို Youtube ကနေ ဒေါင်းလုပ်ဆွဲပြီး နားထောင်ပါသည်။ ရထားစီးနေတုန်း ကျွန်တော့်ကို တိုးတက်စေနိုင်သည့် အရာများကိုနားထောင်ချင်ပါသည်။ သူတို့ ပြောသည့်အရာများကို ထပ်ခါ ထပ်ခါ နားထောင်ပါသည်။ Elon Musk, Steve Job စသည့်သူတို့ ပြောသော အရာများကို နားထောင်ပါသည်။
ကျွန်တော်က ကိုယ်ပိုင်စီးပွားရေးကို စိတ်ဝင်စားသောကြောင့် သူတို့ ပြောသော အရာများကို နားထောင်ပါသည်။
စီးပွားရေးမှ မပာုတ်ပါ။ ကိုယ့်ရည်မှန်းချက်နှင့်သက်ဆိုင်သော အရာမှန်သမျှကို နားထောင်နိုင်ပါသည်။
တစ်ခါတစ်လေ ကိုယ်ပိုင်စီးပွားရေးကို ကိုယ်တိုင်စလုပ်တဲ့အခါ သူတို့ ပြောတာတွေကို နားထောင်ပြီးစပါသည်။ လုပ်ရင်းလည်း သူတို့ ပြောတာတွေ နားထောင်ပါသည်။ Tony Robbin သည် state of mind ( စိတ်ဧ။်အခြေအနေ ) အကြောင်းပြောဖူးပါသည်။ ကိုယ်က စာဖတ်ချင်ရင် စာအုပ်များက ၀ိုင်းရံထားသော စာဖတ်ခန်းလေးထဲသို့ ရောက်သွားသောအခါ စာဖတ်ချင်စိတ်တွေ တအားပေါက်လာပါသည်။ အာရုံတွေလည်း တအားစိုက်လာပါသည်။ ကိုယ့်ကိုတောင် အံသြစေသော အတွေးအသစ်တွေ ပေါ်လာပါသည်။ ဒါစိတ်အခြေအနေဖြစ်ပါသည်။ ဆူညံနေသော စားသောက်ဆိုင်တွင် စာဖတ်ဖို့ ကြိုးစားကြည့်ပါ။ စိတ်အခြေအနေသည် နောက်တစ်မျိုးဖြစ်နေပါသည်။ စိတ်ဧ။် ခံစားချက် ၊ စိတ်အခြေအနေကို ပြောင်းလဲပစ်ဖို့ လိုအပ်ပါသည်။ ကိုယ်လုပ်ချင်သော နယ်ပယ်တွင် နာမည်ကြီးသော လူများအကြောင်းကို အရင်စဉ်းစားပြီး လုပ်နေရင်လည်း အလုပ်လုပ်သောအခါ စိတ်သည် အဆင့်မြင့်သွားသည်။ ကြီးမားသော ရည်မှန်းချက်ကို အောင်မြင်ချင်ရင် ကိုယ်ကိုကိုယ်တိုင် ကြီးမားသောလူတစ်ယောက်ဖြစ်လာရမည်။ ကြီးမားသော ရည်မှန်းချက်ကို သေးငယ်သောလူတစ်ယောက်အနေနှင့် မအောင်မြင်နိုင်ပါ။ ကိုယ့်ကိုကိုယ် ပြောင်းလဲပစ်ရမည်။ အာရုံစူးစိုက်ခြင်းသည် အင်မတန်အရေးကြီးသည်။ အရှိန်လည်းလိုအပ်ပါသည်။ ကိုယ့်ကို စိတ်ဓာတ်အဆင့် မြင့်စေသော အရာများကို အလုပ်မလုပ်ခင် နားထောင်ပါ။ ကိုယ် အောင်မြင်ချင်သော နယ်ပယ်တွင် အောင်မြင်ပြီးသားလူများဧ။် ပုံကိုကြည့်ပါ။ ပြီးတာနှင့် အလုပ်စလုပ်ပါ။ လုပ်နေရင်လည်း သူတို့ ပြောတာတွေ နားထောင်ပါ။ သူတို့ ပုံတွေကြည့်ပါ။ စိတ်သည် တစ်မျိုးဖြစ်လာသည်။ နေ့ တိုင်းလုပ်ပါ။
ကိုယ်အလုပ်လုပ်သောနေရာသည် ကိုယ့်ကို အလုပ်လုပ်စေချင်စေသော နေရာဖြစ်ရမည်။ အလုပ်လုပ်နေရင် အလုပ်အကြောင်းပဲစဉ်းစားပါ။ ကိုယ်လေးစားရသော လူများဧ။်ပုံများကို အလုပ်ပတ်ဝန်းကျင်တွင်ထားပါ။ အလုပ်ကိုပဲအာရုံစိုက်ပါ။ ကိုယ့်ဧ။် စိတ်ကော ၊ ခန္ဓာကိုယ်ကိုပါ အလုပ်ထဲတွင်အာရုံစိုက်ပါ။ ကိုယ့်ကိုကိုယ် ရှေ့ ကိုတွန်းပို့ ရမည်။ အောင်မြင်မှုဆိုတာ တန်ဖိုးပေးဆပ်ရသည်။ တစ်ခါတစ်လေ ကိုယ်ကမလုပ်ချင်ပါ။ လုပ်ချင်ချင် ၊ မလုပ်လုပ်ချင် အောင်မြင်မှုဆိုတာ အလုပ်လုပ်မှရတာ။ အလုပ်လုပ်ချင်သည့်ခံစားချက်ကို စောင့်မနေပါနှင့်။ တစ်ခါထဲလုပ်လိုက်ပါ။ အကျင့်အနေနှင့်ရအောင် လုပ်ပါ။ ကိုယ်ဖြစ်ချင်သောအရာသည် စဉ်းစားရုံနှင့်ဖြစ်မလာပါ။ အလုပ်လုပ်မှ ဖြစ်လာသည်။ တစ်ခါတစ်လေ ခေါင်းထဲကနေ ထွက်လိုက်ပါ။ ကိုယ့်ကိုကိုယ် အပေါ်ကနေ ၊ ဘေးကနေ ကြည့်သလိုကြည့်ပါ။ လူတစ်ယောက်ကနေ ကိုယ့်ကို ကြည့်နေသလို ပြန်ကြည့်ပါ။
Stephen Covey သည် self-awareness ( ကိုယ့်ကိုကိုယ် သတိထားမိခြင်း ၊ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားနိုင်ခြင်း ) လုပ်နိုင်သည့် စွမ်းရည်ရှိကြောင်းပြောခဲ့သည်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ်တိုးတက်ဖို့ အတွက် ကိုယ့်အမှားများကို သိဖို့ ကိုယ့်ခန္ဓာကိုယ်ထဲကနေ ခွဲထွက်ပြီး မျက်နှာကျက်ကနေ ကိုယ့်ကိုကိုယ် ပြန်ကြည့်နေသလို စိတ်ကူးယဉ်လိုက်ပါ။ လုံခြုံရေးကင်မရာများသည် မျက်နှာကျက်ထောင့်များတွင် ထားသလို ထိုထောင့်ကနေ ကိုယ့်ကိုကိုယ်ပြန်ကြည့်ပါ။ ကိုယ်လုပ်နေသော အရာများကိုစဉ်းစားပါ။ ကိုယ့်ရည်မှန်းချက်ကို အောင်မြင်အောင်လုပ်စေသော အရာများကိုကိုယ်လုပ်နေလား။ ဒီမေးခွန်းကိုမေးပါ။
စဉ်းစားပြီးလို့ မလုပ်နေတာမြင်ရင် ငါဒါတွေမလုပ်သင့်ဘူးဆိုပြီး မလုပ်ဖို့ စဉ်းစားပါ။ ဥပမာ- ကိုယ်က စာမေးပွဲရှိလို့ စာကြည့်နေတယ်။ စာကတော့ ကြည့်နေတယ်။ ဒါပေမဲ့ စာလုပ်နေရင်း facebook ကို သုံးနေတယ်။ မလိုအပ်တဲ့ အတွေးတွေက ကိုယ့်ခေါင်းထဲကို ၀င်လာတယ်။ အာရုံပျက်စေတယ်။ အတွေးတွေက ကိုယ့်ရည်မှန်းချက်နဲ့ ဆိုင်တဲ့ အတွေးတွေကို တွေးနေရာတွင် ၀င်လာဖျက်နေသည်။ ဒါဆိုရင် အကောင့်ကိုပါ ဖျက်လိုက်ပါ။ ကိုယ့်ရည်မှန်းချက်နှင့်မဆိုင်သော အရာများကို ခေါင်းထဲတွင်မစဉ်းစားပါနှင့်။ သူတို့ ကို နေရာပေးစရာလုံးဝမလိုပါ။ အလုပ်လုပ်သည့်အချိန်ကို သတ်မှတ်ပါ။ နေ့ လည် ၁၂ နာရီကနေ ၂နာရီ ၃၀ မိနစ်အထိ အလုပ်အကြောင်းပဲစဉ်းစားမယ်။ ကျန်တာဘာမှ မစဉ်းစားဘူးဆိုပြီး အလုပ်လုပ်ပါ။ အာရုံစူးစိုက်ခြင်းသည် အလုပ်ကိုအချိန်တိုအတွင်းပြီးစေနိုင်ပါသည်။
ပြန်လည်စဉ်းစားခြင်း
ကိုယ်လုပ်ခဲ့တာမှန်သမျှကို ပြန်စဉ်းစားပါ။ ပြီးရင် မေးခွန်းများမေးပါ။ ငါဒီထက်ပိုကောင်းအောင်လုပ်နိုင်လား။
ငါဘာတွေပြင်ဆင်ဖို့ လိုလဲ။ ငါဘာတွေပြောင်းလဲဖို့ လဲ။ ငါဘက်က ဘာတွေကြိုတင်ပြင်ဆင်ထားရမလဲ။ ငါစိတ်ထားကို ဘယ်လိုထားရမလဲ။ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ ဘယ်လိုပြင်ဆင်ရမလဲ။ အခွင့်အရေးကို အသုံးချနိုင်အောင် ငါ့ကိုယ်ငါဘာပြောရမလဲ။
ကိုယ့်ထက်သိသည့်သူများကနေ လေ့လာခြင်း
ကိုယ်သင်ချင်သည့်အကြောင်းအရာနှင့်ပတ်သတ်ပြီး ကျွမ်းကျင်သည့်သူများကို ဆရာအဖြစ်ချဉ်းကပ်ပါ။
ပိုက်ဆံပေးရရင်လည်း ပေးသင့်ပါသည်။ နားမလည်သမျှ မသိသမျှကို မေးပါ။
တစ်ခါတစ်လေကျရင် ကိုယ်စိတ်ဝင်စားသော နယ်ပယ် ၊ ကိုယ်အောင်မြင်မှုတွေရချင်သော နယ်ပယ်တွင် ကျွမ်းကျင်သူပာုထင်ရသော သူများနှင့် တစ်ယောက်ချင်း တွေ့ ဖို့ သူတို့ ကို သွား ဆက်သွယ်ပါ။ တစ်ယောက်ချင်းတွေ့ ပြီး သူ့ ကို ကိုယ့်ကိုသင်ခိုင်းပါ။ ပိုက်ဆံပေးရမယ်ဆိုလည်း ပေးနိုင်ရင် ပေးသင့်ပါသည်။ မပေးနိုင်ရင်တော့မလုပ်ပါနှင့်။ ပေးနိုင်သည့်အခါ လုပ်သင့်ပါသည်။ သင်တန်းတွေ ဘာတွေနှင့် ဒီလိုနည်းလမ်းမတူတာ တစ်ခုရှိပါသည်။ တစ်ယောက်ချင်းသင်သည့်အခါ ကိုယ်နားမလည်တာမှန်သမျှကို ပိုမေးနိုင်ပါသည်။
အတွေ့ အကြုံတွေတွင် ငါဘာသင်ခန်းစာရခဲ့လဲဆိုတာ မေးခြင်း
အတွေ့ အကြုံသည် အကောင်းဆုံးသောဆရာဖြစ်သည်ပာု ပြောသည်။ သို့ သော် John C. Maxwell က Evaluated experience ( အကဲဖြတ်ပြီး သင်ခန်းစာကောက်နှုတ်ချက်ချပြီးသော အတွေ့ အကြုံ ) သည်ပိုကောင်းသည် လို့ ပြောခဲ့ပါသည်။ အတွေ့ အကြုံကို ပြန်ပြီးအကဲခတ်ရပါမည်။ ငါဘာသင်ခန်းစာတွေသင်ခဲ့ပြီးပြီလဲ။ ငါပြန်မလုပ်သင့်ဘူး စတဲ့ သင်ခန်းစာတွေ ရတဲ့အထိ စဉ်းစားသိပါသည်။

သူများထင်တာလုံးဝဂရုမစိုက်ပါနှင့်
လူတစ်ယောက်ကနေ ကိုယ့်ကိုမြင်ပုံပြောခြင်းသည် ကိုယ့်ဧ။် လက်တွေ့ ဖြစ်လာစရာမလိုပါ။
လူတစ်ယောက်ကနေ ကိုယ့်ကို မင်းဒါမလုပ်နိုင်ပါဘူးကွာ။ မင်းမှာ ဒါမရှိဘူး ပိာုပာာမရှိဘူး။ မင်းက ရုပ်လည်းမချောဘူး လို့ ပြောပါလိမ့်မည်။ သူပြောသော အရာသည် ကိုယ့်လက်တွေ့ ဖြစ်လာစရာမလိုပါ။ အငြင်းမပွားချင်ရင် ပြောနေတုန်း ပာန်ပြနားထောင်လိုက်ပါ။ ပြီးရင် လုံးဝကို ခေါင်းထဲက ထုတ်ပစ်ပါ။ ကိုယ့်ရည်မှန်းချက်ကို သူများကနေ မင်းဒါမဖြစ်နိုင်ပါဘူးကွာ လို့ လာတားဆီးခွင့်မရှိပါ။ ကိုယ့်ရည်မှန်းချက်သည် ကိုယ့်ပိုင်သောအရာဖြစ်သည်။ ကိုယ်သာလျင် ရွေးချယ်နိုင်သည်။ အရာမှန်သမျှကို ကိုယ်ကထိန်းချုပ်သည်။ ကိုယ့်ရည်မှန်းချက် အောင်မြင်ခြင်း ၊ မအောင်မြင်ခြင်းသည် ကိုယ့်တွင်ပေါ်သာ မူတည်သည်။ ကိုယ့်ရည်မှန်ချက်ကို ကိုယ်ကာကွယ်ပါ။ ကိုယ့်ရည်မှန်းချက်ကို ကိုယ့်ပာာကိုယ် ဖြစ်အောင်လုပ်ပါ။
Action plan ( အလုပ်လုပ်ဖို့ အတွက် ဘာလုပ်ရမလဲဆိုတာ အစီအစဉ်ဆွဲခြင်း )
ကိုယ့်ရည်မှန်းချက်ကို အောင်မြင်ရန်အတွက် ငါဘာလုပ်ရမလဲဆိုတာတွေကို ချရေးပါ။ Wishful thinking ( ဖြစ်ရင်ကောင်းမှာပဲ ဆိုသည့်အတွေး ) နှင့် သေချာ အစီအစဉ်ဆွဲပြီး လေ့လာထားပြီး ငါလုပ်မယ်ဆိုသော ရည်မှန်းချက်တို့ နှစ်ခုသည် မတူပါ။ ဒုတိယတစ်ခုတွင် ဘာလုပ်ရမလဲဆိုတာ တိတိကျကျ သိနေလို့ ဖြစ်ပါသည်။ အတွေးတစ်ခုထဲက ရည်မှန်းချက်ကိုမအောင်မြင်စေနိုင်ပါ။ ဘ၀သည် အလုပ်လုပ်ခြင်းတွင်ပဲ တည်ရှိသည်။
ဥပမာ- ငါဒီကောင်မလေးကို ကြိုက်တယ် သူ ငါ့ရည်းစားဖြစ်ရင်ကောင်းမှာပဲ ဆိုပြီးတွေးတိုင် ထိုကောင်မလေးသည် ကိုယ့်ရည်းစားဖြစ်လာမှာမပာုတ်ပါ။
အရင်သူ့ ကို စကားသွားပြောရမယ်။ ဖုန်းနံပါတ်တောင်းရမယ်။ သူမ ကိုယ့်ကို ကြိုက်လာအောင်လုပ်ရမယ်။ သူရှိတဲ့နေရာတွေ သွားပြီး သူ့ ကိုစောင့်ရမယ်။ အ၀တ်အစားကောင်းတွေ ၀တ်ရမယ်။ သူကြိုက်တာတွေ ၀ယ်ပေးရမယ်။ သူ့ ကို နေ့ လည်စာ ၊ ညစာ ၀ယ်ကျွေးရမယ်။ မိန်းကလေးတွေကြိုက်တဲ့ လက်ကိုင်အိတ် ၊ ဒေါက်ဖိနပ် စတာတွေဝယ်ပေးရမယ်။ သူ ကငြင်းရင်တောင် အရှုံးမပေးပဲ ဆက်ပြီးတော့ သူ့ ကို ကြိုးစားနေရမယ်။ အလုပ်တွေက အများကြီးပါ။ လုပ်မှ ဖြစ်တာ။ တွေးရုံ နဲ့ ဖြစ်မလာဘူး။ ရည်မှန်းချက် အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် အလုပ်လုပ်ခြင်းတွင်သာ မူတည်ပါသည်။ လူတိုင်းတွေးနိုင်သည်။ သို့ သော် လူတိုင်း ရည်မှန်းချက်အောင်မြင်သည်အထိ အကြာကြီးအလုပ်မလုပ်နိုင်ပါ။ အလုပ်လုပ်ရင်တောင် ခဏလေးကြိုးစားပြီး အခက်အခဲတစ်ခုနှစ်ခုတွေ့ တာနှင့် နောက်ဆုတ်သွားပါသည်။
ကျော်ထွန်း